Community News

0 comments
Dear all brothers and sisters of Burma,

I would like to share the following important CBC News with all of you.
All those Forty-four people affected by carbon monoxide are Karen ethnic people attending a church in Edmonton, AB, Canada.
Sincerely,
U Than Aung
Burmese Cultural Society of Alberta (BCSA)
Edmonton,AB
Canada
www.bcsa2009.blogspot.com
----- Original message -----
Carbon monoxide leak at Church sends 44 to hospital
CBC News
Posted: Nov 21,2011 8:12 PM MT
Last Updated: Nov 21,2011 8:11 PM MT
Dozens of people attending a Church function in Edmonton needed medical treatment after they were exposed to carbon monoxide.
Forty-Four people were sent to hospital Sunday night after they showed symptoms of exposure to the deadly gas at First Baptist Church at 100th Avenue and 109 Street
Health officials say the exposure level was low but some people showed more symptoms of poisonig than others.
Carbon monoxide is a colorless, odourless gas produced by burning material containing carbon. Early symptoms of carbon monoxide poisoning include headaches, nausea and fatigue, but prolonged exposure can cause brain damage and death.
Emergency crews traced the leak in the church to work being done on a boiler. The church was ventilated and deemed safe late Sunday night.
----- Edn of message -------

Home » သတင်း » ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ ရပ်နားရတော့မလား

0 comments
အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော ပြည်ပအလုပ်အကိုင် အေဂျင်စီ အများစုမှာ စီးပွားရေး ကောင်းမွန်ခြင်းမရှိတော့ဘဲ တွက်ခြေမကိုက်ဖြစ်ကာ လုပ်ငန်းများရပ်နားရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။
“အေဂျင်စီတွေ အတော်ကိုရုန်းကန်ရတယ်။ ပြည်ပနိုင်ငံတွေက လုပ်သားခေါ်တာတွေ နည်းလာတယ်။ မြန်မာနိုင်ငံက လူတွေက နိုင်ငံခြားသွား အလုပ်လုပ်ချင်ကြပေမယ့် အရင်းအနှီး မတတ်နိုင်ကြဘူး။ အေဂျင်စီ အနည်းဆုံး ၂၀ ကနေ
၃၀ လောက်အထိ ကုမ္ပဏီသက်တမ်း မတိုးဘဲ ဖျက်သိမ်းတာမျိုးတွေ ရှိလာနိုင်ပါတယ်” ဟု ကမာရွတ်မြို့နယ်မှ ပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီပိုင်ရှင် တဦးက ဧရာဝတီသို့ ပြောသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီတွင် တွေ့ရသော တောင် ကိုရီးယားသွားမည့် သူများ (ဓာတ်ပုံ - Popular News)
မလေးရှား၊ စင်ကာပူ၊ ယူအေအီးအပါအ၀င် ပြည်ပနိုင်ငံများက အထွေထွေလုပ်သား ခေါ်ယူမှုနည်းပါးလာခြင်း၊ လုပ်သား အများစု စရိတ်မတတ်နိုင်ခြင်း၊ တောင်ကိုရီးယားနှင့် မြန်မာအစိုးရအကြား နားလည်မှု စာချွန်လွှာရေးထိုးပြီး မြန်မာ အလုပ်သမားများကို ၀န်ဆောင်ခ သက်သာစွာနှင့် လစာကောင်းမွန်သော တောင်ကိုရီးယားနိုင်ငံသို့ ပိုမို ပို့ဆောင်လာခြင်းတို့ ကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၀၀ ကျော် ရှိသည့်အနက် အများစုမှာ စီးပွားရေး မကောင်းမွန်တော့ဘဲ ဆက်လက် ရပ်တည်ရန် အခက်အခဲဖြစ်နေကြောင်း ၎င်းက ဆိုသည်။
ပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီအများစုသည် မလေးရှားနိုင်ငံမှ အလုပ်သမားခေါ်ယူမှု အပေါ်တွင်သာ အဓိကထား အလုပ်လုပ်ကိုင် ခဲ့ရကြောင်း၊ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေး နှေးကွေးလာချိန်မှ စပြီး မလေးရှားနိုင်ငံမှ အလုပ်သမား ခေါ်ယူမှု တဖြည်းဖြည်း လျော့ကျလာခဲ့ကြောင်း၊ ၂၀၀၉ နှင့် ၂၀၁၀ ခုနှစ်များတွင် မလေးရှားနိုင်ငံမှ အလုပ်သမားခေါ်ယူမှု ရှိခဲ့ သော်လည်း သွားရောက်မည့်သူ နည်းပါးလွန်းသည့်အတွက် ၀န်ဆောင်ခအကြွေး စနစ်ဖြင့် မလေးရှား နိုင်ငံသို့ မြန်မာအလုပ်သမား ပို့ဆောင်မှု များပြားလာခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်မူ မြန်မာကျပ်ငွေ တန်ဖိုး မြင့်တက်လာမှုနှင့် မလေးရှားနိုင်ငံတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး တရားမ၀င် နေထိုင်သူများကို အလုပ်လုပ် ခွင့်ပြုလာခြင်းတို့ကြောင့် မလေးရှား သွားရောက်အလုပ်လုပ်လိုသူ မရှိသလောက် ရှားပါးလာကြောင်း သိရသည်။
“အရင် မလေး ၁ ရင်းဂစ်ကို မြန်မာငွေ ၃၀၀ ကျော်လောက်အထိ ရှိပေမယ့် အခုဆို ၂၄၀ နဲ့ ၂၅၀ ကြားမှာပဲရှိတယ်။ အရင်က တလကို ကျပ် ၁ သိန်းခွဲလောက် အိမ်ပြန်ပို့နိုင်ပေမယ့် အခုငွေဈေးနဲ့က တလကို ၁ သိန်းအောက်ပဲ အိမ်ပြန်ပို့နိုင်တယ်။နောက်ပြီး မလေးရှားမှာ တရားမ၀င်နေတဲ့သူတွေကို အလုပ်လုပ်ခွင့်ပြုလိုက်တော့ အလုပ်သမားခေါ်တာတွေ လုံးဝ ရပ်နေတယ်” ဟု ရှမ်းတောင်တန်း ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ ၀န်ထမ်းတဦးက ပြောသည်။
အလုပ်သမားဝန်ကြီးဌာနက မြန်မာအမျိုးသမီးများကို ပြည်ပနိုင်ငံများသို့ အလုပ်သမားအဖြစ် ပို့ဆောင်ခွင့်မရှိဟု ဆိုကာ
တင်းကျပ်မှုများ ပြုလုပ်နေခြင်းကလည်း ပြည်ပအလုပ်အကိုင် အေဂျင်စီများအတွက် အခက်အခဲဖြစ်စေကြောင်း သိရသည်။
“အထည်ချုပ်လို လုပ်ငန်းမျိုးတွေက အမျိုးသမီး ဦးစားပေးခေါ်တာများတယ်။ အခု အလုပ်သမားဝန်ကြီးဌာနက အမျိုးသမီး တွေကို နိုင်ငံရပ်ခြား အလုပ်သမားအဖြစ် ပို့တာမျိုး တင်းတင်းကျပ်ကျပ် ထိန်းချုပ်နေတော့ အလုပ်ခေါ်စာရထားပြီးတဲ့ အမျိုးသမီးတွေ နိုင်ငံခြားထွက်ဖို့ မလွယ်ဘူးဖြစ်နေတယ်” ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီ ပိုင်ရှင် တဦးက
ဆိုသည်။
စင်ကာပူ အလုပ်အကိုင်များမှာ ကျွမ်းကျင်အလုပ်သမားများသာ အဓိက ခေါ်ယူပြီး ၀န်ဆောင်ခစရိတ် များပြား လွန်းသည့် အတွက် မြန်မာအလုပ်သမား အများစုမှာ မတတ်နိုင်ကြကြောင်း ကြားသိရသည်။
“စင်ကာပူမှာ အလုပ်မယ်ဆိုရင် ဂဟေဆော်၊ ပိုက်ဆက်၊ သံချည်သံကွေးလို သင်တန်းမျိုးတွေကို မြန်မာပြည်မှာ အရင် တက်ရမယ်။ အဲဒီအလုပ်သင်တန်းတွေက သင်တန်းကြေးချည်းပဲ ကျပ် ၂ သိန်းလောက် ကုန်တယ်။ သင်တန်းဆင်းပြီးရင်
အလုပ်ရှင်နဲ့ အင်တာဗျူးဖြေရတယ်။ အောင်မှ စင်ကာပူသွား အလုပ်လုပ်လို့ရတယ်။ စင်ကာပူသွားဖို့က အေဂျင်စီဝန်ဆောင်ခ တဦးကို အနည်းဆုံး ကျပ်သိန်း ၂၀ အထက်မှာရှိတယ်။ ဒီက အလုပ်သမားတွေက မတတ်နိုင်ကြဘူး” ဟု စင်ကာပူနိုင်ငံသို့
အလုပ်သမားပို့နေသော ပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီပိုင်ရှင်တဦးက ပြောသည်။
စင်ကာပူနိုင်ငံမှ အလုပ်ခေါ်စာများ ရရှိနေသော်လည်း သွားရောက်လိုသည့် အလုပ်သမား ရှားပါးလွန်းသည့် အတွက် အေဂျင်စီများ အခက်အခဲဖြစ်ရသည်။
ယူအေအီးအပါအ၀င် အရှေ့အလယ်အပိုင်းဒေသမှ အလုပ်သမားခေါ်ယူမှု တချို့ရှိသော်လည်း ယဉ်ကျေးမှု၊ ရေမြေသဘာဝ မတူညီသော ယင်းဒေသများသို့ မြန်မာအများစု သွားရောက်အလုပ်မလုပ်လိုကြကြောင်း၊ သွားရောက် အလုပ်လုပ်ကိုင်သော
မြန်မာအလုပ်သမားများမှာလည်း အဆင်မပြေသဖြင့် အများစုမှာ မိခင်ဌာနေနိုင်ငံသို့ ပြန်လာကြကြောင်း သိရသည်။
မြန်မာအစိုးရနှင့် တောင်ကိုရီးယား အစိုးရတို့အကြား နားလည်မှုစာချွန်လွှာရေးထိုးပြီး EPS (Empolyment Permit System) အရ မြန်မာအလုပ်သမားများကို တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမား ၀န်ကြီးဌာနက ပို့ဆောင်ပေးလျက်ရှိနေရာ တောင် ကိုရီးယား နိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် မြန်မာလူငယ် သောင်းဂဏန်းနှင့်ချီ၍ ကြိတ်ကြိတ်တိုး လျှောက်ထားမှု ရှိနေသည်ကို တွေ့ရသည်။
မြန်မာလူငယ်များသည် စင်ကာပူ၊ မလေးရှား၊ ယူအေအီး အလုပ်အကိုင်များကို စိတ်မ၀င်စား ကြတော့ဘဲ တောင်ကိုရီးယား အလုပ်အကိုင်ကိုသာ အဓိက စိတ်ဝင်စားနေကြဟု အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
တောင်ကိုရီးယား အလုပ်အကိုင်သည် အစိုးရအချင်းချင်း (Government to Government) ဆောင်ရွက်သည့် အစီအစဉ် ဖြစ်သောကြောင့် မြန်မာအလုပ်သမား တဦးလျှင် တောင်ကိုရီးယားသွားရန် စရိတ် ကျပ် ၈ သိန်းသာ ပေးသွင်းရကြောင်း၊
တောင်ကိုရီးယား ရောက်လျှင် တလ ကျပ် ၉ သိန်းနှင့် ၁၀ သိန်းအကြား ရရှိနိုင်ခြင်းတို့ကြောင့် လူငယ်အများစု စိတ်ဝင်စားကြ ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကိုရီးယား သွားဖို့ဆိုရင် ကိုရီးယားအရည်အချင်းစစ် စာမေးပွဲဖြေရမယ်။ အောင်ရင် ကိုရီးယား အလုပ်ရှင်တွေဆီ
အလုပ်သမားရဲ့ ကိုယ်ရေးအကျဉ်း ပို့ပေးမယ်။ အလုပ်ရှင်ကြိုက်လို့ ခေါ်ရင် သွားခွင့်ရမယ်။ ၀န်ဆောင်ခအပြင်
အပိုငွေ ဘာမှ ပေးစရာမလိုဘူး။ ၀န်ဆောင်ခသက်သာပြီး လစာက အရမ်းများတော့ စင်ကာပူ၊ မလေးရှားနဲ့ ယူအေအီး နိုင်ငံတွေထက် ပိုသွားချင်နေကြတာပါ” ဟု အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူက ရှင်းပြသည်။
အလုပ်သမားဝန်ကြီးဌာန၏ တွက်ချက်မှုအရ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်နေသော အလုပ်သမား အရေအတွက် ၂ သန်းကျော် ၃ သန်းနီးပါး ရှိပြီး အများစုမှာ အိမ်နီးချင်းထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြကြောင်း သိရသည်။
တရားဝင်လိုင်စင်ဖြင့် ပြည်ပအလုပ်အကိုင် အေဂျင်စီ ဖွင့်လှစ်မည်ဆိုပါက အလုပ်သမားဝန်ကြီးဌာနတွင် စပေါ် ကျပ်သိန်း ၅၀ ပေးဆောင်ရပြီး လိုအပ်သော စာရွက်စာတမ်း ပြည့်စုံမှသာ လိုင်စင်ချပေးလေ့ရှိသည်။

Upcoming Event:

0 comments
Dear all BCSA members and friends of Burma,

You all are cordially invited to attend the "Burmese Cultural Event" scheduled to be held as shown below:

Name: Burmese Cultural Event

Date: Saturday, 15 October 2011

Time 05:00 PM to 08:00 PM

Venue: 101 Vanier House, Michener Park, Edmonton,AB T6H 4N1

As we all know, we all are busy and fully occupied by daily duties , but we should also remember the following quotation:

“Coming together is a beginning. Keeping together is progress. Working together is success.”

-Henry Ford

Looking forward to seeing you all at this coming Saturday "Burmese Cultural Event."

Note: Casual costumes for Burmese Cultural Event

Sincerely,

U Than Aung

Burmese Cultural Society of Alberta (BCSA)

P.O Box 60139

Univertsity of Alberta Postal Outlet, Edmonton,AB T6G 2S4

Tel:780 439 7555

Cell:780 953 9877

Email:bcsapresident2009@gmail.com

http://www.bcsa2009.blogspot.com/

ပျောက်ဆုံးသွားတဲ့ သင်ရိုးညွှန်းတမ်း

0 comments
“ဘာသာရပ်ကြီး တစ်ခုလုံးကို ဖြုတ်ပစ် လိုက်ကြတာနော်။ မျိုးဆက် ၄ ခုတောင် ရှိနေပြီ။ နောက်ပိုင်း နှစ်တွေမှာလည်း ပြန်ထည့်ဖို့ကို မစဉ်းစားခဲ့ကြဘူး။ အခုထက်ထိ ဖြုတ်ထားကြတုန်း။ ဒါဟာ ပညာရေးဆိုင်ရာ ရက်စက်မှုပါ။ တာဝန်မဲ့မှုလည်းဖြစ်တယ်။ အခုတော့ ကျနော်တို့က ကျောင်းဆရာ ပြန်လုပ်ကြပေမယ့်လည်း ကိုယ်က မသင်ခဲ့ရတဲ့အတွက် ဘယ်လို ပြန်သင်ပေးနိုင်မှာလဲ။”

အမြဲစွတ်စိုနေတတ်သော နယ်မြေဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ စိမ်းစိုလန်းဆန်းလျက်။ ပင်လယ်ပြင်ကြီးကို အမှီပြုပြီး ၀မ်းစာရှာကြရရှာသော မိသားစုများ၏ ကလေးများအတွက် ကျောင်းများကို ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားကြခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် မိုးဦးရာသီတွင် ရက်တို ဆရာအတတ်ပညာရေးသင်တန်းကို မြန်မာနိုင်ငံ၏ အစွန်အဖျား နယ်မြေတစ်ခုတွင် ကျင်းပ ပြုလုပ်ခွင့်ရရှိခဲ့သည်။ မြန်မာပြည်တွင်း အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းဆရာတာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ဖူးသူများ အပါအ၀င် အသက်အရွယ်မျိုးစုံ ကျောင်းဆရာ၊ ဆရာမများ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ ကလေးဖွံ့ဖြိုးမှုပညာ၊ ဉဏ်ရည်အထွေထွေ စွမ်းရည်အမျိုးမျိုး၊ ကလေးဗဟိုပြု စာသင်ကြားနည်းများ၊ အနုရသပညာရေး၊ သင်ရိုးညွှန်း တမ်းပညာနှင့် ပညာရေးစီမံခန့်ခွဲမှုတို့ကို ဦးစားပေးဆွေးနွေးဖြစ်ခဲ့သည်။ ကျယ်ပြန့်၊ မျှတသော ကျောင်းသင်ရိုးညွှန်းတမ်း တစ်စုံကို လိုအပ်နေသည့် ယင်းဒေသတွင် ဤကဲ့သို့သော သင်တန်းမျိုး၊ ဆွေးနွေးပွဲမျိုး ယခင်က မရှိခဲ့သေးပါ။ သို့ဖြစ်ပါ၍ သင်တန်း နည်းပြဆရာ ဆရာမများနှင့် သင်တန်းသူ၊ သင်တန်းသား ကျောင်းဆရာဆရာမများအတွက် လွန်စွာအားရ ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့ပါသည်။ စုပေါင်း ဆွေးနွေးလေ့လာခြင်းဖြင့် အားလုံးအတွက် ပညာရေး အတွေးအမြင်သစ်များ၊ အကျင့်အကြံသစ်များ ရရှိခွင့်ကို ဖန်တီးနိုင်ခဲ့ကြပြန်သည်။

