Showing posts with label သိုမှီးရာ. Show all posts
Showing posts with label သိုမှီးရာ. Show all posts

လူကြီးလူငယ်

0 comments
လူကြီးလူငယ်
Category: ဆောင်းပါး
Published on Friday, 16 November 2012 11:49
Written by ဦးသန့်
လူကြီးနှင့်လူငယ်တို့သည် သဘောထားချင်းမတူ၊ စိတ်ကူးချင်းမတူ၊ ရည်ရွယ်ချက်ချင်းမတူကြချေ။ မည်သည့် တိုင်းပြည် မည်သည့်ခေတ်တွင်မဆို လူကြီးနှင့် လူငယ်တို့သည် မက္ခဖြစ်ကြ၏။ သို့ရာတွင် အနောက်နိုင်ငံများတွင် အရှေ့နိုင်ငံများထက် လူကြီးလူငယ် စစ်ပွဲသည်သာလွန်ထင်ရှားလျက် ရှိကြ ၏။ ရှင်ဂေါတမမြတ်စွာဘုရား။ မဟာမက်သခင်၊ ကရစ်ရှနား၊ ကွန်းဖြူးစိရပ် စသည်တို့သည် ဗုဒ္ဓဘာ သာဝင်၊ မဟာမေဒင်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ကွန်းဖြူးစိရပ်ဘာသာဝင်တို့အား (ဂါရဝေါစ၊ နိဝါတောစ) တရားတော်ကို ဟောကြားခဲ့သဖြင့် လူငယ်သည် လူကြီးအား ကိုင်းရှိုင်းရိုသေသော အလေ့ရှိခဲ့၏။
အနောက်နိုင်ငံများ၌မူကား အရှေ့နိုင်ငံများထက် ထိုတရားသည် ခေါင်းပါးလျက်ရှိခဲ့၏။ သို့ရာတွင် ခေတ်သည် အလွန်ဆန်းကြယ်သော အလုပ်များကို လုပ်လျက်ရှိသည်။ ထုံးစံတို့ကို စွန့်ခြင်း၊ ဘာသာ ရေးတို့၌ ပေါ့လျော့ခြင်း၊ ဂါရဝတရားပျက်ခြင်း စသည်တို့ချင်းနင်း ဝင်ရောက်လာကြကုန်၏။ ခေတ်ကို လိုက်သဖြင့် ကောင်းသည်လည်းရှိ၏။ ဆိုးသည်လည်း ရှိ၏။ မကောင်းသော ဓလေ့ထုံးစံတို့ပျောက် ပျက်ခြင်းသည် ကောင်း၏။ ဘာသာရေး၌ ပေါ့လျော့ခြင်းသည် ကောင်းသည်ဟု ဆိုနိုင်ပါမည်လော။
ခေတ်အတွက် ဂါရဝတရား ပျက်ပြားလာခြင်းကို ဆိုပေဦးအံ့။ ကျောင်းသားနှင့် ဆရာဆိုပါစို့။ ရှေးအခါက ကျောင်းသားများသည် ဆရာများကို ချစ်ကြောက် ရိုသေကြကုန်၏။ ယခုခေတ်ကြီးက ကျောင်းသားများအား ဆရာများကို မကြောက်ကြနှင့်ဟု ဆို၏။ အနောက်နိုင်ငံ ပညာရေးဆရာကြီး တို့သည် ကျောင်းများတွင် ကြောက်စိတ်ကို အလျှင်းမမွေးမြူကြရန် တိုက်တွန်း၏။ ကျွန်ုတို့၏ ဘုန်းကြီး ကျောင်းသားသည် ဆရာဘုန်းတော်ကြီးအား မည်မျှ ကြောက်ရသည်၊ ရှေးက တပည့်တပန်းတို့သည် မိမိတို့၏ ဆရာသမားတို့အား မည်မျှကြောက်ကြရသည်ဆိုသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ကြောက်ခြင်းသည် ရိုသေခြင်းနှင့် များသောအားဖြင့် ဒွန်တွဲလျက်ရှိသည်။ သို့ရာတွင် အကျင့်သီလ ကောင်းသော ပုဂ္ဂိုလ်တို့အား သူတစ်ပါးက မကြောက်သော်လည်း ရိုသေကိုင်းရှိုင်းကြ၏။
မိုးညှင်းဆရာတော်ဘုရားကြီးအား လူပုဂ္ဂိုလ်တို့သည် မကြောက်သော်လည်း ရိုသေကြကုန်၏။ လူသာမန် အချင်းချင်းမူကား အများအားဖြင့် ကြောက်မှသာလျှင် ရိုသေကြကုန်၏။ ထို့ကြောင့် မဟုတ် လော။
