မိုးမခအထောက်တော် ၀၀၂
ဒီဇင်ဘာ ၃၀၊ ၂၀၁၀

“ကျနော်တို့ဆီမှာ မြန်မာ့အရေးစိတ်ဝင်စားသူတွေ၊ လှုပ်ရှားသူမိဘတွေ၊ မိသားစုတွေဆီက ပေါက်ဖွားလာတဲ့ လူငယ်မျိုးဆက်သစ်တွေက မြန်မာပြည်အတွက် စိတ်ဝင်စားမှုတွေ၊ တက်ကြွမှုတွေကို လက်ဆင့်ကမ်း သယ်ဆောင်နေကြတယ်။ သူတို့ရဲ့ သစ်ဆန်းတဲ့ အမြင်တွေ၊ အတွေးအမြင်တွေနဲ့ အခုလိုမျိုး မြန်မာပြည်ရဲ့ လူမှုရေးလိုအပ်ချက်တွေကို ကိုယ်ထူကိုယ်ထ စေတနာဝန်ထမ်း ဆောင်ရွက်လိုတယ်။ ဒါကို ကျနော်တို့ မျိုးဆက်ဟောင်းတွေက အားပေး ကူညီရမယ်။ လက်တွဲ ဆောင်ရွက်ပေးရမယ်။ သည်လို မြင်ပါတယ်။”
ဟု ပြည်သူ့ဂုဏ်ရည် ပို့လင်းမြို့နယ်က လုပ်အားပေးတာဝန်ခံတဦးဖြစ်သူ ကိုထွန်းထွန်းက မိုးမခကို ပြောပြသည်။
ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ လုပ်အားပေးများသည် ၎င်းတို့နေထိုင်ရာမြို့နယ်များ၏ ဒေသခံ လူမှုရေး၊ ဘာသာရေးလုပ်ငန်းများကို ၀ိုင်းဝန်းကူညီ လုပ်အားပေးခြင်း၊ မြန်မာပြည်၏ အရေးပေါ်လူမှုရေးလိုအပ်ချက်များအတွက် ရန်ပုံငွေအလှူပွဲများတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ယခု နှစ် ၂၀၁၀ အတွင်း အသီးသီး ဆောင်ရွက်ခဲ့ကြသည်။
0 comments:
Post a Comment