ပျောက်ဆုံးသွားတဲ့ သင်ရိုးညွှန်းတမ်း

သင်တန်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်၊ ရေရှည်လုပ်ငန်းစဉ်တစ်ခုအနေဖြင့်လည်းရှိနေမည့် သင်ရိုးညွှန်းတမ်း ပညာခေါင်းစဉ်ကို ဆွေးနွေးကြရာဝယ် မြန်မာ့ပညာရေး ရှုခင်းမှ ပျောက်ဆုံးသွားခဲ့လေသော ခေါင်းစဉ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတော့၏။ ကျယ်ပြန့်၊ မျှတသော သင်ရိုးညွှန်းတမ်းကို မည်သို့တည်ဆောက်ကြပါမည်နည်း။ ဘက်စုံပညာရေးဟူသည် အဘယ်နည်း။ ပညာ၊ ပညာရေး၊ ကျောင်းပညာရေး၊ မူလတန်းပညာရေး စသည်တို့၏ အဓိပ္ပါယ်တို့ကို ဖွင့်ဆိုခြင်းဖြင့် စတင်ဆွေးနွေးရတော့သည်။ အခြေခံပညာရေး၏ ရည်မှန်းချက်ကို ရှင်းလင်းရတော့၏။

ဘာသာရပ်များဖွဲ့စည်းပုံနှင့် ၂၁ ရာစု အတွက် အခြေခံပညာသင်ရိုးညွှန်းတမ်းဖွဲ့စည်းမှုကိုဆွေးနွေးကြစဉ် သင်တန်းနည်းပြဆရာမှ အမှတ်မထင် မေးခွန်းတစ်ခုကို ကောက်ခါငင်ခါ မေးမြန်းလေသည်။
“အခုဒီသင်တန်းကို တက်ရောက်လာကြတဲ့ ကျောင်းဆရာဆရာမများထဲက ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းနေတုန်းက သင်ယူခဲ့ဖူးတဲ့ ဆရာဆရာမများ ခေတ္တမတ်တပ် ရပ်ပေးကြပါ”
အားလုံးတဒင်္ဂမျှ တိတ်ဆိတ်ငြိမ်သက် သွားကြလေသည်။ တွေဝေစဉ်းစားနေကြပုံကို မြင်လိုက်ရပြန်သည်။ ထို့နောက် အသက်ကြီးကြီး ဆရာဆရာမကြီး ၇ ဦးခန့် ဖြည်းညင်းစွာ မတ်တပ်ရပ်လာကြသည်။ သင်တန်းဆရာအနေဖြင့် ဦးဆောင်ဆွေးနွေးနေသူမှ တစ်ခန်းလုံးကို စေ့ငုစွာ သုံးသပ်ကြည့်မိသည်။ ဆရာဆရာမ ၆၀ ဦးခန့်မှ အသက် ၆၀ ၀န်းကျင်ခန့် ၇ ဦးသာမတ်တပ်ထရပ်သည်မဟုတ်ပါလား။ သူတို့မျက်နှာများပေါ်တွင် ဆွေးမြေ့ လွမ်းဆွတ် နေကြဟန် ရှိသည်။ ကျန်ရှိနေသော ဆရာဆရာမ ၅၀ ကျော်မှာ မတ်တပ်ရပ်ပြသူ ဆရာဆရာမကြီးတို့ကို ငေးမောရင်း တစ်စုံတစ်ရာကို ကိုယ်စီ စဉ်းစားနေကြပုံ ပေါ်လွင်နေသည်။

အချိန်လည်းစေ့တော့မည်ဖြစ်သဖြင့် သင်တန်းဆရာမှအားလုံးကို ဤသို့ဆက်ပြောခဲ့လေသည်။
“ထိုင်နေကြတဲ့ ဆရာဆရာမများဟာ အသက်အရွယ်အားဖြင့် ၂၀ ကျော်၊ ၃၀ ကျော်၊ ၄၀ ကျော်၊ ၅၀ ကျော်တွေ အများစုဖြစ်တာ တွေ့ရပါတယ်။ အားလုံးလည်းပဲ မြန်မာနိုင်ငံပညာရေးကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းဖြစ်တယ်။ အခုတော့ဖြင့် ကံအားလျှော်စွာ၊ ကံကောင်းစွာနဲ့ ဒီနေရာလေးမှာ ကျောင်းဆရာဆရာမများအနေနဲ့ တာဝန်ထမ်းဆောင်ခွင့် ရရှိနေကြတယ်။ ဒီနေ့တော့ သင်တန်းချိန် စေ့တော့မှာမို့လို့ အိမ်စာအနေနဲ့ ပေးလိုက်ချင်ပါတယ်။ ထိုင်နေတဲ့ ဆရာဆရာမများအနေနဲ့ ဘာဖြစ်လို့များ ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းသားဘ၀မှာ သင်ယူလေ့လာခွင့် မရရှိခဲ့ကြတာလဲဆိုတာ အဖြေရှာလာကြဖို့ပါ။”
တီးတိုး ဆွေးနွေးသံများ ပေါ်ထွက်လာခဲ့၏။

သင်တန်း နည်းပြဆရာမှ ဆက်ပြောခဲ့သည်။

“လေးစားထိုက်တဲ့ ကျနော့်တို့ရဲ့ ၀ါရင့်ဆရာဆရာမကြီးများကိုလည်း အကူအညီတစ်ခု တောင်းပါရစေ။ ကျနော်တို့ကို စာသင်ကြားပေးခဲ့တာတွေအတွက် ကျေးဇူးစကားဆိုပါရစေ။ သို့သော်လည်းပဲ ကျနော်အပါအ၀င် ဒီခန်းမထဲမှာ ထိုင်နေကြတဲ့ ကျောင်းဆရာဆရာမများဟာ ပြည်သူ့နီတိဘာသာရပ်ကို အခြေခံပညာ ကျောင်းသားဘ၀မှာ သင်ယူလေ့လာခွင့် မရရှိခဲ့တာ သေချာတယ်။ အဲဒီအတွက် လွန်ခဲ့သော အနှစ် ၄၀ ကျော် တစ်ခေတ်တစ်ခါက ဆရာဆရာမကြီး သင်ယူလေ့လာခွင့် ရရှိခဲ့တဲ့ ပြည်သူ့နီတိ ဘာသာရပ်နဲ့ ပတ်သက်လို့ မနက်ဖြန်ခါ ပြန်လည်ပြောပြစေချင်ပါတယ်။ ဒီနေ့တော့ ဒီလောက်နဲ့ ရပ်နားကြရအောင်ပါ။ အားလုံး မင်္ဂလာပါ”

+++++

သင်တန်းနောက်တစ်ရက်တွင် သင်ရိုးညွှန်းတမ်းပညာ အချိန်စလျှင်စခြင်း ဆရာငယ်တစ်ဦးမှ စတင်ပြောဆိုလိုက်လေသည်။ ဤမြို့လေးတွင် သင်္ချာဆရာတစ်ဆူဖြစ်လေသူ ဆရာမောင်ခင်ဇော်ဖြစ်သည်။
“မနေ့က ဆရာခိုင်းလိုက်တဲ့ အိမ်စာကို စဉ်းစားလိုက်တာ အဖြေလည်းမရဘူး။ အိပ်လို့လည်း မပျော်ဘူး။ စာတွေသိပ်မသင်ခဲ့ရတော့ ကျနော်တို့ စာသိပ်မကျက်ခဲ့ရလို့ ကံအတော်ကောင်းခဲ့တယ်လို့တော့ စဉ်းစားမိ ပါတယ်။”

အားလုံး ပြုံးစိစိ ဖြစ်ကုန်ကြသည်။ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အစအနောက်သန်သည့် ဆရာမ မေကံ့ကော်မှ ဆရာမောင်ခင်ဇော် ဖက်သို့ လက်ညိုးထိုးပြီး ပြောလိုက်လေသည်။
“ဆရာခင်ဇော်ရဲ့ အဖိုး ပိဿာချိန်နဲ့ ရောင်းစားလိုက်တာ ပြည်သူ့နီတိစာအုပ်ကုန်သွားလို့ ကျမတို့ခေတ်မှာ ဆက်မသင်ရတာ ဖြစ်မယ်။ အခုလည်း သူ့အဖိုး အကျင့်အတိုင်းပဲ”
တစ်ခန်းလုံး တ၀ါးဝါး ပွဲကျသွားတော့၏။

အမြဲအတည်နေတတ်သူ ဆရာဦးလှဆောင်မှ မျက်မှန်တစ်ချက်ပင့်ပြီး တွေးတွေးဆဆပြော၏။ “ဒါဟာ ရက်စက်မှုတစ်ခုပဲလား ဆရာသိန်းနိုင်။ အမြဲလိုလို ကြားနေခဲ့ရတာကတော့ ဘက်စုံပညာရေးဆိုလားပဲ။ ကျနော်မနေ့ညက တစ်ညလုံးစဉ်းစားတယ်။ အခု အသက် ၅၀ နားနီးနေပြီ။ သို့ပေမယ့် အခြေခံပညာရေးကတည်းက မရလိုက်တဲ့ဟာ၊ မသင်ခဲ့ရတာနဲ့ အသိပညာ ချွတ်ယွင်းချက်တွေနဲ့ ရှင်သန်နေခဲ့တဲ့နှစ်တွေကို နှမျောသလိုပဲဗျာ”

စိတ်ဆတ်သည့် ကျောင်းဆရာဦးတိတ်က လက်သီးလက်မောင်းတန်းလျက် ဒေါသတကြီး ၀င်ရောက် ဆွေးနွေးပြန်သည်။ “ဘာသာရပ်ကြီး တစ်ခုလုံးကို ဖြုတ်ပစ်လိုက်ကြတာနော်။ မျိုးဆက် ၄ ခုလောက်တောင်ရှိနေပြီ။ နောက်ပိုင်းနှစ်တွေမှာလည်း ပြန်ထည့်ဖို့ကို မစဉ်းစားခဲ့ကြဘူး။ အခုထက်ထိ ဖြုတ်ထားကြတုန်း။ ဒါဟာ ပညာရေးဆိုင်ရာ ရက်စက်မှုပါ။ တာဝန်မဲ့မှုလည်းဖြစ်တယ်။ အခုတော့ ကျနော်တို့က ကျောင်းဆရာ ပြန်လုပ်ကြပေမယ့်လည်း ကိုယ်ကမသင်ခဲ့ရတဲ့အတွက် ဘယ်လိုပြန်သင်ပေးနိုင်မှာလဲ။”
အားလုံးပြန်ငြိမ်ကျသွားပြန်လေသည်။ နည်းပြဆရာဖြစ်သူမှ ၀ါရင့်ဆရာဆရာမကြီးများဖက်သို့လှည့်ပြီး ဆွေးနွေးပေးရန် မေတ္တာရပ်ခံခဲ့သည်။

“အခုလို အမြင်တွေကို တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ အခြေခံပညာရေးမှာကတည်းက ပြည်သူ့နီတိ ဘာသာရပ်ကို သင်ယူခွင့်ရရှိ ခဲ့ကြတဲ့ ဆရာဆရာမကြီးများမှ အတွေ့အကြုံတွေကို ဝေမျှပေးစေချင်ပါတယ်။ ဆရာဆရာမကြီးတို့ ငယ်စဉ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား ဘ၀တုန်းက ပညာရေး အခြေအနေကို အားလုံးလည်း သိချင်နေကြပါတယ်”

ပြည်နယ်အဆင့်မှာ ပညာရေးမှူးလုပ်ခဲ့ဖူးသူ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီး နိုင်ပညာမွန်မှ မတ်တပ်ရပ်ပြီး အားလုံးမြင်နိုင်စေရန် စာအုပ်ငယ်တစ်အုပ်ကို မြှောက်ပြလိုက်သည်။ သင်တန်းသူသင်တန်းသားများနှင့် နည်းပြဆရာများမှာ ဆရာကြီးကိုင်ထားသည့် စာအုပ်ငယ်ကို စိတ်ဝင်တစား မော့ကြည့်နေကြသည်။ ပိန်ပိန်ပါးပါး အငြိမ်းစား မြန်မာ့ပညာရေးသမားကြီးဆီမှာ ရင်ဖွင့်ပြောပြစရာ တစ်ခုမဟုတ် တစ်ခု အမြဲပင် ရှိနေတတ်လေသည်။

“အဟမ်း... အားလုံးကို လေးစားပါတယ်။ ကျနော်ပြည်နယ်ပညာရေးမှူး လုပ်ခဲ့တဲ့နှစ်တွေတလျှောက်လုံးမှာ မြိုသိပ်ထားခဲ့ရတဲ့ အရာတစ်ခုကို ဒီကနေ့တော့ ပြောပြပါမယ်။ ဒါဟာ အခြေခံပညာဦးစီးမှာ ဆွေးနွေးခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ စာသင်ခန်းတွေအထိ ပြန်မရောက်ခဲ့ တာကတော့ အင်မတန်မှ ၀မ်းနည်းစရာပါ။ အခုကျနော်ကိုင်ထားတဲ့ စာအုပ်လေးရဲ့နာမည်က - ပြည်သူ့နီတိ - ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကျနော့်ရဲ့ အိမ်က စာအုပ်သေတ္တာလေးမှာ သိမ်းဆည်းထားခဲ့တာပါ။ အနှစ် ၅၀ နီးပါးရှိနေပြီ။ ကျနော် အခြေခံပညာကျောင်းသားဘ၀က သင်ယူခဲ့ရတဲ့ ပြဌာန်းစာအုပ်လေးလည်းဖြစ်တယ်။ စာပေဗိမာန် ပုံနှိပ်တိုက်က ၁၉၅၆ ခုနှစ်မှာ ဒုတိယအကြိမ် ထုတ်ထားတဲ့ဟာပါ။ နောက်ဆုံးထုတ်ဝေခဲ့တာလည်း ဖြစ်မယ်။ ကျနော်တို့ ခေတ်တုန်းက သတ္တမတန်းကနေ ဧကာဒသမတန်းအထိ လေ့လာခဲ့ရတယ်။”

ထိုင်ပြီး ငေးမော နားထောင်နေသူတို့အကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ကျွတ်စီကျွတ်စီဖြင့် ဆွေးနွေးသံအချို့ ပေါ်ထွက်လာပြန်သည်။

“ကျောင်းဆရာလုပ်လာတာ အနှစ် ၂၀ နီးပါးတောင်ရှိနေပါပြီ။ တစ်ခါမှ ဒီစာအုပ်ကို မတွေ့ခဲ့ဖူးဘူး။” နယ်မြေတွင်းရှိ ကျောင်းအားလုံး၏ လူမှုရေး ဘာသာရပ်မှူးဖြစ်သူ ဆရာမြေမှ ပြောလိုက်ခြင်းဖြစ်သည်။
“အဲဒီ ပြည်သူ့နီတိစာအုပ်မှာ ဘာတွေရေးထားသလဲ သိချင်ပါတယ်။” တစ်ခုခုကို သိချင်တိုင်း မျိုသိပ်မထားတတ်ပဲ ချက်ခြင်းမေးတတ်သူ သမိုင်းဆရာမဒေါ် မိုးသီတာပြည့်မှ သိချင်ဇောကြီးစွာနှင့် မေးမြန်းလေတော့သည်။ အားလုံးမှာလည်း သိချင်နေကြသည်မဟုတ်လား။

ဆရာကြီးနိုင်ပညာမွန်မှ ဆက်ပြောပြနေခဲ့လေသည်။
“စာမျက်နှာ ၁၄၀ နီးပါးရှိတဲ့ ဒီစာအုပ်ဟာ အခြေခံပညာအထက်တန်းဆင့်အတွက် ပြဌာန်းခဲ့တာပါ။ အခန်း ၁၃ ခန်း ပါရှိပါတယ်။ အဲဒီအခန်းခေါင်းစဉ်တွေကို ပြောပြပေးပါမယ်။
အခန်း (၁) ပြည်သူ့နီတိ အဓိပ္ပါယ်နှင့် အခြေခံသဘော
အခန်း(၂) ပေါင်းသင်းဆက်ဆံမှုနှင့် လူ့အစည်းအရုံး
အခန်း (၃) နိုင်ငံသားနှင့် သူ၏ အရည်အချင်းများ
အခန်း (၄) နိုင်ငံသားနှင့် ဆန့်ကျင်သော သဘောတရားများ
အခန်း (၅) နိုင်ငံသား၏တာဝန် ၀တ္တရားများ
အခန်း (၆) နိုင်ငံသား၏ အခွင့်အရေးများ
အခန်း (၇) နိုင်ငံတော်နှင့် အစိုးရ
အခန်း (၈) နိုင်ငံအစိုးရတို့ တာဝန်များ
အခန်း (၉) နိုင်ငံတော်၏ အခြေခံမူများ
အခန်း (၁၀) နိုင်ငံတော် ဖွဲ့စည်းပုံ
အခန်း (၁၁) နိုင်ငံတော်သမတနှင့် ပါလီမန်
အခန်း (၁၂) ပြည်ထောင်စု အစိုးရ
အခန်း (၁၃)လွတ်လပ်ရေး ကျေညာစာတမ်း

ဒီခေါင်းစဉ်တွေကို ကျနော်တို့ အသေအချာဖတ်ရှုလေ့လာပြီး စာသင်ခန်းတွေမှာ ဆွေးနွေးခွင့်လည်း ရရှိပါတယ်။ အဲဒီခေတ်က နိုင်ငံရေးနဲ့လည်း ဆက်စပ်ပြီးတော့ စာသင်ခန်းတွင်းမှာ ဆွေးနွေးကြသေးတယ်။ ဥပမာ ဖွဲ့စည်းပုံက မမျှတသေးတာတွေ၊ ဘက်လိုက်ထားတာတွေ။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ၊ ဒါတွေကို အထက်တန်းအဆင့် စာသင်ခန်းတွေမှာ ဆွေးနွေးဖလှယ်ကြတယ်။ မတူတဲ့အမြင်တွေကိုလည်း တလေးတစား နားထောင်ကြရတယ်။”