ကျောင်းသားတစ်ယောက်သည် ဆရာအားမကြောက်လျှင် ရိုသေခြင်း ပေါ့လျော့ပေမည်။ ထို့သို့ဖြစ်လျှင် မြတ်စွာဘုရား ဟောကြားတော်မူသော အာစရိယ ဂုဏော အနန္တော ပျက်ပြားလျက်ရှိ ပေသည်။ ထိုသို့ တပည့်သည် ဆရာအား ကြောက်ခြင်း ရိုသေခြင်းကင်းလျှင် အရှေ့နိုင်ငံ၏ ယဉ်ကျေး ခြင်း အချက်တစ်ချက်သည် ပျက်ပြားမည်လောဟု စိုးရိမ်ဖွယ်ရှိသည်။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးခြင်း အမူအရာတစ်ရပ်သည် စကားပြောဆိုခြင်း၌ လွန်စွာသိမ်မွေ့ခြင်းဖြစ်သည်။ မြန်မာလူမျိုးကဲ့သို့ ယဉ်ကျေးသိမ်မွေ့စွာ စကားပြောသော လူမျိုးသည် ကမ္ဘာပေါ်၌ ရှိမည်မထင်ပေ။ အသက်ကြီးခြင်း၊ ဂုဏ်ကြီးခြင်းကိုလိုက်၍ ဦး၊ ဦးလေး၊ အဒေါ်၊ အစ်မ၊ အစ်ကို စသည်တို့ကို တပ်၍ခေါ်လေ့ ပြောလေ့ ရှိကြသည်။ ခင်ဗျာ၊ ကျွန်တော်၊ ရှင်၊ ကျွန်မ စသည်တို့သည်များစွာ ယဉ်ကျေးသိမ်မွေ့ခြင်းကို ပြ၏။ အင်္ဂလိပ်ဘာသာ၌ ယူနှင့် အိုင်မှလွဲ၍ သုံးစရာစကားမရှိခဲ့။ ထိုသို့ ယဉ်ကျေးခြင်းသည် ခေတ်၏ တိုက်ဖျက် ပြုပြင်ခြင်းကို အလိုမလိုက်သင့်ပေ။ ခေတ်မီရမည်ဟုဆိုသော်လည်း မူလယဉ်ကျေးခြင်း၏ ကောင်းသော အချက်ကို မပျောက်ပျက်စကောင်းပေ။
များမကြာမီက ကျောင်းကြီးတစ်ကျောင်းတွင် ကျောင်းသားကြီး အချို့တို့သည် စုပေါင်း၍ လက်မှတ် ထိုးပြီးလျှင် ကျင်းပမည့်ဆဲဆဲဖြစ်သော အစမ်းစာမေးပွဲများ မပြုလုပ်ရန် ဆရာကြီးအား လျှောက်ထား ကြလေ၏။ ၎င်းတို့၏အကြောင်းပြချက်မှာ အစမ်းစာမေးပွဲပြုလုပ်မည်ဟု အကြောင်းကြားခြင်းသည် နီးကပ်လွန်းခြင်း၊ စာကြည့်ချိန်မရခြင်း၊ ကျောင်းသားကြီးနှစ်ယောက်ဖျားနေ၍ မဖြေနိုင်ခြင်း၊ တစ်နှစ် လျှင် အစမ်းစာမေးပွဲ တစ်ကြိမ်လောက်လုပ်လျှင် တော်လောက်ခြင်း စသည်တို့ဖြစ်၏။ လွန်ခဲ့သည့် ဆယ်နှစ်လောက်အခါကမူ မည်သည့် ကျောင်းသားတို့သည် ထိုကဲ့သို့ရေးရန် ဝံ့မည်နည်း။
ဆရာကြီးလုပ်သူသည် မိမိကောင်းသည်ထင်၍လုပ်သော အရာတစ်ခုခုကို မည်သူက မည်ကဲ့သို့ပင် ပြောပြော လျှော့ပေးသော လူမဟုတ်သောကြောင့် ကျောင်းသားများ တောင်းဆိုချက်ကို မပေးနိုင်ဟု ခပ်တင်းတင်း ပယ်ချလိုက်၏။ စုံစမ်းကြည့်သောအခါ အတန်းထဲတွင် အလွန်ညံ့ဖျင်းသော ကျောင်း သားနှစ်ယောက် သုံးယောက်၏ တိုက်တွန်းချက်ဖြင့် ကျောင်းသားအများကပင် လက်မှတ်ထိုးရ ကြောင်း သိရလေသည်။
မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်လူကြီးနှင့် လူငယ်တို့၏ ဆက်ဆံရေးသည် အနောက်နိုင်ငံ၏ အတုကို တဖြည်းဖြည်း ယူလျက်ရှိကြသည်။ ထိုသို့ ပြောင်းလဲကြသဖြင့် ကျွန်ုတို့၏ ဘာသာတရား တော်ကြီးသည် ယိမ်းယိုင်လျက်ရှိပြီလော။ လူကြီးသည် နှေးကန်၏။ ချင့်ချိန်၏။ လူငယ်သည် စိတ်မြန် ၏။ ဇွတ်လုပ်ချင်၏။ စွန့်စားလို၏။ ဤကား နိယာမပင်တည်း။ ၂ ဦးစလုံး၌ အကောင်းအဆိုး ဒွန်တွဲ လျက်ရှိရာ မဇ္ဈိမပဋိပဋာလမ်းသည် အကောင်းဆုံးမဟုတ်တုံလော။
[လောကအလင်းတိုက်ထုတ် (၂ဝဝ၉-ဒီဇင်ဘာ)၊ ဦးသန့်၏ လက်ရွေးစင်စာများမှ]


မှတ်ချက်။ ဒေါက်တာလွဏ်းဆွေဝက်ဆိုက်မှကူးယူဖေါ်ပြပါသည်။

2012 Edmonton Heritage Festival and Heritage Project

0 comments
Dear all members of BCSA and friends of BCSA,

I would like to share the following information regarding Edmonton Heritage Festival with you all.

In addition, you can read the news about Heritage Project in today Edmonton Journal OR you can visit the link: www.edmontonjournal.com/heritage , and  watch the video showing 72 new immigrants talking about the country they left and why they chose Edmonton. Pho Kwa (Saw Min Soe ) is one of them.

Have a nice and enjoyable long weekend.
Sincerely,
U Than Aung
President
Burmese Cultural Society of Alberta (B C S A)
Edmonton,AB
Canada
Tel:780 439 7555
Email:bcsapresident2009@gmail.com
http://www.bcsa2009.blogspot.ca/
မှတ်ချက်။
အက်ဒမင်တန်ဂျာနယ်မှဦးစီးထုတ်လုပ်တဲ့ Heritage Project တွင်ဖိုးခွား(စောမင်းစိုး)ပါဝင်ပြီးသူဘာ့ကြောင့်အက်ဒမင်တန်ကို
လာရောက်ဘို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကိုVideo မှာပြောပြထားတာကို
www.edmontonjournal.com/heritage ကြည့်ရှုနိုင်ပါတယ်။

Suu 67 – အမေ့စကား အမေ့တရား

0 comments
Suu 67 – အမေ့စကား အမေ့တရား
ဒေါ်အောင်ဆန်းစုကြည်၊ မေ ၂၂၊ အင်းစိန် ပါတီရုံးခွဲဖွင့်ပွဲ မိန့်ခွန်း
ဇွန် ၁၀၊ ၂၀၁၂

            ကျွန်မတို့ အင်းစိန်မြို့နယ် ရုံးဖွင့်ပွဲကို လာရောက်အားပေးတဲ့ သူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ဒီလိုအဖွဲ့ချုပ်ရဲ့ ရုံးကို နိုင်ငံတစ်ဝန်းမှာ ဖွင့်နိုင်တာဟာ ကျွန်မတို့အတွက် အင်မတန်မှ အားတက်တယ်။ အားတက်တယ် ဆိုတာက ကျွန်မတို့ ရုံးတွေ ဖွင့်နိုင်လို့ မဟုတ်ပါဘူး။ ကျွန်မတို့ ဘယ်ပဲသွားသွား ပြည်သူတွေကနေပြီးတော့ အင်တိုက်အားတိုက် ကြိုဆိုကြလို့ ဖြစ်ပါတယ်။ ကျွန်မတစ်ခု သတိထားမိတာက