“ဟင်.. အဲဒီခေါင်းစဉ်တွေ နိုင်ငံရေးခေါင်းစဉ်တွေလိုပဲ။ ကျောင်းသူကျောင်းသားတွေနဲ့ ဘာဆိုင်လို့လဲ။ ပျင်းစရာကြီးတွေ။ ဘာဖြစ်လို့ သင်ခဲ့ရတာလဲဆရာကြီး။ ပညာရေးနှင့် နိုင်ငံရေးဘာဆိုင်လို့တုန်း”
ပညာရေးနှင့် မသက်ဆိုင်သည်များကို အချိန်ကုန်ခံပြီး ဆွေးနွေးနေသည်ဟု ထင်မြင်ယူထားသော ဆရာမ ဒေါ်နီနီမှ သည်းမခံနိုင်သည့် မျက်နှာထားနှင့် မေးမြန်းလိုက်သည်။ ခန်းမထဲမှ အချို့ မှာ ဇဝေဇ၀ါမျက်နှာများနှင့်။ သူတို့ဖြတ်သန်း လာခဲ့သည့် ပညာရေးခရီးလမ်းတွင် တစ်ခါမှ မကြားခဲ့ဘူးသော ခေါင်းစဉ်များဖြစ်နေ၍လည်း သံသယစိတ်တို့ ရှိသည်မှာ ပေါ်လွင်နေသည်။ အချို့မှာ စိုးရိမ်ကြောင့်ကြသော မျက်နှာများကို ဖုံးဖိမရ။ အချို့လည်း နည်းပြဆရာဖက်သို့ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။

အငြိမ်းစား အထက်တန်းကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်သူ ဦးဘအောင်မှ မတ်တပ်ရပ်လိုက်ပြီး ဆရာကြီး နိုင်ပညာမွန်ထံမှ ရှင်းပြခွင့် တောင်းခံလိုက်သည်။
“ဆရာကြီး ခေတ္တနားပါခင်ဗျား၊ ကျနော့်ကို ဆက်ရှင်းပြခွင့်ပြုစေလိုပါတယ်။ ကျနော်လည်းပဲ တစ်သက်လုံးမြိုသိပ် ခံစားခဲ့ရသူပါ။ တရားဝင်ဖွင့်ပြောပြခွင့်လည်း မရှိခဲ့ဘူး။ အခုတော့ ဒီနေရာလေးမှာ ကျနော်တို့ ဘ၀ရဲ့ ဆည်းဆာချိန်မှာ ကံကြုံလို့ဆုံဆည်းကြရတဲ့ လုပ်ဖော်ကိုင်ဖက် ပညာရေးသမားငယ်များကို အမြင် ရှင်းပြခွင့်ပြုစေချင်တယ်။”

အားလုံးမှ ဆရာကြီး ဦးဘအောင် ဆက်ပြောမည့်စကားတို့ကို စောင့်မျှော်နေကြသည်။ ဖြည်းညှင်းချိုသာစွာ ပြောဆိုတတ်သည့် ဆရာကြီးမှာ တစ်မြို့လုံးက လေးစားရသူတစ်ဦးလည်းဖြစ်သည်။ နှစ်ပေါင်း ၄၀ နီးပါး ပညာရေးဝန်ထမ်းဘ၀ကို ဖြတ်သန်းခဲ့သူပီသစွာ ပညာရေးအပေါ် သံယောဇဉ်ကြီးလွန်းလှသည်။
“တကယ်တော့ ပြည်သူ့နီတိဘာသာရပ်နဲ့ ဒီခေါင်းစဉ်တွေဟာ သိပ်ကို အရေးကြီးလွန်းပါတယ်။ ပညာရေးနဲ့ နိုင်ငံရေးဟာ ခွဲခြားဖယ်ထုတ် ထားလို့မရပါဘူး။ ပညာရေးသည်ပင်လျှင် နိုင်ငံရေးဖြစ်သလို၊ နိုင်ငံရေးဟာလည်း ပညာရေးနှင့် တန်ဆာဆင်နိုင်မှသာလျှင် တင့်တယ်ပါ တယ်။ လေးနက်မှုကို ရရှိနိုင်ပါတယ်။ သိသင့်သိအပ်သော ခေါင်းစဉ်များဖြစ်လို့ ပြည်သူ့နီတိဘာသာရပ်ကို သင်ယူဖူးမှသာလျှင် နိုင်ငံသား ဖြစ်ရကျိုးနပ်ပါမယ်။ အသက်ရှင် နေထိုင်ရကျိုးနပ်ပါတယ်။ သာမန်သိရုံမျှနဲ့လည်း မလုံလောက်သေးပြန်ဘူး။ လက်တွေ့ဘ၀ထဲမှာ ပြန်လည် အသုံးချဖို့လည်း လေ့လာခဲ့ကြတယ်။ ပညာရှိကြီးတွေမိန့်ဆိုခဲ့တယ်။ သူ့အလိုအလျှောက်တော့ လူငယ်တွေဟာ နိုင်ငံ့သားကောင်းတွေ ဖြစ်မလာနိုင်ဘူးတဲ့။ လေ့ကျင့် သင်ကြားပေးမှသာ၊ အသိပညာနှင့် အကျင့်အကြံတို့ကို ရရှိမယ်။ တာဝန်သိမယ်။ အခွင့်အရေးတို့၊ ရပိုင်ခွင့်တို့ကို လေးစားလိုက်နာမယ်။ မိမိနဲ့ သူတစ်ပါး အကျိုးကို မျှတစွာ သယ်ပိုးလိုမယ်။ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုးပြည်ပြု လုပ်ရပ်တွေအပေါ်မှာ တန်ဖိုးထားနိုင်မယ်။ ပါဝင်ဆောင် ရွက်လိုစိတ်ဖြစ်ပေါ်မယ်။ တနည်းအားဖြင့်လည်း နိုင်ငံသား ပညာရေးလို့ ခေါ်ဆိုကြတဲ့ ဒီပညာရပ်ကို သင်ကြားထားမှသာလျှင် လေးနက်တဲ့ တန်ဖိုးရှိတဲ့၊ အသိပညာရှိတဲ့ နိုင်ငံသားတွေဖြစ်လာကြမယ်။ ”

“ဘာဖြစ်လို့ အခြေခံပညာရေးမှာကတည်းက လေ့ကျင့်သင်ကြားပေးရမှာလဲ။ အခြားသင်ယူစရာတွေက တပုံတပင်ကြီး။ လက်ရှိသင်ရိုးကိုတင် မနည်းကုန်အောင်သင်ပေးနေရတယ်။” ဆရာသီဟမှ အထွန့်တက် မေးမြန်းလာသည်။

မြန်မာနိုင်ငံစာစစ်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အငြိမ်းစားဆရာမကြီး ဒေါ်တင်တင်ဝင်းက ဖြေကြားပေးရန် သင်တန်းနည်းပြ ဆရာလေးမှ မေတ္တာရပ်ခံလိုက်သည်။ မဆိုင်းမတွပင် ဆရာမကြီးမှ ထရပ်လိုက်ပြီး ကြည်လင်ခန့်ငြားသော မျက်နှာတွင် အပြုံးပန်းဆင်၍ ဖြေကြားပေးခဲ့သည်။

“ငယ်ရွယ်နုပျိုတဲ့ စိတ်နှလုံးတွေကိုသာလျှင် ပုံဖော်ထုဆစ်ရတာ လွယ်ကူပါတယ်။ ဖယောင်သားလေးတွေလို လိုလားအပ်တဲ့ စိတ်အခြေခံ ယဉ်ကျေးမှုကို လေ့ကျင့်ပေးရလွယ်တယ်။ ကြီးမှဆို သိပ်ခက်သွားပြီ။ ပြည်သူ့နီတိပညာရပ်ဟာ ဘ၀ထဲကို ရောက်ဖို့လိုအပ်တယ်။ ကလေးတိုင်း၊ လူကြီးတိုင်း၊ နိုင်ငံသားတိုင်းရဲ့ ရင်ဘတ်ထဲမှာ ပါသွားဖို့လိုအပ်တယ်။ ဒီမိုကရေစီယဉ်ကျေးမှုပေါ်ထွန်းဖို့၊ ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ဆိုတာ အဲဒီနီတိတွေပြည့်နေတဲ့ ရင်ဘတ်တွေနဲ့ တည်ဆောက်ရမှာဖြစ်လို့ပါပဲ။”

“ဆရာမကြီး ဥပမာလေး တစ်ခုလောက်ပေးပါ” ဆရာမကြီးမှာ ဥပမာ၊ ဥပမေယျတို့ဖြင့် စကားပြောကောင်းသူ ဖြစ်သည်ကို သိထားသည့် တပည့်ဟောင်းတစ်ဦးဖြစ်သူ ဆရာမဒေါ်လင်းလင်းဖြူမှ တောင်းဆိုလိုက်သည်။

“ဟုတ်ကဲ့ပါ။ ပြောပြပါမယ်။ နိုင်ငံရဲ့ မှန်ကန်တဲ့ ဖွဲ့စည်းမှုကို သိဖို့လိုအပ်တယ်။ ပကတိအရှိတရားတွေကို နားလည်ထားကြရမယ်။ အဲဒါနဲ့လည်းမပြီးသေးဘူး။ ဆွေးနွေးပြောဆိုနိုင်တဲ့ နိုင်ငံသားတွေဖြစ်လာဖို့၊ လေးစားစွာ နားထောင်တတ်တဲ့သူတွေဖြစ်လာဖို့က လိုအပ်ပြန်တယ်။ အဲဒါမှသာ အကျိုးရှိတဲ့ ဆွေးနွေးဝိုင်းဖြစ်မယ်။ အကျိုးရှိတဲ့ လုပ်ရပ်ရလာမယ်။ စုပေါင်းလုပ်ဆောင်နိုင်မယ်။”
“ဒီပညာရပ်ကို မသင်ယူခဲ့ရပေမယ့်လည်း ကျမတို့ အခုလိုစုပေါင်းပြီး လုပ်ဆောင်နိုင်ကြတာပဲ မဟုတ်ဘူးလား ဆရာမကြီး” သင်တန်းသူတစ်ဦးဖြစ်သူ ဆရာမ နုဝါအောင်မှ မေးမြန်းပြန်သည်။ အသံအချို့ ပေါ်ထွက်လာပြန်သည်။ မျက်နှာအချို့မှာ ပြုံးစစနှင့်။

သင်တန်းနည်းပြဆရာလေးမှာ နယ်မြေနောက်ခံကို ကြိုတင်လေ့လာထားသဖြင့် သိထားနှင့်သည်။ ကျောင်းစုစုပေါင်း ဆယ်ဂဏန်းမျှ သာရှိသည့် ဤမြို့လေးတွင် ကျောင်းတို့ကို အားလုံး မစုစည်းနိုင်သေး။ ပညာရေးခေါင်းဆောင် ဆရာဆရာမများ အချင်းချင်းပင်လျှင် မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးပြောဆိုရန် ၀န်လေးနေကြဆဲ။ စည်းလုံးညီညွတ်မှုဆိုသည်ကို မတည်ဆောက်တတ်ကြသေး။ ထို့အတွက် စုပေါင်းပြီးလုပ်ဆောင်နိုင်ကြသည်ဟု ဒေါ်နုဝါအောင်မှ ပြောသည်ကို အားလုံးမှ လက်မခံသည့် သဘောဖြင့် ပြုံးစစ ဖြစ်ကြခြင်းပင်။ သူမကိုယ်တိုင်လည်း ကျန်သူများကို ကြည့်ပြီး ခစ်ကနဲ အသံထွက်အောင် ရယ်မောမိလိုက်သည်။ သူမ ပြောတာ လောကြီးသွားသည်ကို နောင်တရချင်ချင်။ ဆရာဆရာမအများစုမှာ ပြည်သူနီတိကို မသင်ယူခဲ့ကြရသဖြင့် သူမတို့နယ်မြေတွင်း စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်ခြင်း ဖြစ်တန်ရာသည်ဟူ၍လည်း ဆက်လက်တွေးတောနေတော့သည်။

အငြိမ်းစားပြည်နယ် ပညာရေးမှူးဆရာကြီး နိုင်ပညာမွန်မှ အတွင်းစာမျက်နှာအချို့ကို လှန်ပြရင်း ထပ်မံဝင်ရောက် ဆွေးနွေးသည်။

“ပြည်သူ့နီတိ ဘာသာရပ်ဟာ တိုင်းသူပြည်သား တစ်ဦးအနေနဲ့ တိုင်းသူပြည်သားကောင်းဖြစ်လာဖို့ရာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစနစ် စတဲ့ဟာတွေမှာ တတ်သိလိမ္မာအောင် အုတ်မြစ်ချပေးသော အဓိပ္ပါယ်ရှိပါတယ်။ မတူညီတဲ့နိုင်ငံရေးစနစ်တွေအကြောင်း - ဥပမာ အရင်းရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်နဲ့ မူဝါဒတွေကို သိနားလည်လာမယ်။ အုပ်ချုပ်ရေးစနစ်အမျိုးမျိုးအကြောင်း၊ ဒေသန္တရအုပ်ချုပ်ရေးတို့ကို သိမြင်လာမယ်။ ဟောဒီမှာ စာမျက်နှာ ၁၃ မှာ စာသင်ခန်းတွင်း လေ့ကျင့်ရန် မေးခွန်းတွေထဲက နံပါတ် ၈ မေးခွန်းကို ဖတ်ပြပါမယ်။ - ဒီမိုကရေစီ၏ လုပ်ငန်းအောင်မြင်မှုသည် ပြည်သူ၊ ပြည်သားများ၏ အသိတရားနှင့် အလုပ်တရားများအပေါ်တွင် တည်ရှိ၏-ဆိုသော စကား၏ အမှားအမှန်ကို ဝေဖန်ပြပါ-ဆိုပြီးပါတယ်။ အဲဒီလိုမေးခွန်းမျိုးကို ၀ိုင်းဝန်းဆွေးနွေး ကြရတယ်။”

“မူလတန်းကတည်းက သင်ပေးလို့ မရဘူးလားဆရာကြီး” သင်္ချာဆရာဦးခင်ဇော်မှ မေးမြန်းပြန်သည်။
ဆရာကြီးမှ ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး “သိပ်ကို ကောင်းတဲ့မေးခွန်းပါ။ ပညာရေးရဲ့ အဆင့်တိုင်းမှာကို သင့်တော်ကိုက်ညီတဲ့ပုံစံနဲ့ လေ့ကျင့်ပေးကြရတယ်။ မူလတန်းမှာကတည်းကကို ပြည်သူ့နီတိ ဘာသာရပ်ဟာ စတင်ပါတယ်။ ကလေးငယ်တွေကို ဆက်ဆံရေး၊ အပြောအဆို၊ အမူအယာ လေ့ကျင့်သင်ကြားပေးတာကနေ စတင်ရပါတယ်။” ဟုရှင်းပြ၏။

သင်တန်းကို စီစဉ်သူတစ်ဦးဖြစ်သူ အာကျန်ဆွန်မှ သူ၏ထိုင်းနိုင်ငံပညာရေး အတွေ့အကြုံတို့ကို ဝေမျှပေးသည်။ “ယဉ်ကျေးမှု၊ စာရိတ္တနဲ့ အုပ်ချုပ်ရေးကိုသိဖို့ရယ်၊ စီးပွားရေးအခြေခံကိုသိဖို့အတွက်ကို မူလတန်းကတည်းက သင်ရိုးညွှန်းတမ်းနဲ့ စနစ်တကျ တည်ဆောက် ထားတယ်။ ၄ နှစ်တကြိမ် သင်ရိုးညွှန်းတမ်းကို ပြောင်းတိုင်းလည်း မွမ်းမံတယ်။ ပြင်ဆင်ဖြည့်စွက်ကြတယ်။ စနစ်တွေကို လေ့လာခွင့်ရရှိတယ်။”

အိန်္ဒိယနိုင်ငံနှင့် အခြားသော ဒီမိုကရေစီတိုင်းပြည်များ၏ သင်ရိုးညွှန်းတမ်းတို့ကို လေ့လာထားသူ ဆရာကြီးဦး ဇော်မင်းမှ ၀င်ဆွေးနွေးပြန်သည်။

“ဒီမိုကရေစီတိုင်းပြည်တိုင်းမှာ တူညီတဲ့အချက်တစ်ခုရှိတယ်။ သူတို့ပညာရေးဟာ ဒီမိုကရေစီစနစ် ရှင်သန်နိုင်ဖို့ကို အဓိကထား ပြင်ဆင်ပေးတာပါ။ နိုးကြားတက်ကြွတဲ့နိုင်ငံသားဖြစ်လာဖို့ကို မျှော်လင့်ကြတယ်။ ဒါမှလည်း ရပ်ရွာအကျိုးကို တာဝန်ယူလိုစိတ်နဲ့ တက်တက်ကြွကြွ သယ်ပိုးကြမယ်လေ။ နောက်ပြီးတော့ အခွင့်အရေးကို သိနားလည်ပြီး ကိုယ်ချင်းစာတရားထားတတ်ဖို့ သင်ပေးကြတယ်။ အတန်းကြီးလာတဲ့အခါမှာတော့ လွန်ခဲ့တဲ့ အနှစ် ၅၀ က မြန်မာပြည်မှာ သုံးခဲ့ဖူးတဲ့ ပြည်သူနီတိ (အထက်တန်းဆင့်) ဘာသာရပ်မှာပါတဲ့ အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးကြတာပေါ့။”

အတွေ့အကြုံရှိသူ ၀ါရင့်ဆရာဆရာမကြီး၏ ဖြတ်သန်းမှုကို လေ့လာခွင့်ရရှိသည်မှာ တန်ဖိုးမဖြတ်နိုင်ပါ။ သို့သော် နေ့လည်စာသုံးဆောင်ရန် အချိန်ကျလေပြီ။ နည်းပြဆရာမှ နှုတ်ဆက်ပြီးတန်းဖြုတ်သော်ငြားလည်း ဆွေးနွေးပွဲက မရပ်တန့်နိုင်သေး။ နေ့လည်စာ စားသုံးရင်း အုပ်စုငယ်များအလိုက် ဆက်လက်ဆွေးနွေးလို့ နေကြပြန်ပါသည်။

ပညာရေးသမားများ၏ ဤကဲ့သို့ ဆွေးနွေးပြောဆိုမှုများ၊ စုပေါင်းလေ့လာမှုများ၊ ပွင့်လင်းလွတ်လပ်သော စိတ်ထားများဖြင့် စုစည်း ညီညာမှုများမှတဆင့် မြန်မာ့ပညာရေးရှုခင်းမှ ပျောက်ကွယ်ခဲ့ရလေသော “ပြည်သူ့နီတိ၊ နိုင်ငံသားပညာရေး” ဘာသာရပ်ကြီးကို စာသင်ခန်းများအတွင်း ပြန်လည် အသက်သွင်းပေးနိုင်မည်ဟု ယုံကြည် မျှော်လင့်လျက်လည်း ရှိနေကြလေသည်။

သိန်းနိုင်
(မောက္ခပညာရေး မဂ္ဂဇင်းအမှတ် ၃ သြဂုတ်လ၊ ၂၀၁၀)

တတိယနိုင်ငံရောက်မြန်မာပြောင်းရွှေ့ခိုလှုံသူများ

0 comments
မြန်မာပြောင်းရွှေ့ခိုလှုံသူ (Refugees) များနှင်ပတ်သက်၍ မောင်မိုးညှိမှစုဆောင်းတင်ပြပါသည်။
(၁) မှတ်တမ်းများအရ ပထမဦးဆုံးမြန်မာနိုင်ငံမှထွက်ပြေးတိမ်းရှောင်လာသူများထိုင်းနိုင်ငံ နယ်စပ်သို့ (1984) ခုနှစ်တွင်စတင်ရောက်ရှိလာသည့်ဟုသိရသည် မူလကရောက်ရှိခိုလှုံသူ (တသောင်းခန့်) မှစစ်အစိုးရ၏ အဆက်မပြတ်ထိုးစစ်ဆင်မှု ရွာများရှိတိုင်းရင်းသားများကိုမောင်းထုတ်မှုများကြောင့် (၁၉၉၄) ခုနှစ်တွင်မြန်မာ တိုင်းရင်းသားခိုလှုံသူ (ရှစ်သောင်း) အထိရှိလာသည်။
(၂) ထိုင်းမြန်မာနယ်စပ်ရှိထိုင်းနိုင်ငံဘက် ခရိုင်များဖြစ်သော ဇင်းမယ်၊ မယ်ဟောင်ဆောင်၊ တပ်၊ ကန်ချနားဘူရီ စခန်းကြီး (၁၁)ခုတွင်ခိုလှုံသူ (၁၄၆၀၀၀) ကျော်နှင့်မြန်မာနိုင်ငံဘက် (နေရင်းဒေသမှအဓမ္မပြောင်းရွှေ့ခြင်းခံရ သူ) စခန်းကြီး (၈)ခုတွင် (၂၀၀၀၀)ခန့်ရှိကြောင်းမတ်လ (၂၀၁၁) ထုတ် Thai Burma Border Consortium ခေါ် ဦးဆောင်အဖွဲ့ကြီးက ထုတ်ပြန်သောစာရင်းအရသိရသည်။
(၃) International organization of Migrant (IOM) ၏ဒီဇင်ဘာ (၂၀၁၁ ခန့်မှန်းချက်တွင်မြန်မာအစိုးရ၏အဓမ္မ ထိုးစစ်ဆင်မှုကြောင့် နေရင်းအရပ်ဒေသများမှ ပြောင်းရွှေ့ခိုလှုံရသူဦးရေဆယ်စုနှစ် (၃)ခုအတွင်း (၂၀၀၀၀၀၀) ခန့်ရှိမည်ဟုခန့်မှန်းသည်။လက်ရှိမြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ (၃၀ ပုံ ၁) ပုံမှာမိမိ၏နေရပ်ဒေသများမှ အတင်းအဓမ္မပြောင်းရွှေ့ခံကြရသည့်အတွက်မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ပြောင်းရွှေ့ခိုလှုံသောစုစုပေါင်း လူဦးရေတွင်ဦးရေအများဆုံးနိုင်ငံအဖြစ်ထိပ်ဆုံးနေရာတွင်နေရာယူနေပြီဖြစ်သည်။
(၄) (၂၀၀၆)ခုနှစ်မှစပြီး (၂၀၁၀) ကုန်အထိတတိယနိုင်ငံများတွင်ပြောင်းရွှေ့ခိုလှုံနေရာချထားပေးပြီးသူဦးရေ (၆၄၆၁၃)ဦးရှိသွားပြီဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတခုထဲတွင် (၄၈၉၈၉)ဦး နေရာချထားပြီးဖြစ်သည်။
(၅) အမေရိကန်အစိုးရ Health and Human Services ကိန်းဂဏန်းများအရ (၂၀၀၆) ခုနှစ်တွင်မြန်ာမာ ဒုက္ခသည် (၁၂၃၂) သာလက်ခံခဲ့သော်လည်း ပိုမိုအရှိန်မြင့်ထိုးစစ်ဆင်လာသောမြန်မာအစိုးရ၏ထိုးစစ်များကြောင့် မြန်မာ ဒုက္ခသည်လက်ခံမှုအနေအထားကိုပထမဦးစားပေးအဖြစ်သတ်မှန်ခဲ့သည်။ (၂၀၀၇)ခုနှစ်တွင် (၉၇၇၆)ဦး (၂၀၀၈)တွင် (၁၂၈၅၂)ဦးနှင့် (၂၀၀၉)ခုနှစ်တွင် (၁၁၂၇၈)ဦးရှိခဲ့သည် သို့အတွက်ကြော့င်ကမ္ဘာ့တ၀ှမ်းမှ အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိပြောင်းရွှေ့ခိုလှုံလာသူ ဒုက္ခသည်စုစုပေါင်းဦးရေ အသီးသီးတို့တွင် အီရတ်နိုင်ငံသားများ (၂၅%)ပြီးလျှင် မြန်မာပြောင်းရွှေ့ခိုလှုံသူ ဒုက္ခသည်ဦးရေသည် ဒုတိယအများဆုံး (၂၄%) ဖြစ်လာသည်။

(၆) ပြည်နယ်အလိုက်လက်ခံနှိုင်မှု

တက္ကစက်ပြည်နယ် (၁၇%)

နယူးယောက်ပြည်နယ် (၉%)

အင်ဒီးယားနားပြည်နယ် (၆%)

အာရီဇိုးနား၊ ဂျော်ဂျီယာနှင့် မြေက်ကာရိုလိုင်းနားပြည်နယ် (၅%)စီ

ဝါရှင်တန် (၄%)

နယူးဂျာစီ၊ ဖလောရီဒါ၊ အီလီနွိုင်း၊ မီရှီဂင်နှင့် ကင်တာကီ (၃%)စီ

ကာလီဖိုးနီးယားနှင့် ကျန်ပြည်နယ်အများစု (၂%)စီ
(၇) ဒုက္ခသည်ဟူသောဝေါ်ဟာရကို (ဒုက္ခသည်)ဟုမည်သူကမည်သည့်အချိန်ကအဓိပ္ပါယ်ပြန်ဆိုခဲ့ကြောင်း သာဓကမတွေ့ရသော်လည်းမှားယွင်းအဓိပ္ပါယ်ပြန်ဆိုမှုဟုဆိုရပေမည်။ အမှန်ကားသူတို့ တတွေသည်နိုင်ငံမဲ့ (Stateless people) နိုင်ငံသားများအဖြစ်အတင်းအဓမ္မသတ်မှတ်ခြင်းခံရသောမြန်မာနိုင်ငံသားများဖြစ်ပါသည်
(၈) သူတို့တတွေအတွက်စာနာထောက်ထားမှုအပြည့်အ၀ဖြင့်ငွေကြေး၊ ပစ္စည်းများထောက်ပံ့ပေးကြသော ပြန်ပရောက်မြန်မာလူမျိုးများ၏စိတ်ဓါတ်ကားချီးမွမ်းဖွယ်ရာပင် သူတို့တတွေအားလုံးအတွက်ပိုမို၍အရေး တကြီးလိုအပ်သောအချက်ကားမိမိ၏မိသားစုသဖွယ်ဂရုစိုက်မှုဟုခေါ်သော CARINA နှင့်ရင်းနှီးခင်မင်နား လည်မှု အပြည့်အ၀ရှိမှုဟုခေါ်ဆိုနိုင်သော Love တို့ပင်ဖြစ်ကြောင်းနိုးဆော်သိစေအပ်ပါသည်။
(၈) အမေရိကန်ပြည့်ထောင်စုနှင့် ကမ္ဘာတ၀ှမ်းတို့တွင်ရောက်လာမစဲကြသောပြောင်းရွှေ့ခိုလှုံလာသူမြန်မာ ဒုက္ခသည်များ၏စားဝတ်နေရေးအခြေချနေထိုင်ရေးတို့အတွက် နေ့စဉ်နှင့်အမျှကိုယ့်စွမ်းရှိသမျှကူညီဆောင် ရွက်ကြသော ပြည့်ပရောက်မြန်မာနိုင်ငံသားတိုင်းရင်းသားအားလုံးတို့အားယခုလာမည့်ဇွန်လ (၂၀)ရက်နေ့ တွင်ကျရောက်မည့် World Refugee Day အတွက်ဂုဏ်ပြုကြိုဆိုလျှက်။

Source: Mandalay Gazette, May-June 2011

ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားရေး

0 comments
“ပညာရေးဆိုတာ ဧကရာဇ်ကြီးဖြစ်ဖို့၊ တရားသူကြီး ဖြစ်ဖို့ မဟုတ်ပါ။ ပြည်သူပြည်သားကောင်း ဖြစ်အောင်လေ့ ကျင့်ပေးခြင်း” ပါတဲ့။
အတွေးအခေါ်ပညာရှင်ကြီး“ရူးဆိုး” (Rousseau) ရဲ့ ပညာရေးနဲ့ ဆိုင်တဲ့ အဆိုအမိန့်ပါ။ သူ့အဆိုဟာ ယနေ့အထိ မှန်ကန်နေဆဲပါ။ သူ့အဆိုကို ဘာထရန်ရပ်ဆဲလ်က“လူဆန်တဲ့ လူသားမွေးထုတ်ခြင်း” တဲ့။ ပညာရေးရဲ့ နောက်ဆုံးရလဒ်က ကောင်းမှု(ဓမ္မ)နဲ့ မကောင်းမှု(အဓမ္မ) တို့ကိုဝေဖန် ဆန်းစစ်နိုင်စွမ်းရှိပြီး အမှန်တရားကို သစ္စာခံတဲ့ ဘက်တော်သားဖြစ်လာကာ လောကကောင်းကျိုး စွမ်းစွမ်းတမံ သယ်ပိုးနိုင်သူ ဖြစ်လာခြင်းပါပဲ၊ အဲဒါမှ ပြည်သူ့သားကောင်း (good citizen)ပါ။
ပြည်သူ့နီတိ သင်ကြားရေး
ပြည်သူ့နီတိ သင်ကြားရေး
နိုင်ငံသားကောင်း၊ ပြည်သူ့သားကောင်း တစ်ယောက် ဖြစ်လာဖို့အတွက် ပြည်သူပြည်သားကောင်း တစ်ယောက် ရဲ့ အခွင့်အရေး၊ တာဝန်နဲ့ ၀တ္တရား၊ လေးစားလိုက်နာရမယ့် စည်းကမ်းတွေက ဘာတွေလဲ။ အဲဒါတွေ သိအောင်၊ ပြီးတော့လေးစားကာ လိုက်နာ ကျင့်သုံးအောင် ဘယ်လိုလုပ်မှာလဲ။ ပြည်သူပြည်သားကောင်းဆိုတာ တစ်ဦးတစ်ယောက်အတွက် မဟုတ်ပါ။ နိုင်ငံအတွင်းရှိ ဆူကြုံနိမ့်မြင့် နိုင်ငံသားအားလုံး အတွက်ပါ။ ပြည်သူပြည်သားကောင်း တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ နိုင်ငံကြီးသားစိတ်ထား အရည်အသွေးတွေပြည့်ဝမှ အဲဒီနိုင်ငံဟာ ငြိမ်းချမ်းမှု၊ သာာယာမှုနဲ့ ပြည့်စုံပြီး ဖွံ့ဖြိုးတိုးတက်မှုကို အင်နဲ့အားနဲ့ ဆောင်ရွက်နိုင်မှာ။ ပြည်သူလူထုကို နိုင်ငံသားကောင်းတွေ ဖြစ်လာအောင် အုံနဲ့ကျင်းနဲ့ အစုအဝေးနဲ့ လေ့ကျင့်ပေးနိုင်တဲ့လုပ်ငန်းက ပညာရေးပါပဲ။ ပညာရေးရဲ့ လုပ်ငန်းတွေ၊ မျှော်မှန်းချက်တွေကို ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နေတဲ့ နေရာတွေကတော့ ကျောင်းတွေပါ။ မူကြို၊ မူလတန်းမှသည် ကောလိပ် တက္ကသိုလ် အမျိုးမျိုးအထိပါ။ များသောအားဖြင့် လူတွေက ထင်ကြပါတယ်။ ကျောင်းဆိုတာ “သင်” တဲ့နေရာ၊ အထူးသဖြင့် “စာသင်” တဲ့နေရာ၊ တကယ်တမ်းမှာ ကျောင်းဆိုတာ လူသားတစ်ဦးချင်းကို လူကောင်းလူတော် ဖြစ်အောင် လေ့ကျင့်ပေး၊ ပြင်ပေးတဲ့နေရာတွေမို့ ကျနော်တို့ ဆရာကြီးတွေက “လူပြင်” တဲ့ နေရာပါတဲ့။ လူကိုပြင်တယ်ဆိုတာ ရုပ်ဝတ္ထုလို ရိုက်နှက်၊ ထုထက် တပ်ဆင်လိုက်လို့ ပြီးတဲ့နေရာ မဟုတ်ပါ။ အကြိမ်ကြိမ် အထပ်ထပ်လေ့ကျင့်ပေးမှ ရတဲ့အရာပါ။ ဘ၀ တစ်လျှောက်လုံး လေးစားလိုက်နာကာ အထုံပါရမီလိုစွဲပြီး ကျင့်သုံး သွားသည်ထိ လေ့ကျင့်ပေးတာပါ။
ပြည်သူပြည်သားကောင်းဆိုတာ မိမိလိုက်နာရမယ့် ကျင့်ဝတ်ကို သိနေရုံနဲ့ မပြီးပါ။ လေးစားလိုက်နာ ကျင့်ကြံမှု နဲ့ ပြည့်စုံမှဖြစ်မှာပါ။ ပြည်သူပြည်သားကောင်းတစ်ယောက်အနေနဲ့ လေးစားလိုက်နာ တန်ဘိုးထားကျင့်သုံးရ မယ့်အရာမို့ “ပြည်သူ့နီတိ”(Civics) လို့သုံးနှုန်းတာပါ။ ကမ္ဘာ့နိုင်ငံများမှ ပညာရေးပညာရှင်တွေလက်ခံထားတာ က ပြည်သူ့နီတိနဲ့ ကျောင်းဆိုတာ ရုပ်နဲ့နာမ် (Body and Soul) လိုပါပဲ။ ခွဲခြားလို့ရကောင်းတဲ့အရာမဟုတ်ပါတဲ့။ ဘာလို့လဲဆိုတော့ ကျောင်းဆိုတာ ကလေးတွေကို ထူးချွန်ထက်မြက်တဲ့ ပြည်သူပြည်သားကောင်းဖြစ်အောင် လေ့ကျင့်ပေးတဲ့နေရာ ဖြစ်လို့ပါပဲ။ ဒါကြောင့်ပြည်သူ့နီတိဟာ ကျောင်းမှာ မိသားစုမှာ ရပ်ကွက်၊ ကျေးရွာ၊ မြို့တွေမှာ ဘုရားကျောင်းမှာ၊ အလုပ်ခွင်အသီးသီးမှာ ၊ ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေမှာ၊ အားကစားအသင်း တွေ၊ မီဒီယာအမျိုးမျိုးတွေနဲ့ နောက်ဆုံးရွေးကောက်ပွဲတွေ၊ ရွေးကောက်ပွဲရဲ့စည်းရုံးရာမှာ မိမိရဲ့ကုန်ပစ္စည်း ကြော်ငြာအဆုံး ကျင့်သုံးလိုက်နာရမယ့် အရာပါ။ ပြည်သူ့နီတိဟာ တစ်ဦးချင်းမှသည် မိသားစု၊ မိသားစုမှသည် ကျောင်း၊ ရပ်ကွက်၊ အဖွဲ့အစည်းနှင့်နောက်ဆုံး မိမိနိုင်ငံနဲ့ ကမ္ဘာ့ရွာကြီးအဆင့်ထိ ကျင့်သုံးရမယ့် အသိနဲ့ အကျင့်ပါ။
ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းတွေမှာ ဆရာကြီးဦးအုန်းမောင်ရေးသားတဲ့ “ပြည်သူ့နီတိ” ကို မူလတန်းမှ အလယ်တန်းအထိ သင်ကြားခဲ့ရပါတယ်။ နံနက်ကျောင်းစတက်တဲ့အချိန်မှာ သင်ရတာပါ။ မူလတန်းမှာ “ပြည်သူ့နီတိ” (Civics) သက်သက်နဲ့ အလယ်တန်းမှာ “ပြည်သူ့နီတိနှင့်ကျန်းမာခြင်း” (Civics and hygiene) ဆိုပြီး သင်ကြားရပါတယ်။
ဆရာကြီးရေးတဲ့ မူလတန်း ပြည်သူ့နီတိအထဲမှာ ပေါင်းသင်းရေးနှင့် ပညာရေး၊ စည်းကမ်းသေ၀ပ်ရေး၊ မကောင်းမှုကို မပြုသင့်ကြောင်း၊ အချိန်မှန်ခြင်း၊ လမ်း၌ယဉ်ကျေးမှု၊ ကိုယ်ချင်းစာ၊ ၀တ္တရားရှိသူ၊ ယဉ်ကျေးမှု၊ မိဘစကား နာယူအပ်ခြင်း၊ တိရစ္ဆာန်များကို သနားခြင်း၊ ကျောင်းသမပါယမ၊ သက်ကြီးပူဇော်ပွဲ၊ ငယ်စဉ်က ပညာသင်အပ်ခြင်း၊ ကျောင်းတာဝန်ခွဲဝေမှု၊ ထမ်းဆောင်ခြင်း၊ ကျေးရွာတာဝန်ခွဲဝေထမ်းဆောင်ရေး၊ ခန္ဓာကိုယ် သန့်ရှင်ရေး၊ အ၀တ်သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းရေး၊ ယဉ်ကျေးမှုနှင့် သန့်ရှင်းရေး”…..စသည်ဖြင့် သင်ကြားခဲ့ရပါတယ်။
ထို့အတူ အလယ်တန်း ပြည်သူ့နီတိမှာတော့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမပိုင်းမှာ “အုပ်ချုပ်ရေး အခန်း”၊ ဒုတိယအပိုင်းမှာ “ကျန်းမာခြင်းပညာ”ဖြစ်ပါတယ်။ ပထမပိုင်းတွင် “ပြည်သူ့အခွင့်အရေးနှင့် ပြည်သူ့ ၀တ္တရား၊ ကျေးရွာသားနှင့် သူကြီးဝတ္တရား၊ ဆယ်အိမ်ခေါင်း၊ ရွာခေါင်း၊ ကျေးရွာကော်မတီ၊ မြို့ပြအုပ်ချုပ်ရေး၊ မြူနီစီပယ်၊ မြို့ကော်မတီ ပေါင်းသင်းဆက်ဆံရေးလုပ်ငန်းများ ဖြေဖျော်မှု၊ ပျော်ပွဲရွှင်ပွဲများ၊ ပညာရှာမှီရာဌာနများ စသည်တို့ရှိပါသည်။ ကျန်းမာခြင်းအပိုင်းမှာ “အဆောက်အဦး သန့်ရှင်းရေး၊ သွားကိုဂရုစိုက်ရန်၊ ကွမ်းစားခြင်း အပြစ်များ အိပ်စက်အနားယူခြင်း၊ မီးဖိုဆောင်၊ လမ်းဘေးဆေးဆိုင်၊ ကာလ၀မ်းရောဂါ၊ လေအကြောင်း၊ ပလိပ်ရောဂါ၊”စသည်တို့ပါ။ တော်သလောက် ကောင်းပြီး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်သော ပြည်သူပြည် သားကောင်း တစ်ယောက်ပေါ်ထွန်း လာရေးပါ။ ကျွန်တော်တို့ကျောင်းတွေမှာ ပြည်သူ့နီတိဘာသာရပ်နှင့်ဝေးခဲ့ တာကြာပါပြီ။
နိုင်ငံတကာမှာ ပြည်သူ့နီတိကို ကျောင်းတွေမှာ သင်ကြားပေးတဲ့ရည်ရွယ်ချက်ကတော့ အဲဒီနိုင်ငံရဲ့ အနာဂတ်မှာ နိုင်ငံကြီးသားတွေ ပေါ်ထွန်းလာစေဖို့ပါ။ နိုင်ငံကြီးသားစိတ်ထား ကြွယ်ဝသူတွေအနေနဲ့ ပိုင်ဆိုင် ရမယ့်အရာတွေကတော့ -
(က) အသိတရားမြင့်မားစေခြင်း
၁။ စာရိတ္တ၏ တန်ဖိုး (ဥပမာ ရိုးသားမှု၊ လေးစားမှု၊ တာဝန်သိမှု၊ အကျင့်စာရိတ္တခိုင်မြဲမှု) ကိုသိရှိခြင်း
၂။ မိသားစုစိတ်ဓါတ် မြင့်မားမှုတန်ဖိုး (မိသားစုအချင်းချင်း မြတ်နိုးခြင်း၊ ဂရုစိုက်ခြင်း၊ မိသားစု၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားခြင်း) ကို နားလည်ခြင်း။
၃။ အဖွဲ့အစည်းစိတ်ဓါတ် (အတန်းတွင်း၊ ကျောင်းတွင်း၊ ရပ်ကွက်တွင်း ပူးပေါင်းလုပ်ဆောင်မှု၏ တန်ဖိုးကိုသိရှိ လာခြင်း) ကိုသဘောပေါက်ခြင်း။
၎။ မိမိပတ်ဝန်းကျင်၏ လေးစားတန်ဖိုးထားခြင်းကို သိရှိလာခြင်း (အတန်း၊ ကျောင်း၊ ရပ်ရွာ ဂုဏ်တက်အောင် ပြုမှုဆောင်ရွက်လိုစိတ်)
၅။ ရိုးရာဓလေ့ ယဉ်ကျေးမှုကို လေးစားရမည်ဟူသော အသိရှိလာခြင်း။
၆။ အမျိုးသားစံနှုန်းနှင့် နိုင်ငံသားကောင်း တစ်ယောက်၏ အရည်အသွေများကို သိရှိလာခြင်း။
(ခ) မြင့်မားသည့် စိတ်သဘောထား ရှိခြင်း
၁။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိစွာဖြင့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း။
၂။ တာဝန်သိ၍ တာဝန်ယူဆောင်ရွက်လိုစိတ် ရှီခြင်း။
၃။ အခက်အခဲကို နောက်မဆုတ်ဘဲ ရင်ဆိုင်ကျော်လွှားနိုင်ခြင်း။
၎။ သူတစ်ပါးအား ရိုင်းပင်းကူညီလိုစိတ် ပြည့်ဝခြင်း။
၅။ အသက်၊ ၀ါ၊ ပညာ၊ ဂုဏ်ကြီးသူကို ရိုသေလေးစားသည့် အလေ့အထရှိခြင်း။
၆။ လူအချင်းချင်း ဘ၀နောက်ခံမတူမှုနှင့် စရိုက်ကွဲပြားမှုများကို အသိအမှတ်ပြုခြင်း။
၇။ သူတစ်ပါးအောင်မြင်အောင် ကူညီစွမ်းဆောင်ပေးလိုခြင်း။
၈။ ကွဲပြားသောလူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို လေးစားတန်ဖိုးထားခြင်း။
၉။ ရပ်ရွာအကျိုး၊ လူထုအကျိုး၊ အဖွဲ့အစည်းကောင်းကျိုး သယ်ပိုးလိုစိတ် ပြင်းထန်ခြင်း။
၁၀။ လူမျိုးနဲ့ တိုင်းပြည်ကိုချစ်ပြီး ပြည်သူ့နီတိ ပြည့်ဝ၍ တာဝန်သိသော နိုင်ငံကြီးသား၏ အပြုအမူ အလေ့ အကျင့်ဖြင့် နေထိုင်ခြင်းတို့ ဖြစ်ပါသည်။
အထက်ပါအချက်အာလုံးကို ခြုံလိုက်လျှင် ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားရခြင်းရဲ့ နောက်ဆုံးရလဒ်က တော့
(က) နိုင်ငံသူနိုင်ငံသားကောင်း (Good citizen) (ခ) လူတော်လူကောင်း (Good person) (ဂ) ဒီမိုကရေစီ အကျင့်ကို လေးစားတန်ဖိုးထားသူ (သို့) ဒီမိုကရေစီဝါဒီကောင်း (Good democrat) တွေ ပေါ်ထွန်းလာခြင်းတို့ ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းကထွက်သွားတဲ့ လူငယ်တစ်ယောက်ကို လေ့ကျင့်ပေးလိုက်တဲ့ အရာအား လုံးအနက် ရင်ထဲ၊ ဦးနှောက်ထဲ စွဲကျန်ရစ်မယ့် အဓိကအရာကတော့ ပြည်သူ့နီတိပါပဲ။ ဆိုလိုတာက အဲဒီလူငယ် ဟာ ပြည်သူ့နီတိကို လေးစားလိုက်နာ ကျင့်သုံးသူ (Civic-minded person) ဖြစ်သွားဖို့ပါ။ ကမ္ဘာတစ်ဝန်းက လူ့အဖွဲ့အစည်းအားလုံးရဲ့ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှုကို အဲဒီလိုလူတွေကသာ ဆောင်ရွက်ကြမှာမို့ပါ။
ကျွန်တော်တို့ရဲ့ နိုင်ငံတော်က ချီတက်သွားနေတဲ့ လမ်ကြောင်းက ဒီမိုကရေစီလမ်းကြောင်းပါ။ ဒီမိုက ရေစီဟာ နိုင်ငံကြီးသား စိတ်ထားကြွယ်ဝတဲ့ ပြည်သူပြည်သားကောင်းတွေနဲ့မှ အောင်အောင်မြင်မြင်ကျင့်သုံးနိုင် မှာ။ ဒါ့ကြောင့် နိုင်ငံတကာ ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားပေးတာဟာ “ဒီမိုကရေစီအလေ့အကျင့်ရ အောင် လေ့ကျင့်ပေးတာပါပဲ၊ ထို့အတူ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေက ကျောင်းတွေမှာ ပြည်သူ့နီတိသင် ကြားပေးတာဟာ“နိုင်ငံရေးကောင်းဖို့” ပါတဲ့။ ပြည်သူ့နီတိ ကုံလုံတဲ့ နိုင်ငံသာတွေပေါပါမှ ဒီမိုကရေစီရဲ့“စံ” ၊ အနှစ်သာရကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်လို့ပါ။
ကလေးငယ်တွေဟာ ပြည်သူ့နီတိသင်ကြားပေးမှုကင်းမဲ့ခဲ့ရင် ကြီးနိုင်ငယ်ညှဉ်းနဲ့ အတ္တစိတ်ထားကြီးသူ၊ စာနာစိတ်မဲ့သူ၊ စည်းကမ်းမလေးစားသူ၊ တာဝန်မသိတတ် သူတွေအဖြစ် ကြီးပြင်းလာမှာပါ။ အဲဒီစိတ်ထားဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ မရှိအပ်တဲ့ စိတ်ထားနဲ့ အကျင့်ပါ။ အဲဒီသူတွေလက်ထဲ ဒီမိုကရေစီ ရောက်သွားလို့ ကတော့ ၀ရုန်းသုန်းကား ဒီမိုကရေစီပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ မျှော်မှန်းတာက “စံပြည့် ဒီမိုကရေစီ လူ့ဘောင်”ပါ။
အဲဒီလိုဖြစ်ဖို့ကတော့ ပြည်သူပြည်သားကောင်း၊ လူတော်၊ လူကောင်းနဲ့ ဒီမိုကရေစီ ၀ါဒီကောင်း တွေ လေ့ကျင့်ပေးနိုင်စွမ်း ရှိတဲ့ “ပြည်သူ့နီတိ” ဘာသာရပ်ကိုကျောင်းတွေမှာ (အထူးသဖြင့် မူလတန်းနဲ့ အလယ်တန်းကျောင်းအဆင့်) မဖြစ်မနေ သင်ကြားပေးဖို့ လိုတဲ့အချိန်ပါ။ ဒါမှမြန်မာတို့ရဲ့ “စံပြည့် ဒီမိုကရေစီ နိုင်ငံဆီသို့ ချီတက်ပွဲ” မှာ ဆူးညှောင့် ခလုပ် ကန်သင်း ကင်းကင်းနဲ့ အေးချမ်းသာယာစွာ ချီတက်နိုင်မှာပါ။
ဒေါက်တာမောင်သင်း
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၄၅
၂-ဇွန်-၂၀၁၁
http://www.maukkha.org မှကူးယူဖေါ်ပြသည်။