အထူးသဖြင့် လူငယ်တွေ အင်မတန် များပါတယ်။ ကလေးတွေလည်း သိပ်ပြီးတော့ များပါတယ်။  ကျွန်မတို့က လူငယ်တွေကို ကြည့်လို့ရှိရင် ဝမ်းသာတယ်ဆိုလို့ရှိရင် လူကြီးတွေကို တန်ဖိုးမထားလို့ မဟုတ်ပါဘူး။ လူကြီးတွေကိုလည်း အင်မတန်မ တန်ဖိုးထားပါတယ်။ လူငယ်တွေရှိမှလည်း ကျွန်မတို့ရဲ့လုပ်ငန်းတွေမှာ ဆက်ပြီးတော့ အနာဂတ်မှာ လုပ်သွားနိုင်မှာပါ။ ဒါကြောင့် ကျွန်မတို့ဟာ ပစ္စုပ္ပန်အတွက်ပဲ စဉ်းစားလို့မရပါဘူး။ အနာဂတ်အတွက်ပါ စဉ်းစားရမယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့  လူငယ်တွေကို အားကိုးတာဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ကျေးဇူးတင်ရုံနဲ့ မရဘူး။ အလုပ်လုပ်ရမယ်။ အားကိုးပါတယ်ဆိုလို့ ကျေးဇူးတင်ပါတယ် ပြောရုံနဲ့ မဖြစ်သေးဘူးလေ အားကိုးလောက်အောင်တော့ အလုပ်လုပ်ရမှာပေါ့။
            ကျွန်မတို့ နိုင်ငံမှာဆိုလို့ရှိရင် ဖွံ့ဖြိုးရေး အထောက်အကူတွေရမယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်မယ်ဆိုပြီးတော့​ အဲဒီလို ပြောနေတဲ့အသံတွေ ကြားရမှာပဲ။ ဒီတော့ ကျွန်မက စဉ်းစားတယ်။ ကျွန်မတို့ ပြည်သူတွေကနေပြီးတော့ အင်တိုက်အားတိုက် ဝင်မပါလို့ရှိရင် အောင်မြင်မှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ့်ကိုယ်ကို အားကိုးစေချင်တယ်ဆိုတာ အဲဒါကိုပြောတာ။ ဘယ်နိုင်ငံကိုပဲကြည့်ကြည့် တကယ်ဖွဲ့ဖြိုးတဲ့ နိုင်ငံတွေကို ကြည့်လို့ရှိရင် ပြည်သူတွေဖွံ့ဖြိုးမှ နိုင်ငံဖွံ့ဖြိုးမယ်ဆိုတာ အဲဒါကျွန်မတို့ မေ့ထားလို့မရဘူး။
သတိပေးချင်
            ဖွံ့ဖြိုးမှုဆိုတာ အစိုးရ လုပ်ပေးလို့ ဖြစ်တဲ့ဟာ မဟုတ်ဘူး။ တကယ်တော့က လုပ်မှ၊ ဝင်ပါမှ ဖြစ်တာဆိုတာကိုတော့ သတိပေးချင်ပါတယ်။ နောက်ပြီးတော့ ဖွံ့ဖြိုးရေးဆိုတာ အချို့က စီးပွားရေးနဲ့ ဆိုင်တယ်လို့လည်း ထင်နေကြတယ်။ အဲဒီဟာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးရေးဆိုတာ စီးပွားရေးတစ်ခုတည်းနဲ့ ဆိုင်တာမဟုတ်ပါဘူး။ ကျွန်မထပ်တလဲလဲ ပြောနေတဲ့ကိစ္စပေါ့နော်။ စီးပွားရေး ဖွဲ့ဖြိုးချင်တယ်။ ဒီနိုင်ငံမှာ တကယ်ကို အားကိုးရမယ့် လုပ်ငန်းများ ကုမ္မဏီများက လာပြီးတော့ ရင်းနှီးမြှပ်နှံစေချင်တယ်ဆိုရင် အဓိကလိုအပ်ချက် တစ်ခုက ဥပဒေစိုးမိုးရေးပဲလို့ ကျွန်မတို့ ခဏခဏပြောတယ်။ ဒါကြောင့်မို့လို့ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံရေးအရ ဖွံ့ဖြိုးဖို့လိုတယ်။ နိုင်ငံရေးအရ ဖွံ့ဖြိုးမှ စီးပွားရေးအရ ဖွံ့ဖြိုးမယ်။ စီးပွားရေးအရ ဖွံ့ဖြိုးမှ နိုင်ငံရေးအရ ဖွံ့ဖြိုးတဲ့ လုပ်ငန်းတွေကို ဆက်ပြီးတော့ ဆောင်ရွက်သွားလို့ ရမယ်။