မြန်မာစာကို ချောင်ထိုးပစ်မှာလား

0 comments
ယနေ့ မြန်မာကလေးတွေ၊ အရွယ် အသင့်တင့် ရောက်နေတဲ့ မြန်မာ ကျောင်းသားလေးတွေရဲ့ မြန်မာ စာ အရေးအဖတ် ဘယ်လိုများ ရှိမလဲလို့ စောင်းငဲ့ ကြည့်မိသူ တိုင်း၊ မြန်မာစာကို အခြားဘာသာတွေနဲ့စာရင် လေ့လာမှု အတော်နည်းနေတာ၊
သုံးနှုန်းပြောဆိုပုံ ဆင်းရဲတာကို စိတ်မကောင်းကြီးစွာနဲ့ တွေ့နေရပါတယ်။
ပြည်တွင်းက တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို ပြန်ကြည့်ရင် မြန်မာစာ ဂုဏ်ထူးထွက်သူ အရေအတွက်ဟာ အခြားဂုဏ်ထူးထွက်သူ အရေအတွက်ထက် အလွန်နည်းပါတယ်။ အောင်မှတ်တွေကို ကြည့်ရင် မြန်မာစာရဲ့ အောင်မှတ်က တခြား ဘာသာတွေရဲ့ အောင်မှတ်ထက် နည်းနေပါတယ်။ မြန်မာစာကို အသင်အပြကောင်းတဲ့ ဆရာဆိုလည်း အခြားဘာသာ အသင်ကောင်းတဲ့ ဆရာအရေအတွက်ထက်  နည်းကြပါတယ်။
မြန်မာစာမှာ အမှတ်နည်းတာလောက်ကို ကျောင်းသားတွေစိတ်ထဲ သိပ်အလေးထားပုံ မပေါ်ဘူး။ တက္ကသိုလ် ရောက်ပြန်တော့လည်း မြန်မာစာယူဖို့ စဉ်းစားတဲ့ ကျောင်းသားက အခြားဘာသာယူသူတွေထက် နည်းနေပြန်ပါကော။ မြန်မာစာအပေါ် ရည်ရွယ်ချက်ကြီးသူ၊ ၀ါသနာထုံသူ၊ မြန်မာစာသဘောကို နက်နက်နဲနဲ တီးခေါက်မိသူတွေသာ မြန်မာစာဘာသာရပ်ကို အဓိကဘာသာ အဖြစ်ယူကြတယ်။
ကျွန်တော်တို့ သူငယ်တန်းကျောင်းသား ဘ၀တုန်းက ၀ လုံးကို ကျောက်သင်ပုန်းမှာ ကျောက်တံနဲ့ အကြိမ်ကြိမ် ရေးကြရတယ်။ ကျောင်းမှာလည်းရေး၊ အိမ်မှာလည်းရေး အမေနဲ့ အဖေက ၀ိုင်းကူပေးသေးတယ်။ ဗျည်းသရတွေ စနစ်တကျ ဆွဲနိုင်ဖို့ ကျောင်းမှာဆို ဆရာတွေက လက်ထပ်လို့သင်ပေး။ အိမ်မှာဆို မိဘ တွေက ကြပ်မတ်ပေး။ လေးကြောင်းမျဉ်းနဲ့ လက်ရေးလှဖို့ကိုလည်း သင်ခဲ့ရသေးတယ်။ ကဗျာဆိုရင်လညှ်း လက်ဟန်ခြေဟန်၊ အမူအယာ မှန်မှန်နဲ့တစ်တန်းလုံး ယိမ်းကနေသလို  ဆိုခဲ့ရသေးတယ်။ မြန်မာစာဆို အရေးလည်းပျော်ခဲ့၊ အဖတ်လည်း ပျော်ခဲ့ကြရတယ်။ ငယ်ငယ်က ဆိုခဲ့ ရတဲ့ ကဗျာတွေကို ဒီနေ့အထိ အလွတ်ရနေတုန်းပဲ။
သုံးတန်း လေးတန်းရောက်ပြန်တော့ ရာသီအလိုက် လ အလိုက်ကျင်းပတတ်တဲ့ ပွဲတော်တွေကို အကြောင်းပြုလို့ လစဉ်နီးပါး အနည်းဆုံး စာစီစာကုံး တစ်ပုဒ်ရေးရတယ်။ ဆရာက ခေါင်းစဉ်ပေးတယ်၊ ရေးသားတဲ့ အချက်အလက်တွေ ကို ကျောင်းသားတွေနဲ့ ယှဉ်ပြီး တွေးစေတယ်။ ကျောင်းသားတွေ ဘာရေးမလဲဆိုတာကို ဆွဲထုတ်ခိုင်းတယ်။ ကျောင်းသား တွေဆီက တစ်ယောက်တစ်မျိုးဆီ အချက်အလက်တွေက ထွက်လာတယ်။
စာစီစာကုံး ခေါင်းစဉ်နဲ့ ကိုက်ညီတဲ့ အချက်အလက်တွေလည်း ထွက်လာသလို၊ မကိုက်ညီတဲ့ အချက်အလက်တွေလည်း ထွက်လာတယ်။ ကိုက်ညီတဲ့ အချက်အလက်တွေကို စုစည်းပေးပြီး ခေါင်းစဉ်နဲ့ မကိုက်ညီသော အချက်အလက်များကို ဘယ်လို အခါမျိုးကျမှ ရေးသင့်ကြောင်း၊ ဘယ်လိုခေါင်းစဉ်နှင့်ကျမှ သုံးသင့်ကြောင်း ညွှန်ကြားပြီး အိမ်စာပေးလိုက်တယ်။ လိုအပ်ရင် မိဘများထံမှ အကြံညဏ်များကိုလည်း ရယူနိုင်ကြောင်း မှာကြားလိုက်သေးတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ လစဉ် စာစီစာကုံး ရေးဖြစ်ကြတယ်။ ကျောင်းရောက်တော့ ယောက်ျားလေးထဲက အကောင်းဆုံး စာစီစာကုံးတစ်ပုဒ်နဲ့ မိန်းကလေးထဲက အကောင်းဆုံး စာစီစာကုံး တစ်ပုဒ်ကို ရွေးချယ်ပြီး ဂုဏ်ပြုတဲ့ အနေနဲ့ ဆရာကိုယ်တိုင် ဖတ်ပြတယ်။ ဆရာက လက်ရေးလှဖို့ကိုလည်း တိုက်တွန်းရင်း အားပေးတယ်။
သတင်းစာ မဂ္ဂဇင်းတွေမှာလို စာပုဒ် ဖြတ်တောက်ရေးနည်း တွေနဲ့ ရေးရတယ်။ အာဇာနည်နေ့တို့လို၊ အမျိုးသားအောင်ပွဲ နေ့တို့လို၊ စာဆိုတော်နေ့ အထိမ်းအမှတ် နေ့မျိုးတွေ မှာဆို နံရံကပ်စာစောင် အစီအစဉ်တွေလည်း ရှိခဲ့တယ်။ စာကြည့်တိုက် လည်း ထားပေးတယ်။ ရံဖန်ရံခါကျင်းပတဲ့ စကားရည် လုပွဲတွေ၊ ကျဗန်းစကားပြော ပြိုင်ပွဲတွေလည်း ရှိခဲ့တယ်။
နှစ်သက်ဖွယ် အကောင်းဆုံးကတော့ နာမည်ကျော် စာရေးဆရာ ကြီးတွေရဲ့ စာပေဟောပြောပွဲတွေပဲ ဖြစ်တယ်။ ကျောင်းတွင်း မှာကော၊ ရပ်ကွက်များမှာပါ ကျင်းပကြပါတယ်။ အထူးသဖြင့် စာဆိုပွဲရာသီ နတ်တော်လမှာဖြင့် စာပေဟောပြော ပွဲတွေဟာ ဟိုနေရာတစ်ပွဲ ဒီနေရာတစ်ပွဲ မနည်းပါပဲ။
အဲဒီအချိန်များမှာဆို ခေတ်ပေါ်တေးဂီတ concert ပွဲတွေကလည်း တစ်ဖက်၊ မြန်မာ့စာပေ ဟောပြောပွဲတွေကလည်း အဲဒီပွဲ ပရိတ်သတ်နဲ့အပြိုင် ရှိနေကြတယ်။ မြန်မာ့စာပေ ပရိတ်သတ်ရဲ့အားဟာ အားရလောက်ပါတယ်။ သက်ကြီးစကား သက်ငယ်ကြားဆိုသလို ၀ါရင့်စာရေး ဆရာကြီးများရဲ့ အဟောအပြော ဆိုဆုံးမစကားများဟာ လူငယ်တွေအတွက် အတုယူ မှတ်သားစရာများပါ။ လူငယ်တွေရဲ့ ချော်နေတဲ့ လမ်းတွေကို တည့်ပေးတယ်။ မှားနေတဲ့ အတွေးတွေကို အမှန် တွေးနိုင်အောင် ပြင်ပေးတယ်။ လူကြီးတွေရဲ့ မှားခဲ့တာတွေကိုလည်း သင်ခန်းစာအဖြစ် ရယူနိုင်ခဲ့တယ်။ လူငယ်တွေက ဟောပြောသူ ဆရာကြီးတွေကို အားကျလာကြတယ်။ သူတို့လို တတ်ချင် ပြောချင် လာကြတယ်။
အဲဒီအခါ လူငယ်တွေမှာ စာဖတ်ချင်စိတ်တွေ နိုးကြားလာကြတယ်။ ရပ်ကွက် စာကြည့်တိုက်တွေလည်း ဟိုတစ်ကွက် ဒီတစ်ကွက် ရှိနေကြသလို စာဖတ်သူတွေလည်း များပြားလာကြတယ်။ အဲဒီမှာ လူငယ်တွေဖြစ်တဲ့ ကျွန်တော်တို့ဟာ ထိုစာရေးဆရာကြီးများကို လေးစားအားကျစိတ်များ တဖွားဖွားပေါ်လာပြီး၊ သူတို့ရဲ့ အရေးအသား သူတို့ရဲ့ အတွေးများကို နားထဲဆွဲနေကြတာမို့၊ အခုလိုအချိန်မှာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် တပည့်များကို အခါအားလျော်စွာ စာသင်ခန်းကနေ လက်ဆင့်ကမ်း မျှဝေနိုင်ခဲ့ကြပါတယ်။
ယခုကာလကို ပြန်ကြည့်ရင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျန်တာတွေ အားလုံးအောင်ပြီး မြန်မာစာ တစ်ဘာသာထဲကျတဲ့ ကျောင်းသားတွေ ရှိနေပါတယ်။ တချို့ကျောင်းသားတွေဆို ကိုယ့်လက်ရေးကိုတောင် ကိုယ်ပြန်မဖတ်တတ်တဲ့ အဆင့်ထိ အလွန်ဆိုးဝါးနေပါတယ်။ လစဉ်အလိုက်၊ စာစီစာကုံးရေးသံတွေ မကြားရတော့ပါဘူး။ စာမေးပွဲရောက်မှသာ စာစီစာကုံးကို ဖြစ်သလို ရေးကြပါတယ်။ နံရံကပ်စာစောင် အစီအစဉ်တွေလည်း ပျောက်သွားပါပြီ။
အပြောအဆိုလွတ်လပ်ခွင့် မရတဲ့ နိုင်ငံအတွက် စာပေဟောပြောပွဲဆိုတာကလည်း ကွက်ကျားမိုးလို ပါပဲ။ နားရှိသော်လည်း မကြားရ။ မျက်စိရှိသော်လည်း မမြင်ရတဲ့ မြန်မာကျောင်းသားတို့ရဲ့ ဘ၀ဟာ လမ်းပြမယ့်သူတွေ ပျောက်ခြင်းမလှ ပျောက်နေပါတယ်။
နောက်ဆုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာမေးပွဲအထူးထုတ်ပါ စာစီစာကုံးတွေ အလွတ်ကျက်ပြီး မေးခွန်းနဲ့ တိုက်ဆိုင်ရင်ဖြေ၊ မတိုက်ဆိုင်ရင် ဖြစ်သလို ရေးထားခဲ့ကြတာပါပဲ။ လမ်းညွှန်မှုတွေနည်း၊ လမ်းပြကြယ်တွေနည်းတဲ့ ကာလမှာ အတွေးနည်းလို့ အရေးနည်း လာကြတဲ့အတွက် မြန်မာကျောင်းသားတွေ မြန်မာစာအရေး အလွန်ကို နည်းလာကြပါတယ်။
ထို့အတူပဲ နယ်စပ်က မိုင်းဂရန့် ကျောင်းတွေမှာလည်း မြန်မာစာအပေါ် စိတ်ဝင်စားမှုတွေ နည်းနေတာကို တွေ့ရတယ်။ အချို့ကျောင်းသားများက စကော်လားရှစ် ပညာရေးကို လိုက်ကြတော့ မြန်မာစာ မသင်ချင်ကြတော့ဘူး။ အင်္ဂလိပ်စာကိုသာ ဦးတည်ပါတော့တယ်။ မြန်မာစာကို ထဲထဲဝင်ဝင်သင်ပေးနိုင်တဲ့ ဆရာကလည်း ရှားလာတယ်။ ပြည်တွင်းက သင်ရိုးကုန် အထူးထုတ်ကိုကိုင်၊ အထူးထုတ်ပါအတိုင်း စာခေါ်ပေး၊ ကျောင်းသားတွေက လိုက်ရေးကြ။ ပြီးရင် အလွတ်ကျက်၊ ဒီစနစ်နဲ့သွားနေတာက များနေတယ်။
အထူးထုတ်တွေမှာ အမှားပါလေ့ပါထ ရှိကြတယ်။ အထူးထုတ်ကို လုံးဝဥဿုံ အားမကိုးသင့်ပါဘူး။ အရန်အကူအဖြစ် ထားချင်ထားပါ။ ဆရာကိုယ်တိုင်ကလည်း ကိုယ်ပိုင် အတွေးအခေါ် သင်ပေးသင့်ပါတယ်။ မြန်မာစာ အသင်အပြ ကောင်းရင် ကျောင်းသား မပြောနဲ့ ကြားသူပတ်ဝန်းကျင်ကပင် နားထောင်ချင်တဲ့ ဘာသာရပ်မျိုးပါ။ လက်ရေးလက်သား ကလည်း ကန်စွန်းရွက်သည် အကြွေးတောင်းတဲ့ လက်ရေးနဲ့ သတ်ပုံမျိုး မဖြစ်အောင် ဆရာကိုယ်တိုင် ရှောင်ကြဉ် ရပါမယ်။ တပည့်ကျောင်းသားသည် ဆရာကို စံပြု အတုယူရမှာ ဖြစ်လို့ ဆရာရဲ့ အရည်အချင်းဟာ အဓိက ဖြစ်နေပါတယ်။
မြန်မာစာ ဆရာတွေကိုယ်တိုင် သင့်တင့် လျောက်ပတ်တဲ့ စာစီစာကုံးမျိုး ရေးနိုင်ကြဖို့လည်း လိုအပ်ပါတယ်။ နယ်စပ်က မိုင်းဂရန့်ကျောင်းတွေကတော့ နေ့ထူးနေ့မြတ်တွေမှာ မြန်မာစာနဲ့ ပတ်သက်တဲ့ အရေးအပြောအဆို ပြိုင်ပွဲများ ရှိနေတာမို့ မြန်မာစာအတွက် အားတက်ရမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။
သို့သော် ကျောင်းတိုင်းကျောင်းတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး အတွက် ကျောင်းတိုင်းရှိ  ကိုယ်စားလှယ်များပါဝင်တဲ့ အဖွဲ့အစည်းတစ်ရပ်ကိုလည်း ဖွဲ့စည်း ထားသင့်ပါတယ်။ ကြိုတင်လေ့ကျင့်ဖို့ အချိန်ပေးခြင်း၊ ပြိုင်ပွဲအတွက် ကြိုတင် အကြောင်းကြားခြင်း၊ ကျောင်းတိုင်းပါဝင်လာအောင် ဆွဲဆောင်ပေးခြင်း အထူးလိုအပ် ပါလိမ့်မယ်။ စာမေးပွဲတစ်ခါလာမှ စာစီစာကုံးတခါ ဖြေရတဲ့ အဖြစ်မျိုး မဖြစ်သင့်ပါဘူး။
မြန်မာအချို့ဟာ  ခွင့်တိုင်စာကိုပင် အဆင်ပြေပြေ ဆ်ီလျော်အောင် မရေးနိုင်ကြပါဘူး။ ဒီအထဲမှာ အချို့ ဆရာတွေလည်း ပါနေပါတယ်။ ဒီလိုဖြစ်ရတာ မြန်မာစာ အရေးအသား အလေ့အထ နည်းလို့ပါ။ ရေးမယ်ဆိုရင် တွေးရပါမယ်။ မတွေးရင် အရေးမပီပြင်ပါဘူး၊။ အတွေးကောင်းရင် အရေးကောင်းလာတတ်ပါတယ်။ ကိုယ်တိုင်တွေးပါမှ  တပည့်များအတွက် အတွေးလမ်းကြောင်းကို ဖွင့်ပေးနိုင်မှာ ဖြစ်တယ်။ မည်သည့်ဘာသာရပ်မဆို တွေးဖို့ အတွေးအခေါ် မှန်ကန်ဖို့ လိုပါတယ်။ အတွေးမှန်မှ အရေးမှန်၊ အတွက်အချက်လည်းမှန်မှာ ဖြစ်တယ်။
ဒါကြောင့် ဆရာကိုယ်တိုင် စတွေးနိုင်ပါမှ ကျောင်းသားလည်း တွေးလာနိုင်မှာ ဖြစ်တယ်။ ကျောင်းသားတွေးနိုင်ဖို့ ဆရာကိုယ်တိုင်က ရေလာမြောင်းပေးစကား ပြောပေး သင့်တယ်။ မိုင်းဂရန့် ပညာရေးဝန်ထမ်းတွေအတွက် BMTA ကကြီးမှူးကျင်းပပေးလေ့ရှိတဲ့ ဒေါက်တာသိန်းလွင်ရဲ့ RWCTသင်တန်းက ဆရာတွေရဲ့ အတွေးဓားကို ထက်စေမယ့် ဓားသွေးကျောက် တစ်လက်ပါပဲ။
ဘာသာရပ်တိုင်းမှာ ဘာကိုရည်ရွယ်ပြီး ဒီအကြောင်းအရာကို သင်ရတာလဲ၊ ဘယ်မှာ အသုံးပြုမှာလဲ၊ ဘာကြောင့် အသုံးပြုရမှာလဲ၊ လူ့လောကအတွက် ဘယ်လို အကျိုးရှိသလဲ၊ ဒါတွေကို ကျောင်းသားများ ဆက်စပ်တွေးခေါ် လာနိုင်အောင် သင်ပေးကြရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက စာလုံးပေါင်းသတ်ပုံကိစ္စ ဖြစ်ပါတယ်။ လူငယ်ဆရာတစ်ဦးက ပြောပါတယ်။ အိမ်ကို ‘မ’သတ်နဲ့ပဲအိမ်အိမ် ‘န’သတ်နဲ့ပဲအိမ်အိမ် ကျောင်းလို့တော့ ဘယ်သူမှ မဖတ်ပါဘူးတဲ့။
သူပြောလိုတာက စာလုံးပေါင်းသတ်ပုံအရေးမကြီးဘူး။ ဖတ်လို့နားလည်ရင် ပြီးရောဆိုတဲ့ သဘောပဲပေါ့။ ဒါဆိုရင် အဲဒီဆရာကို ကျွန်တော်ပြောလိုက်ချင်တယ်၊ ခင်ဗျားကိုယ်တိုင် စာလုံးပေါင်းသတ်ပုံ အမှားများနဲ့ ရေးထားတဲ့ စာအုပ်တစ်အုပ်လောက် လူတွေဖတ်ဖို့ ထုတ်ကြည့်ပါလားလို့ အဲဒီလိုပဲ တိုက်တွန်းချင်ပါတယ်။
တချို့ တိုင်းတစ်ပါးသားတွေ မြန်မာစာကို အထူးပြု လေ့လာနေကြပါတယ်။ မြန်မာစာကို မြန်မာတွေထက် ပိုသိပိုတတ်တဲ့ နိုင်ငံခြားသားတွေ ဟိုးအရင် ကတည်းက ယနေ့ထိတိုင် ရှိနေပါတယ်။ ကျွန်တော်မိတ်ဆွေ တစ် ယောက်က တရုတ်ပြည်ကလာလည်တဲ့ သူ့ဧည့်သည်ကို ရွှေတိဂုံဘုရားလိုက်ပို့တော့ ဘုရားစောင်းတန်းက အ ဆင်းမှာ သူတို့လျှောက်ခဲ့တဲ့ လမ်းကို လက်ညိုးထိုး ပြီး ဒါကို မြန်မာလို ဘယ်လို ခေါ်သလဲလို့ မေးတယ်။ ကျွန်တော့် မိတ်ဆွေ မြန်မာပြည်ဘွဲ့ရက လှေကားလို့ အလွယ်တကူ ဖြေလိုက်တယ်။ ချက်ချင်းပဲ တရုတ် ဧည့်သည်က မဟုတ်ဘူး၊ လှေကားထစ်လို့ ပြန်ပြင် ပေးလိုက်တော့မှ မြန်မာအိမ်ရှင် ဆင်ခြင်မိပါတော့တယ်။
ယနေ့ထိုင်းနိုင်ငံရဲ့ ပညာရေးစီမံကိန်းမှာ မိခင်ဘာသာ ရပ်အပြင် အင်္ဂလိပ်စာနဲ့ အိမ်နီးချင်းနိုင်ငံတို့ရဲ့ ဘာသာစကား၊ စာတွေကို (အထူးသဖြင့် မြန်မာစာကို) သင်နေကြပါပြီ။ နိုင်ငံရေး၊ စီးပွားရေး အတွက် အထူးမောင်းနှင်အားကို သိနေကြပါပြီ။ မြန်မာလူမျိုးတစ်ယောက် အင်္ဂလိပ်စာ essay တစ်ပုဒ် ရေးမယ်ဆိုရင်တောင်၊ နံပါတ်တစ် မြန်မာလိုတွေးလို့ မြန်မာလိုရေးဖို့ ရှေ့ပြေးလိုအပ်မယ် ထင်ပါတယ်။ ထိုမှတဆင့် အင်္ဂလိပ်လို ရေးဖြစ်ရင် ပိုမိုကောင်းမွန်တဲ့ essay ဖြစ်လာမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာဖြစ်နေလို့ပါ။ မြန်မာနဲ့ နီးစပ်တာ မြန်မာစာပဲ မဟုတ်ပါလား။ မြန်မာစာကို ဂဃနဏ ရေးနိုင်တဲ့ အချိန်ကိုရောက်မှ အင်္ဂလိပ် လိုရေးရင် အဆင်ပြေချောမောနိုင်ပါလိမ့်မယ်။
ကမ္ဘာကြီးက ယခင်က ရေခြားမြေခြား အရှေ့ အရပ်၊ အနောက်အရပ် ခြားနေခဲ့တယ်။ ဒါပေမဲ့ အသိပညာ၊ အတတ်ပညာ ထွန်းကားတဲ့ ယခုလို အိုင်တီခေတ်ကြီးမှာ ရေကိုတားသော် အကြားမရှိသကဲ့သို့ နည်းပညာတွေကြောင့် ကမ္ဘာမြေကြီးကို ဟိုဘက်ဒီဘက်ခြားလို့ မရနိုင်တော့ပါ။
ယဉ်ကျေးမှု ဘာသာစကားတို့မှာ တစ်နေရာနဲ့ တစ်နေရာ ကူးလူးယှက်ဖြာနေပြီး၊ လူနေမှုဘ၀တွေ အင်မတန် တိုးတက်လာနေချိန်မှာ ဘာသာစကား စာမျိုးစုံတို့ကို တတ်မြောက်ထားဖို့ လိုပါတယ်။ နောက်ပြီး မိမိအမျိုးသား စာကိုလည်း အခြားသော ကမ္ဘာသူကမ္ဘာသားများကို  ဦးဆောင်ဖြန့်ဝေ ပေးရမှာဖြစ်လို့ မိမိအမျိုးသားစာကို မိမိကိုယ်တိုင် ချစ်မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်လို့ တတ်မြောက်အောင် အပတ်တကုတ် သင်ကြားနေဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။         ။
ဆရာဌေး (B.H.S.O.H)









မောက္ခပညာရေးဆိုက်မှကူးယူတင်ပြသည်။ 

Invitation for upcomming Buddhist Event

0 comments

မွန်အမျိုးသားနေ့ပြည်တွင်းပြည်ပကျင်းပ

0 comments
ဖေဖေါ်ဝါရီ (၁၉)ရက်နေ့ဟာ (၆၄)နှစ်မြောက်မွန်အမျိုးသားနေ့ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ မွန်အမျိုးသား နေ့ကိုမွန်ပြည့်နယ်သံ ဖြူဇရပ်မြို့ကိုဗဟိုပြုပြီးကျင်းပကြသလို မွန်ပြည်သစ်ပါတီကတော့ သူတို့ရဲ့ဗဟိုစခန်း ၀န်းကျင်မှာ ကျင်းပကြပါတယ်။
       ဒီတော့မွန်လူမျိုးတွေရဲ့လိုလားချက်ကဘာတွေလဲ၊ လက်ရှိရှိနေတဲ့မွန်နိုင်ငံရေးပါတီတွေကတော့ လက်နက်ကိုင်လမ်းစဉ်ကို ကျင့်သုံးနေတဲ့နေတဲ့မွန်ပြည်သစ်ပါတီရယ် ပြီးတော့ နအဖဥပဒေဘောင်အတွင်း မှာ လှုပ်ရှားနေတဲ့မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရယ်ဘဲရှိပါတယ်။
         သူတို့ဟာကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုအတူတူ ရည်မှန်းကြပေမယ့် လက်တွေ့အကောင်အထည်ဖော်မယ့် လမ်းကြောင်းကတော့ မတူညီကြပါဘူး မွန်ဒေသ လုံးဆိုင်ရာပါတီကတော့ အတူတကွ ယှဉ်တွဲနေထိုင်ရေးကိုအကြောင်းပြုပြီး လက်ရှိလွှတ်တော်မှာ ပါဝင် ဆောင်ရွက်သွားဖို့ရည်ရွယ်ပေမယ့် အခက်အခဲတော့ဖြစ်နေပြီလို့ပါတီ ဥက္ကဌနိုင်ငွေသိမ်းက ဆိုပါတယ်။
        မွန်ပြည်သစ်ပါတီကတော့ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးအရဖြေရှင်းခွင့် မရှိတဲ့အခြေအနေမှာ နအဖ ကလည်းလက်နက်ချဖို့သာဖိအားပေးလာနေတော့ သူတို့ရဲ့ (၁၅)နှစ်တာအပစ်အခတ်ရပ်စဲရေးကိုပယ်ဖျက်ခဲ့ ပါတယ်။ ဒါပေမယ့် မွန်ဒေသလုံးဆိုင်ရာပါတီရဲ့ကြိုးပမ်းမှုကိုတော့ ထောက်ခံတယ်လို့ အထွေထွေအတွင်းရေး မှုးဖြစ်တဲ့နိုင်ဟံသာက ဘီဘီစီကိုပြောပါတယ်။
        တကယ်တော့မွန်လူမျိုးဟာမိမိတို့ရည်မှန်းချက်ကို ရရှိဖို့အတွက် (၁၉၄၈)ခုနှစ်ကတည်းက စတင်ပြီး ဥပဒေအတွင်းရောလက်နက်ကိုင်လမ်းစဉ်နဲ့ပါ ကျင့်သုံးပြီးအခုထိတိုက်ပွဲဝင်နေဆဲလို့ပြောရမှာဖြစ်ပါတယ်။ အဲဒီစိတ်ဓါတ်တွေဟာဒီကနေ့ကျင်းပတဲ့ စည်းကားလှတဲ့အမျိုးသားနေ့အခမ်းအနားကိုကြည့်ရင် ခေတ်လူငယ် တွေဟာမွန်အလံတော်တွေကို ကိုင်ဆောင်ပြီးမြို့တိုင်းရွာတိုင်းအရောက် လှည့်လည်နေတာကိုတွေ့မြင် နိုင်ပါတယ်။ 

Source: BBC

National Network will promote Democracy and Human Rights

0 comments
ဧရာဝတီ Tuesday, 08 February 2011 17:29
တနိုင်ငံလုံး ချိတ်ဆက်ဖွဲ့စည်း လုပ်ဆောင်မည့် လူထုကွန်ရက်တွင် ရည်ရွယ်ချက်နှင့် ထိန်းကွပ်ရမည် ဖြစ်ပြီး ရည်ရွယ်ချက်မှာ လူအခွင့်အရေးနှင့် ဒီမိုကရေစီအရေး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ကျင်းပပြုလုပ်သော “ပြည်နယ်/တိုင်း လူငယ်များတွေ့ဆုံပွဲ” တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခြင်းဖြစ်သည်။
လူထုကွန်ရက်တွင် သဘောထားကြီးရန်၊ နားလည်မှုရှိရန်၊ အားလုံးပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည် (ဓာတ်ပုံ - ဧရာဝတီ)
“ကွန်ရက်ဆိုတာက ဖွင့်ထားတာ၊ သဘောထားကြီးရမယ်၊ နားလည်မှုရှိရမယ်၊ ကွန်ရက်ဆိုတဲ့ အခြေခံသဘောထားကို နားလည်နိုင်အောင် ကြိုးစားရမယ်။ တူညီတဲ့သဘောထား၊ တူညီတဲ့လုပ်ငန်းစဉ်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်သွားရမယ်။ ကွန်ရက်လုပ်နေတယ်၊ လာမရှုပ်နဲ့ဆိုတာမျိုး မဖြစ်ရဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကွန်ရက်တွင် လူတိုင်းပါဝင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကွန်ရက်မှာ လူကြီးတွေ မပါရဘူးဆိုတာမျိုး မဟုတ်ဘူး။ လူငယ်တွေလည်း ပါမယ်၊ လူကြီး တွေလည်းပါမယ်။ အဓိက လူငယ်တွေက အင်အားရှိတော့ သွားနိုင်၊ လာနိုင်တော့ လူကြီးတွေထက်ပိုပြီး လှုပ်ရှားနိုင်တယ်။ ကန့်သတ်မှုတွေရှိရင် ကွန်ရက်ရဲ့ဘောင်က ကျဉ်းသွားမယ်” ဟု ဆိုသည်။

လူထုကွန်ရက်တွင် NLD ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “NLD ကတော့ နိုင်ငံရေးပါတီဖြစ်တဲ့အတွက် နိုင်ငံရေးလုပ်အနေနဲ့ ဆောင်ရွက်မယ်။ ဒီ့အပြင် လူမှုရေး လုပ်ငန်းတွေကိုလည်း တိုးချဲ့လုပ်ဆောင်သွားမယ်” ဟု ဆိုသည်။

ယနေ့ တွေ့ဆုံပွဲသို့ တက်ရောက်သည့် ပဲခူးတိုင်းမှ မချောစုထွေးက “ကျမတို့က နိုင်ငံရေး အကျဉ်းသား မိသားစုဆိုတော့ ပတ်ဝန်ကျင်က မမေးရဲ၊ မဆိုရဲ၊ မပြောရဲ၊ မဆက်ဆံရဲတာ၊ ပြည်သူတွေ အတွေးအမြင် နိမ့်ကျနေတာ၊ နိုင်ငံရေးဆိုတာ အန်တီစု အဓိပ္ပာယ်ဖွင့်ဆိုသလို ပြည်သူတွေက မသိကြတာ ဆိုတဲ့အကြောင်း တင်ပြခဲ့ပါတယ်” ဟု ပြောသည်။

တက်ရောက်လာသည့် လူငယ်များက အပြန်အလှန် မေးမြန်းကြရာ ဒေါ်အောင်ဆန်းစုကြည် ဖြေကြားသည့်အပြင်၊ မစ္စတာ ဂျွန်ယက်တော အမှုနှင့် ပတ်သက်၍ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း၊ စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးတို့က အသီးသီးဖြေကြားပေးကြောင်း သိရသည်။

ယနေ့ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များတွေ့ဆုံပွဲသို့ လူငယ် ၂၀၀ ကျော်တက်ရောက်ပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့နှင့် ဧရာဝတီတိုင်းမှ လူငယ်ရှေ့နေများကွန်ရက်စသည်တို့ တက်ရောက်ကြောင်း NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွေ့ဆုံဆွေးနွေးပွဲသို့ နေရာအခက်အခဲကြောင့် မတက်ရောက်နိုင်သော တခြားပြည်နယ်နှင့် တိုင်းဒေသအသီးသီးမှ လူငယ်များနှင့် ထပ်မံတွေ့ဆုံသွားမည်ဟု သိရှိရသည်။

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပထမဆုံးအကြိမ် လူငယ်များနှင့် တွေ့ဆုံပြီးနောက် လူငယ်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုများ ရှိနေပြီး အဆိုပါလှုပ်ရှားမှုများတွင် တိုးတက်မှုများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပထမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပခြင်း

0 comments
မြန်မာ့ယဉ်ကျေးမှုအသင်း အယ်ဘားတားပြည်နယ်
အက်ဒမင်တန်မြို့၊အယ်လ်ဘားတားပြည်နယ်၊ကနေဒါနိုင်ငံ
Burmese Cultural Society of Alberta
Edmonton,AB
Canada

မင်္ဂလာပါအသင်းသူအသင်းသားများခင်ဗျား

၂၀၁၁ခုမင်္ဂလာနှစ်သစ်နှင့်အတူ၊မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်ရဲ့ပထမအ ကြိမ်၊နှစ်ပတ်လည်အစည်းအဝေးကြီးကို၂၀၁၁-ခု ဇန္နဝါရီလ(၈)ရက်နေ့မှာ၊ အောင်မြင်စွာကျင်းပပြီးစီးသွားကြောင်းမင်္ဂလာသတင်း ကောင်းပေးလိုပါတယ်။
ဒီနှစ်ကျင်းပပြီးစီးသွားတဲ့နှစ်ပတ်လည်အစည်းဝေးရဲ့ထူးခြားချက်ကတော့အစည်း အဝေးမှာတွေ့ရှိရတဲ့အသင်းသူအသင်းသားများရဲ့အသင်း၏ပြီးခဲ့တဲ့တနှစ်အ
တွင်းလုပ်ဆောင်ခဲ့တဲ့လုပ်ငန်းများအပေါ်စိတ်ပါဝင်စားမှု၊ အားရကျေနပ်မှုအပြင် လာမည်ဲ့နှစ်မှာလည်း ပိုမိုပြီးအောင်မြင်အောင်ပါဝင်ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းဖေါ် ပြတဲ့တက်ကြွတဲ့ထောက်ခံအားပေးမှုကိုမြင်တွေ့ရခြင်းပါဘဲ။

၂၀၀၈-ခုနိုဝင်ဘဘလ(၈)ရက်တွင် ဤအသင်းကြီးဖွဲ့စည်းတည်ထောင်ဖို့ စတင်လှုပ်ရှားခဲ့ပြီး၊ ၂၀၀၉-ခုဒီဇင်ဘာလ (၂)ရက်တွင်မြန်မာ့ယဉ်ကျေးမှုအသင်း၊ အယ်လ်ဘားတားပြည်နယ်အဖြစ် တရားဝင်မှတ်ပုံတင်ရပ်တည်လာတဲ့ဤအသင်းကြီးဟာ၊အယ်လ်ဘားတားပြည်နယ်အတွင်းမှာ
နေထိုင်တဲ့မြန်မာများအားလုံးရဲ့နေ့စဉ်ကြုံတွေ့နေကြရတဲ့လူမှုကိစ္စအဝဝတို့နှင့်ဆက်နွယ်နေသည့် အခက်အခဲများကို၊မြန်မာများအချင်းချင်းအပြန်အလှန်ကူညီခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ဖြေရှင်းကျော်လွှားပြီးအောင်မြင်မှုများရအောင်ကူညီပံ့ပိုးပေးသည့်အသင်းကြီးအဖြစ်အသင်းသူအ သင်းသားများနှင့်အတူဆက်လက်ရပ်တည်နိုင်အောင်အစွမ်းကုန်ကျိုးစားသွားမည် ဖြစ်ကြောင်းပြောကြားလိုပါတယ်။

မြန်မာယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်၏အစည်းအဝေးမှတ်တမ်း နှင့်လာမည့်နှစ်အတွင်းအကောင်အထည်ဖေါ်မည့်အသေးစိပ်အစီအစဉ်များကိုလဲ အသင်းသူအသင်းသားများသိရှိစေရန်မကြာခင်ဖြန့်ဝေပေးဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။

လာမည့်၂၀၁၁ ခု၊ဧပြီလအတွင်းတွင်ဒုတိယအကြိမ်မြောက်မြန်မာ့ရိုးရာသက်ြန်ပွဲ ကျင်းပရန်စတင်စီစဉ်နေပြီဖြစ်သောကြောင့်အသင်းသူအသင်းသားများအနေဖြင့်
အကြံပြုချက်များကိုအသင်းဥက္ကဌထံသို့ပေးပို့ပါရန်အထူးမေတ္တာရပ်ခံလိုပါတယ်။


အသင်းသူအသင်းသားများအားလုံးစိတ်ရောကိုယ်ပါရွှင်လန်းချမ်းမြေ့ပြီးအောင် မြင်မှုများရရှိသည့်နှစ်သစ်ဖြစ်ပါစေလို့ဆုတောင်းလိုက်ပါတယ်။

ခင်မင်လေးစားလျှက်

ဦးသန်းအောင်
ဥက္ကဌ
မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်
ကနေဒါနိုင်ငံ
ဖုန်း-၇၈၀ ၄၃၉ ၇၅၅၅
နေ့စွဲ၊၂၀၁၁ခု၊ဇန္နဝါရီလ(၁၅) ရက်

စံနမူနာယူထိုက်သည့် နာရေးကူညီမှုအသင်း (ရန်ကုန်)

0 comments
၂၀၁၀ ပေးဆပ်မှုများ
ကျော်သူ
ဇန်န၀ါရီ ၆၊ ၂၀၁၁ 
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အား ၂၀၁၀ ခုနှစ် တစ်နှစ်တာအတွင်း (အခမဲ့) ကူညီဖေးမ ပေးဆပ်လုပ်ဆောင်မှုများအား ဖော်ပြအပ်ပါသည်။ 
နာရေးကူညီမှု စုစုပေါင်း                                              ၁၄၃၈၄ ဦး
 ဆေးကုသ/ကူညီမှု စုစုပေါင်း                                        ၃၄၇၂၂ ဦး
              သွေးကူညီမှု စုစုပေါင်း                                                 ၁၉၆ ပုလင်း

            ၂၀၁၀ ခုနှစ်၊ ဧပြီလမှစ၍ အပူချိန်ဒီဂရီများ စံချိန်တင်မြင့်တက်လာမှုကြောင့် ပြည်နယ်နှင့် တိုင်းများတို့ရှိ ရေတွင်း/ကန်များခန်းခြောက်ကာ မြန်မာပြည်သူ/သားများ သောက်သုံးရေ ပြတ်လပ် ရှားပါးမှုဒဏ်ကို ပြည်နယ်နှင့်တိုင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ဒေသများရှိ ရေဒုက္ခသည်များအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း မိမိတို့ တတ်စွမ်းသရွေ့ အသင်းသူ/သားများ၊ ဒေသခံ လူမှုရေးသမားများနှင့် ပူးပေါင်းကာ ရေတိုလုပ်ငန်းအဖြစ် အရေးပေါ်လိုအပ်နေသော သောက်သုံးရေ တို့ကို ပေးဝေလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသလို ရေရှည်လုပ်ငန်းအဖြစ်လည်း အ၀ီစိတွင်းများ တူးဖော် ခြင်းနှင့်  ရေလှောင်အုတ်ကန်/ ရေကန်များ တည်ဆောက်လုပ်ခြင်း များကိုလည်း “အများပြည်သူ အတွက် အများပြည်သူကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)”ဟု ကဗျည်းရေးထိုးပြီး မြန်မာလူမျိုး အချင်းချင်း ရိုင်းပင်းကူညီ၊ ပံ့ပိုးဖေးမ လှူဒါန်းဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပါသည်။  

အရေးပေါ် သောက်သုံးရေပေးဝေလှူဒါန်းမှု (ရေတို စီမံကိန်း)
Ø  ကျေးရွာပေါင်း                                                                 ၂၆ ရွာ
Ø  ရေဂါလံပေါင်း                                                            ၆၈၀၀၀ ဂါလံ
အ၀ီစိတွင်း/အုတ်ရေလှောင်ကန် တူးဖော်တည်ဆောက်လှူဒါန်းမှု (ရေရှည် စီမံကိန်း)
Ø  အ၀ီစိရေတွင်းနှင့် အုတ်ရေလှောင်ကန်စုစုပေါင်း                        ၃၀ တွင်း           

၂၀၁၀ ခုနှစ် တစ်နှစ်တာအတွင်း တိုးချဲ့မှုများ
Ø  သုခအလင်း စာကြည့်တိုက် (ဖေဖော်ဝါရီလ၊ ၁၃ ရက်) ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
(စတင်ဖွင့်လှစ်စဉ် အချိန်ကာလ၌ စာအုပ်ပေါင်း ၁၀၀၀၊ ယခု အချိန်ကာလတွင် စာအုပ်ပေါင်း ၃၀၀၀ ကျော်)
သုခအလင်း စာကြည့်တိုက်တွင်ရှိသော စာအုပ်၊ စာစောင်အချို့အား ပညာဒါနအဖြစ် (ပြည်မြို့၊ ရတနာမဉ္ဇူ ပရဟိတဂေဟာ၊ စစ်ကိုင်းတိုင်း၊ သခွတ်ပင်လယ်ကျေးရွာရှိ ပညာရတနာ စာကြည့်တိုက်၊ ပဲခူးမြို့၊ မှော်ကန်လမ်းရှိ COSMO POLITAN စာကြည့်တိုက်၊ နတ်မောက်မြို့ရှိ ကျေးရွာစာကြည့်တိုက်၊ ချင်းပြည်နယ်၊ ချင်းတောင်တန်းစာကြည့်တိုက်များသို့ တစ်ဆင့် လှူဒါန်းပေးခဲ့ပါသည်။