            နိုင်ငံတစ်နိုင်ငံမှာ ပြည်သူက အင်မတန်မှ ဆင်းရဲမွဲတေနေလို့ရှိရင်  နိုင်ငံရေးစနစ်ကို ခိုင်ခိုင်မာမာ ထူထောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ ဖွံ့ဖြိုးဖို့ဆိုရင် စီးပွားရေးအတွက် အရင်လုပ်ရမယ်။ နိုင်ငံရေးအတွက် လုပ်ရမယ်။ ဖွံ့ဖြိုးရေးအတွက် လုပ်ရတယ်ဆိုတော့ အင်မတန်မှ ပင်ပန်းတယ်။ အင်မတန်မှ ကြိုးစားရမယ်။ အဲဒီတော့ အဲဒီလို ပင်ပင်ပန်းပန်းလုပ်နိုင်တဲ့ လူတွေကတော့ လူငယ်တွေပဲ။ အားရှိတယ်မို့လား လူငယ်တွေက။ အခြေခံအားဖြင့် ကျွန်မတို့ရဲ့ လူငယ်တွေဟာ ကိုယ့်ရဲ့အသက်မွေး ဝမ်းကျောင်းအတွက် ကိုယ်အလုပ်ရှာနိုင်မဲ့ ပညာမျိုးရဖို့ လိုနေတယ်။
ယုံကြည်မှု
            အခြေခံပညာရေးလို့ ဆိုပါတယ်။ အဲဒီလို အခြေခံပညာရေး မရှိဘဲနဲ့ ဘယ်လိုမှ မတိုးတက်နိုင်ဘူး။ လူတိုင်းအတွက် လူငယ်တွေမှာ ကျောင်းပြီးသွားလို့ရှိရင် အလုပ်ရနိုင်မယ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရမယ်။ ဒါမှ ကိုယ့်သိက္ခာကို ကိုယ်ထိန်းနိုင်မယ်။ ကိုယ့်အပေါ်မှာ ကိုယ်ယုံကြည်မှုရှိမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့သူဟာ တခြားသူတွေရဲ့ ယုံကြည်မှုရှိအောင်လည်း နေတတ်မှာ မဟုတ်ဘူး။
အလုပ်လက်မဲ့ ပြဿနာ
            ဒါကြောင့်မို့လို့ လူငယ်များ ပညာရေးဆိုတာဟာ ဘာအတွက်လည်းဆိုတော့ ဘဝမှာရပ်တည်နိုင်ဖို့ အတွက် ဖြစ်ပါတယ်။ ဘဝမှာ ရပ်တည်နိုင်ဖို့ဆိုတာ ဘာလို့လဲဆိုတော့ ဆင်ခြင်သုံးသပ်တဲ့နေရာမှာ မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်ဖို့လိုတယ်။ နောက်ပြီးတော့လည်း ကိုယ့်ရဲ့သိက္ခာကို ထိန်းသိမ်းနိုင်မဲ့ အလုပ်မျိုးလိုတယ်။ ဘယ်လိုပဲပြောပြော ပိုက်ဆံမရှိဘဲနဲ့တော့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ထမင်းစားရမှာကိုး။ အဲဒီတော့ ဘယ်သူကမှ လာကျွေးမှာ မဟုတ်ဘူး။ အလုပ်လက်မဲ့ပြဿနာဟာ ကျွန်မတို့နိုင်ငံရဲ့ အဓိက ပြဿနာဖြစ်တယ်လို့  ကျွန်မ အမြဲပဲ ပြောလေ့ရှိပါတယ်။ အဲဒါ ဟုတ်ရဲ့လား (ဟုတ်ပါတယ်) ။ ကျွန်မတို့ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းဖို့ မလွယ်ပါဘူး။ အခုဆိုလို့ရှိရင် ကျွန်မက မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှူးမှာ ကျွန်မဆင်းပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေ စတာတွေပေါ့နော်။ အဲဒီလို ဥပမာဆိုရင် ရေနဲ့ပတ်သက်လို့ ရေတွင်းတူးတာတို့၊ ရေကန်လှယ်တာတို့ အဲဒါတွေက လွယ်တယ်။ တကယ်လို့ရှိရင် လုပ်ပေးချင်တဲ့ ဆန္ဒရှိရင် ဒီလောက်ခက်တာ မဟုတ်ဘူး။ မီးရဖို့ လုပ်ပေးတာတို့ ကူညီတာတို့၊ လမ်းတွေပြင်ပေးတာတို့ ဒါတွေဟာလည်း ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ ဒါပေမဲ့ အလုပ်ဖန်တီးရေးကတော့ အင်မတန်ခက်တယ်ဆိုတာ ကျွန်မရိုးရိုးသားသား ဝန်ခံပါရစေ။ အလုပ်ဖန်တီးရေးဆိုတာ ဘာလို့လဲဆိုတော့ အလုပ် လုပ်နိုင်တဲ့ အရည်အချင်းတွေလိုတယ်။ နောက်တော့ အရည်အချင်းရှိပြီးတော့ အလုပ်လည်းရှိရမယ်။ ဥပမာဆိုရင် ကျွန်မတို့ ပြောနေကျပေါ့။ ဘွဲ့ရပြီတော့ အလုပ်လက်မဲ့ ဖြစ်နေတယ်ဆိုတာ၊ အလုပ်လက်မဲ့ ဘွဲ့ရဆိုတာ ဘာလဲဆိုတော့ တက္ကသိုလ်မှာ သင်ပေးလိုက်တဲ့ ပညာကလည်း မလုံလောက်ဘူး။ အဲဒီတော့ ဒီကြားထဲမှာ ညပ်ပြီးတော့ လူငယ်တွေဟာ အလုပ်မရ ဖြစ်နေကြတာ။ အဲဒီတော့ အလုပ်လက်မဲ့နဲ့ ဘယ်လောက်ကြာကြာ နေနိုင်မလဲ ၊ နေလို့မရပါဘူး။
ပညာရေးနိမ့်ကျ
            ဒါကြောင့် ကျွန်မတို့ဟာ အဓိက ကြိုးစားရမဲ့ ကိစ္စတစ်ခုက ဒီနိုင်ငံမှာ အလုပ်လက်မဲ့ ကျဆင်းရေးပဲ။ ပပျောက်ရေးလို့ ကျွန်မ မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နိုင်ငံမှာမဆို အလုပ်လက်မဲ့ကတော့ ရှိမှာပဲ။ ဘယ်လောက်များများရှိသလဲဆိုတာ အဓိက မေးခွန်းပဲ။ နောက်ပြီးတော့ အလုပ်လက်မဲ့ ဘာဖြစ်လို့ အလုပ်လက်မဲ့ ဖြစ်နေသလဲဆိုတာလည်း စဉ်းစားရလိမ့်မယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံမှာ အလုပ်လက်မဲ့ ဖြစ်နေရတဲ့ အကြောင်းအရင်းက  စောစောက ကျွန်မပြောခဲ့တဲ့ အတိုင်းပဲ။ ပညာရေးဟာ အင်မတန်မ နိမ့်ကျတဲ့ အခါကျတော့ လူငယ်တွေက ကျောင်းပြီးတယ်။ တက္ကသိုလ်ပြီးတယ်။ ဘာမှလုပ်နိုင်တဲ့ အရည်အချင်းမရှိဘူး။ အဲဒါဟာ လူတွေရဲ့ အပြစ်မဟုတ်ဘူး။ စနစ်တစ်ခုလုံးရဲ့ အပြစ်ဖြစ်လို့ ကျွန်မတို့ ပညာရေးကိုလည်း ပြင်ရမယ်။ တကယ့်ကို အဓိကကျပြီးတော့ အရေးကြီးတဲ့ အလုပ်ဆိုတော့ ကူညီကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
ဗဟုသုတ
            ကူညီနိုင်ဖို့ လက်တွေ့ကျကျ နည်းတစ်ခုက  ဘာလဲဆိုတော့ ကျွန်မတို့ရဲ့ လူငယ်တွေကို ဗဟုသုတ ရှာဖွေစေချင်တယ်။ အိမ်မှာ ဒီလိုပဲ ထိုင်မနေပါနဲ့။ ဘာမှ မလုပ်ပဲ မနေပါနဲ့။ ဗဟုသုတရှာပါ။ အိမ်မှာ မထိုင်ပဲနဲ့ လက်ဖက်ရည်ဆိုင်မှာ သွားထိုင်နေတာကလည်း မကောင်းဘူး။ ပိုဆိုးတာကတော့ အရပ်ဆိုင်ထိုင်တာပေါ့နော်။ ဒီလိုပေါ့ ရုပ်မြင်သံကြား ကြည့်တာတို့ ၊ အခွေကြည့်တာတို့ ဘာတို့ ဒါတွေကိုလည်း ကျွန်မ မကန့်ကွက်ပါဘူး။ အတိုင်းအတာတစ်ခုအထိတော့ လုပ်ပါ။ နောက် ဗဟုသုတ ရှာပါ။ ပညာရှာပါ။ ကျောင်းတွင်းက ပညာပဲ မဟုတ်ပဲနဲ့ ဘဝပေးတဲ့ ပညာတွေကိုရှာပါ။ ကျွန်မကလေ သိပ်ပြီးတော့ အားပေးချင်တာကတော့ စာဖတ်ဖို့ပဲ။ ကျွန်မက လူငယ်တွေကို ဆင့်ကဲဆင့်ကဲ စာဖတ်ပါလို့၊ မိဘတွေကိုလည်း ကျွန်မပြောတယ်။ သား၊ သမီးတွေကို ကလေးအရွယ်ကတည်းက စာဖတ်ဝါသနာပါအောင်လို့ လုပ်ပေးပါလို့။ ကျွန်မတို့ လူငယ်တွေ ဗဟုသုတ တိုးပွာမှု ၊ ဥာဏ်ရည်မြင့်မားမှ ကျွန်မတို့ နိုင်ငံကို ပြန်လည်ဖွံ့ဖြိုးအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။
ကြိုးစားကြ
            ကျွန်မတို့ပဲ ကြိုးစားလို့ မရဘူး။ ကျွန်မ သတိပေးမယ်နော်။ ပြည်သူလူထုဟာ ဘယ်တော့မှ အစိုးရကိုလည်း အားမကိုးနဲ့။ ပုဂ္ဂိုလ်တစ်ယောက်တည်းကိုလဲ အားမကိုးနဲ့။ ကိုယ့်ကိုယ်ကိုသာ အားကိုးကြပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်။ တကယ်တော့ ကျွန်မတို့ (ဥပမာ) မကြာခင်က ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ နိုင်ခဲ့တယ်ဆိုတာ  ဘယ်သူ့ကြောင့် နိုင်ခဲ့တာလည်း။  (ပြည်သူ့ကြောင့်) ပြည်သူရဲ့ မဲတွေသာ မရရင် နိုင်ခဲ့မှာ မဟုတ်ဘူး။ အဲဒီတော့ အဲဒီဟာကို သေသေချာချာမှတ်ထားပါ။ ကိုယ့်မှာ အင်အားရှိတယ်။ ငါတို့ဟာ အားငယ်စရာမလိုဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်နိုင်တယ်။  ဒါပေမဲ့ ကိုယ့်ရှိတဲ့အားကို အဟောသိကံ ဖြစ်သွားအောင် မလုပ်ပါနဲ့။ သဲထဲရေသွန်သလိုမျိုး ဖြစ်သွားအောင်လို မလုပ်ပါနဲ့။ ကိုယ့်မှာရှိတဲ့ အင်အားတွေကို စနစ်တကျနဲ့ သုံးကြပါ။
            ကျွန်မက စာဖတ်စေချင်တယ်ဆိုတာ စာဖတ်စေချင်တာ ရိုးရိုးလေး။ ကမ္ဘာပေါ်မှာ ကမ္ဘာကျော်ကြားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးများအကြောင်း ဖတ်လို့ရှိရင် ဘယ်သူမှ မရုန်းကန်ပဲနဲ့ အောင်မြင်မှု မရဘူးဆိုတာကို သိလာခဲ့ရတယ်။ အဲဒါ ရိုးရိုးအချက်အလက်ပဲ။ ဘယ်သူမှ မရုန်းကန်ပဲနဲ့ မကြိုးစားပဲနဲ့ အောင်မြင်မှု မရဘူး။ တကယ်လို့ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့သူတွေက နောက်ဆုံးကျတော့ အင်မတန်မှ ကြိုးစားခဲ့ရတယ်။ အင်မတန်မကို ဝီရိယရှိလို့၊ ဇွဲကောင်းလို့၊ အင်မတန်မှ အပင်ပန်းခံနိုင်ခဲ့လို့ အောင်မြင်မှုဆိုတာကို တွေ့လာတယ်။ လူတိုင်းလူတိုင်းဟာ ကြိုးစားရင် ကြိုးစားသလောက် ဖြစ်နိုင်တယ်ဆိုတာကို နားလည်လာလိမ့်မယ်။ အဲဒါကို နည်းနည်း စိတ်ထဲမှာ ဒီအတွေးတွေ ဝင်နေပြီဆိုတာကို နားလည်လာလိမ့်မယ်။ အဲဒါကို နည်းနည်းစိတ်ထဲမှာ ဒီအတွေးတွေ ဝင်နေပြီဆိုလို့ရှိရင် သူ့တစ်သက်မှာ ဒီဟာ ကိုယ့်ဘဝအတွက် အထောက်အကူဖြစ်ပါတယ်။ ဥာဏ်ရည်ဆိုတာလည်း ကိုယ့်ခန္ဓာရဲ့ ကျန်းမှာရေးပဲ။  တစ်ချိန်လုံး တောက်လျှောက်စောင့်သွားမှ ကောင်းတာ။ ငယ်ငယ်က ဖြစ်သလိုနေခဲ့တဲ့သူတွေ ကျွန်မတစ်ခါ ကမ္ဘာကျော် စာရေးဆရာကြီးတစ်ယောက် ရေးတာပေါ့။ သူက ဘယ်လိုပြောလဲဆိုတော့ လူတိုင်းလူတိုင်းဟာ အသက်၄၀ လောက်ရောက်တဲ့အခါ သူနဲ့ထိုက်တန်တဲ့ ရုပ်ရည်ပေါ်လာတယ်တဲ့။ အဲဒါ ဘယ်လိုပြောတာလဲဆိုတော့ ငယ်တုန်းက ခံနိုင်ရည်ရှိတယ်။ ငယ်ဂုဏ်နဲ့ မိုက်ကန်းကန်း နေခဲ့ပေမဲ့လည်း ပုံမပေါ်ဘူး။ ဥပမာအားဖြင့် အရက်သောက်တယ်ဆိုတာ တော့ ငယ်တုန်းကတော့ ခံနိုင်တယ်ပေါ့။ ၄၀ လောက်ကျရင် နေ့ချင်းညချင်း အိုစာကျသွားတယ်။
ဥာဏ်ရည်
            ကိုယ့်ကိုယ်ကို ပြုပြင်ချင်တယ်ဆိုရင် ဘယ်အချိန်မဆို နောက်မကျဘူး ဆိုတာကိုတော့ စိတ်ထဲမှာ ထားစေချင်တယ်။ ကိုယ့်နိုင်ငံကို ပြုပြင်ချင်တယ်ဆိုရင်လည်း ဘယ်အချိန်မဆို သိပ်ပြီးတော့ နောက်မကျသေးပါဘူးလို့ စိတ်ထဲမှာ ထားစေချင်တယ်။ အခုကျွန်မတို့ အင်းစိန်လာတဲ့ အခါကျတော့ လူငယ်လေးတွေ များတဲ့အခါကျတော့ ကျွန်မအားတက်လို့ ချီးမွန်းပြီးပြောပေမဲ့လည်း လူလက်ပိုင်း ၊ လူကြီးပိုင်းကိုလည်း ပြောပါရစေ။ ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးဖို့ လုပ်ပေးဖို့သိပ်ပြီးတော့ သိပ်ပြီးတော့ နောက်မကျသေးဘူးလို့ ကိုယ့်ကိုယ်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့ နောက်မကျသေးပါဘူးလို့ ကျွန်မပြောချင်ပါတယ်။ မပြောရင် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းက စိတ်ကောက်နေဦးမယ်။ ဒါတော့ အမှန်ပါပဲ။ ဘယ်တော့မှနောက်မကျသေးဘူး။  ကျွန်မတို့နိုင်ငံမှာ  ဆယ်စုနှစ်နဲ့ ချီပြီးတော့ ကမ္ဘာနောက်မှာ ပြတ်ကျန်ခဲ့လို့ ကျွန်မတို့ အားငယ်စရာမလိုဘူး။ ကျွန်မ အမြဲပဲ ပြောတယ်။ အားလုံးနောက်မှာရှိတဲ့ဟာက တစ်ခုတော့ကောင်းတယ်။ သူများတွေရဲ့ အမှားတွေကနေ သင်ခန်းစာယူမယ်။ ကျွန်မတို့ တခြားလူတွေရဲ့ အဖြစ်အပျက်တွေကိုကြည့်ပြီးတော့ ကျွန်မတို့ပြည့်သူတွေက ဒီလိုစိတ်ဓါတ်နဲ့ ခိုင်ခိုင်မာမာနဲ့ ကိုယ်တစ်ဦးချင်းတစ်ဦးချင်း ဖွံ့ဖြိုးရေးအတွက် ကိုယ့်နိုင်ငံဖွဲ့ဖြိုးရေးအတွက် ဝိုင်းဝန်းပြီးတော့ လုပ်ကြမယ်လို့ သန္ဒိဋ္ဌာန်ချကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
အမေစု (၆၇)နှစ်ပြည့်မွေးနေ့အမှတ်တရ အဖြစ် ရွှေခြင်္သေလူမှုစောင့်ရှောက်ရေးအဖွဲ၏ မျှဝေမှုကို ပြန်လည်တင်ဆက်ပါသည်။

Myanmar Celebrates Buddha Day on Kasone Full Moon