    ဓါတ်မှန်ခန်း အဆောက်အဦ (ဇွန်လ၊ ၁၉ ရက်) ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
(တစ်ပါတ်လျှင် ၃ ရက် - အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် ဖွင့်လှစ်ရိုက်ကူး ပေးလျှက်ရှိသည်။)
   လူနာနားနေဆောင် (ဇူလိုင်လ၊ ၁၇ ရက်) နေ့တွင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါး လာရောက် ကုသကြသော လူနာများ သက်တောင့်သက်သာ နားနေရန်အတွက် ဖွင့်လှစ်ခဲ့သည်။
သုခကုသိုလ်ဖြစ်ဆေးခန်းမှ ဆေးရုံသုံး လူနာကုတင်များ၊ လက်တွန်းလှည်းထိုင်ခုံများ၊ ချိုင်းထောက်များ၊ အောက်ဆီဂျင်အိုးများ၊ သွေးများကို လိုအပ်သော လူနာများအား လှူဒါန်းခြင်း၊ ငှါးရမ်းခြင်းတို့ကို နေ့စဉ် အခမဲ့ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

    သုခအာဟာရ စားသောက်ဆိုင် (သြဂုတ်လ၊ ၂၉ ရက်) နေ့တွင် လုပ်အားပေး အသင်းသူ/သား များ၊ လူနာများ၊ လူနာရှင်များ၊ အလှူရှင်ဧည့်သည်များ ဈေးနှုန်းသက်သာစွာဖြင့် သန့်ရှင်းစွာ သုံးဆောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့သည်။
    မော်တော်ယာဉ်စက်ပြင်အဆောက်အဦ (စက်တင်ဘာလ၊ ၂၅ ရက်) နေ့တွင် ဖွင့်လှစ်ပေး ခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့ (သြဂုတ်လ၊ ၁၈ ရက်) နေ့မှ စတင်၍ နာရေး ပို့ဆောင်ရာ၌ သံဝေဂအလင်္ကာများ ရွတ်ဆိုသော ၀တ်ရွတ်အဖွဲ့ကိုပါ တိုးချဲ့ဖွဲ့စည်း ဖွင့်လှစ် နိုင်ခဲ့ပါသည်။
နာရေးဈာပန အဆောက်အဦ (သြဂုတ်လ၊ ၁၆ ရက်) နေ့မှစတင်၍ အုတ်မြစ်ချ ဆောက်လုပ်ခ ရာ ယင်းအဆောက်အဦးတွင် ဈာပနပို့ဆောင်ရေးရုံးခန်း၊ နာရေးကူညီမှုအသင်းရုံးခန်း၊ စာကြည့်တိုက်နှင့်တကွ လူမှုရေးသင်တန်းများ၊ ပညာရေးသင်တန်းများကို ထပ်မံတိုးချဲ့ သင်ကြားနိုင်ရန်အတွက် ရည်ရွယ်၍ ဆောက်လုပ်ဆဲဖြစ်သည်။
မျက်စိခွဲစိပ်ခန်း သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ကုသနေကြသော မျက်စိဝေဒနာရှင် များအား ခွဲစိပ်ကုသမှုလိုအပ်ပါက သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ခွဲစိပ်ကုသပေးနိုင်ရန်အတွက် တိုးချဲ့ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိပြီး ခွဲစိပ်ကိရိယာများအား ဂျပန်နိုင်ငံမှ မှာယူတင်သွင်းရာ၌ (၂) လ ခန့်ကြာမြင့်မည် ဖြစ်ပါ၍ ဧပြီလ အတွင်းတွင် မျက်စိဝေဒနာရှင်များအား ခွဲစိပ်ကုသပေး မှုများ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။


ဖွင့်လှစ်ခဲ့သည့် သင်တန်းများ


       ပညာရေး
မျိုးဆက်သစ်လူငယ်များ ကလေးများအတွက်လည်း အင်္ဂလိပ်စာ အခြေခံသင်တန်း၊ အဆင့်မြင့် အင်္ဂလိပ်စာသင်တန်းများကိုလည်း ပညာရည်မြင့်တင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ထားခဲ့သည်။
       ပန်းချီသင်တန်း
လူကြီး/လူငယ် ပန်းချီပညာရပ်ကို ၀ါသနာပါသူတို့အတွက် ပန်းချီဆရာကြီး ဦးဝင်းကြည် ဦးစီး၍ ပန်းချီပညာရှင်များ လာရောက်သင်ကြားမှုများ ပြုလုပ်ပေးလျှက်ရှိသည်။
       လူမှုရေးသင်တန်း
အသင်းဝင်လျှောက်ထားသော အသင်းသား/သူသစ်များအား အပါတ်စဉ် နာရေး၊ ဆေးကူညီမှု၊ လူမှုဆက်ဆံရေးတို့အပြင် ဓါတ်ပုံရိုက်သင်တန်းများပါ စာတွေ့/လက်တွေ့ သင်ကြားပို့ချ ပေးလျှက်ရှိသည်။ ထို့ပြင် သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် ပါတ်သက်သော သင်တန်း များနှင့် သဘာဝသီးနှံတို့ဖြင့် ဖော်စပ်သော ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်တို့ ထုတ်လုပ်ပုံ ထုတ်လုပ်နည်းများကိုလည်း အခါအားလျှော်စွာ သင်ကြားပို့ချလျှက်ရှိသည်။
       နာရေးပို့ဆောင်မှု အလှူ
မင်းလှမြို့ နာရေးကူညီမှုအသင်း အပါအ၀င် မြန်မာနိုင်ငံအရပ်ရပ်မှ နာရေးကူုညီမှုအသင်း များမှ အသုံးပြုရန် လိုအပ်နေသော အလူမီနီယမ်အခေါင်းများ၊ စတီးဗန်းများအပြင် နာရေး လက်တွန်းလှည်းယာဉ်တို့ကိုပါ အခါအားလျှော်စွာ လှူဒါန်းဒါနပြုခဲ့သည်။
          အချုပ်ဆိုရသော နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းစသည့် လူမှုရေး လုပ်ငန်းစဉ် အ၀၀တို့ကို ယခုကဲ့သို့ တိုးချဲ့ဖွင့်လှစ် ကုသဖေးမမှုများ ပြုလုပ်နိုင်ခြင်းသည် ပြည်တွင်း/ပ မှ သဒ္ဒါတရား နည်းများမဆို လှူဒါန်းကြသော အလှူရှင်များ၏ စေတနာ မေတ္တာ ဂရုဏာ မုဒိတာ တို့ကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် အများပြည်သူတို့၏ လှူဒါန်းမှုတို့ဖြင့် အများပြည်သူတို့အား ကူညီဖေးမ ကယ်တင်မှုများကို ပေးဆပ်နိုင်ခြင်းပင် ဖြစ်တော့သည်။
          ကျွန်တော်တို့ရေးသားပေးပို့သော “၂၀၁၀ ပေးဆပ်မှုများ” ဆိုတဲ့ ခေါင်းစီးတွင် အောက် ဖော်ပြ ပါ အ၀ီစိတွင်း/အုတ်ရေလှောင်ကန် တူးဖော်တည်ဆောက်လှူဒါန်းမှု (ရေရှည် စီမံကိန်း)အပိုင်းတွင် စုစုပေါင်းအရေအတွက်သာရေးသားခဲ့ပါသည်။ သို့ပါ၍ -
အ၀ီစိရေတွင်းနှင့် အုတ်ရေလှောင်ကန်စုစုပေါင်း        ၃၀ တွင်း  တူးဖော်လှူဒါန်းပြီး ဖြစ်ပါသည်။
ဆိုသည့် စာအောက်တွင် ထပ်မံ၍ အ၀ီစိရေတွင်း/ အုတ်ရေကန်များ လှူဒါန်းခဲ့သော မြို့၊ ကျေးရွာဒေသတို့အား ပြန်လည်၍ တိုးထည့်ချင်ပါသည်။
အ၀ီစိတွင်းများနှင့် အုတ်ရေလှောင်ကန်များတူးဖော်တည်ဆောက်ခဲ့သည့် ကျေးရွာများမှာ -
ပဲခူးတိုင်း၊ က၀မြို့နယ် (ကျေးရွာ ၁၁ ရွာ)
ခနာကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ကျောင်းတိုက်ကျေးရွာ၊ ပြည်တော်သာကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာ၊ ခနီးကျေးရွာ၊ သပြေကန်ကျေးရွာ၊ ဇွဲကိုက်ကျေးရွာ၊ သပြုကျေးရွာ၊ သခွတ်ကန်ကျေးရွာ
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ (ကျေးရွာ၊ နေရာ ၁၂ နာရာ)
သဲကုန်းမြို့နယ် - ကျူတောကျေးရွာ၊ ဇီးကုန်းလေးရွာ၊ သက်ကယ်ချင်းကုန်း
ပန်းတောင်းနယ် - မကျည်းစုကျေးရွာ၊ ရွှေမုဋ္ဌောဘုန်းတော်ကြီးကျောင်း
န၀ဒေးနယ်မြေ - ရွှေပေါက်ပင်ဘုန်းကြီးကျောင်း၊ ဆင်ဂေါင်းကျေးရွာ
ပုတီးကုန်းမြို့နယ် - ချောင်းကမ်းလေး
ပေါက်ခေါင်းမြို့နယ် - သီးကုန်းကျေးရွာ၊ ကျောက်ပြင်သာကျေးရွာ၊ ဖလံပင်ကျေးရွာ၊ ဆီဆုံကျေးရွာ
ရန်ကုန်တိုင်း (ကျေးရွာ၊ နေရာ ၅ နေရာ)
ဒလမြို့နယ် - ဓနိတောကျေးရွာ၊ ထော်အောက်ကျေးရွာ
ဗညားဒလရပ်ကွက် - မစိုးရိမ်ဘုန်းကြီးကျောင်း၊ စံပြကျေးရွာ၊ တံတားချောင်းကျေးရွာ
မကွေးတိုင်း၊ နတ်မောက်မြို့နယ် - ပင်ဂွေးချို ( ကျေးရွာ ၁ ရွာ)
ရှမ်းပြည်နယ်၊ အင်းလေးဒေသ - ရေသာဘုရားကျိန်းကျောင်း (နေရာ ၁ နေရာ)
စသည့် ကျေးရွာတို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ အ၀ီစိရေတွင်း/ အုတ်ရေလှောင်ကန်များသွားရောက်လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်၊

ကရင်နှစ်သစ်ကူးနေ့ ပြည်တွင်းပြည်ပမှာကျင်းပ

0 comments
2011-01-05 (RFA-မှကူးယူတင်ပြသည်)
ဇန်နဝါရီလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကရင် နှစ်သစ်ကူးနေ့ကို ပြည်တွင်းပြည်ပမှာ အသွင်အမျိုးမျိုးနဲ့ကျင်းပရာမှာ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ တခုပါ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဓါတ်ပုံ AFP
ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းမှာ ကရင်နှစ်သစ်ကူးပွဲတော်ကို ဒီကနေ့ ကျင်းပခဲ့ပြီး စခန်းတွင်းက ဒုက္ခသည်တွေ၊ ပြင်ပဧည့်သည်တွေ အပါအဝင် လူ ၄ သောင်းကျော်တက် ရောက်ခဲ့တယ်လို့ နှစ်သစ်ကူးပွဲ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ နော်ဒေးဒေးဖိုးက RFA ကို ပြောပါတယ်။
“အခုလုပ်တဲ့ပွဲကတော့ ခါတိုင်းပွဲထက် ပိုပြီးတော့ ခမ်းနားတာပေါ့နော်။ ပိုပြီး ကြီးကျယ်တယ်၊ ၄ သောင်း၊ ၅ သောင်း ဝန်းကျင်လောက် ရှိမှာပေါ့။ အကုန်အကျလည်း ပိုပြီးတော့ များတယ်၊ ပိုပြီးတော့ အောင်မြင်တယ်လို့ ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ဒီပွဲလုပ်တဲ့ သုံးညအတွင်းမှာပေါ့နော်၊ ဘာမှ ပြဿနာ အခက်အခဲ လူငယ်တွေနဲ့ ပတ်သက်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေလည်း မရှိဘူး၊ အေးအေးချမ်းချမ်းနဲ့ နောက်ပေါ့နော်၊ ထိုင်း MY က ပလာကိုယ်တိုင်က လာပြီးတော့ အားပေးတယ်၊ ပြီးတော့ ဒီ လုံခြုံရေးဖက်မှာလည်း MY ပေါ့နော်၊ ပူးပေါင်းပြီးတော့ လုပ်ဆောင်ကြတယ်ပေါ့၊ လုံခြုံရေးပိုင်းမှာ။”
မယ်လှဒုက္ခသည်စခန်းတွင်းက ဘောလုံးကွင်းမှာ ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကရင်နှစ်သစ်ကူး ပွဲတော်အတွင်း ကရင်ရိုးရာ ယဉ်ကျေးမှု ပြသတဲ့ အစီအစဉ်၊ ဟောပြောပွဲနဲ့ စတိတ်ရှိုး အစီအစဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
မယ်လဒုက္ခသည်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ မြန်မာဒုက္ခသည်စခန်းတွေထဲမှာ အကြီးဆုံးဖြစ်ပြီး ဒုက္ခသည် ၅သောင်းနီးပါး နေထိုင်တယ်လို့ သိရပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို KNU ထိန်းချုပ်ရာ ကရင်နယ်မြေတွေမှာ အခမ်းအနားတွေ ပြုလုပ်ခဲ့သလို၊ ဒီကေဘီအေ ခွဲထွက်အဖွဲ့ထိန်းချုပ်ရာနယ်မြေတချို့မှာလည်း ကျင်းပခဲ့ကြောင်း သတင်းရရှိ ပါတယ်။
ကရင်မျိုးသားတွေရဲ့ အခွင့်အရေးတွေ ရရှိရေးနဲ့ ကရင်အမျိုးသားတွေ လွတ်မြောက်ရေးအတွက် ကရင် အမျိုးသားထုအတွင်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြဖို့နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အချင်းချင်း အကြားမှာလည်း စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြဖို့ ကရင်အမျိုးသားနေ့မှာ KNU ကရင်အမျိုးသား အစည်းအရုံးက တိုက်တွန်းလိုက်ပါတယ်။
တချိန်တည်းမှာလည်း ကရင်နှစ်ကူး မတိုင်မီ မနေ့ညက ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ ခွဲထွက်အဖွဲ့ ထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ဖလူကြီး ဒေသဖက်မှာ စစ်အစိုးရနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာတွေ ရှိတယ်လို့ သတင်းရရှိပါတယ်။

ပြည်သူ့ ဂုဏ်ရည် ဦးကျော်သူ ရဲ့ ၂၀၁၁ နှစ်သစ်မင်္ဂလာခွန်းဆက်စကား

0 comments
~ ပြည်သူ့ ဂုဏ်ရည် ဦးကျော်သူ ရဲ့ ၂၀၁၁ နှစ်သစ်မင်္ဂလာခွန်းဆက်စကား ~

မင်္ဂလာပါ ပြည်သူ့ ဂုဏ်ရည် မိသားစုများခင်ဗျား......
၂၀၁၁ခုနှစ်ဟာမင်္ဂလာအပေါင်းနဲ့ ပြည့်စုံမယ်လို့ မျှော်လင့်မိပါတယ်။ ပြည့်စုံအောင်လည်းကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်။
၂၀၁၀ခုနှစ်ကကျွန်တော့်ကိုပေးလိုက်တဲ့ အင်အား၊ စွမ်းအားတွေဖြစ်သောပြည်သူ့ ဂုဏ်ရည်ဆိုတဲ့...
မဟာအားဆေးတစ်ခွက်ကိုသောက်သုံးပြီးသည့်အချိန်ကာလမှအစပြုပြီး
ကျွန်တော်ထပ်မံထပ်ဆင့်လူမှုရေးအင်အားများမွေးဖွားပေါ်ပေါက်လာခဲ့ရပါတယ်။
အဲဒီအင်အားတွေနဲ့ မြန်မာပြည်သူလူထုအတွက်ပေးဆပ်မှု၊နွေးထွေးမှုများကို 
ကိုယ်ကျိုးမဖက်ဘဲနှင့်သယ်ပိုးထမ်းရွက်နေသည်မှာယနေ့ တိုင်ပါ။
ကျွန်တော်..အသက်ရှင်နေသ၍ဆထက်တိုးပြီးအများပြည်သူအတွက်ပေးဆပ်သွားပါမယ်လို့ 
ပြည်သူ့ ဂုဏ်ရည်မိသားစုကိုဂတိပေးလိုက်ပါတယ်ခင်ဗျား။
ယခုကဲ့သို့မဟာအားဆေးတိုက်ကြွေးခဲ့သည့်အတွက်လည်းများစွာကျေးဇူးအထူးတင်ရှိကြောင်း နှလုံးသားတွင်ကဗ္ဗည်းတင်ထားလျက်ပါခင်ဗျား။
အားလုံး..အားလုံးသောကမ္ဘာ့ပြည်သူပြည်သားများမြန်မာပြည်သူပြည်သားများသောက ကင်းဝေးငြိမ်းချမ်းသာယာဝပြောကြပြီး
ရန်သူမျီုးငါးပါးဒဏ်မှကင်းဝေးကြကာလူ့ အခွင့်အရေးအပြည့်အ၀ရရှိကြပါစေ......

- ကျော်သူ
---------------------------- 
နာရေးကူညီမှုအသင်း(ရန်ကုန်)
အမှတ် (၁၃/က)၊ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ ၈၆၄ ၀၂၂၀၊ ၀၉ ၈၅၀ ၁၆၅၆
----------------------------
သုခကုသိုလ်ဖြစ်ဆေးခန်း
၅၈၃၅၁၄

အော်ရီဂွန်လူငယ်များနှင့် ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ HIV/ AIDS လူနာများကူညီရန် ဈေးရောင်းမည်

0 comments
အော်ရီဂွန်လူငယ်များနှင့် ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ HIV/ AIDS လူနာများကူညီရန် ဈေးရောင်းမည်
မိုးမခအထောက်တော် ၀၀၂
ဒီဇင်ဘာ ၃၀၊ ၂၀၁၀  
  အော်ရီဂွန်ပြည်နယ်၊ ပေါ့တ်လင်းမြို့နှင့် ပတ်ဝန်းကျင်မြို့နယ်များတွင် နေထိုင်ကြသည့် မြန်မာမိသားစုများ စုပေါင်းပြီး မြန်မာပြည်တွင်းရှိ HIV/AIDS လူနာများကို ကူညီမည့် ရန်ပုံငွေဈေးရောင်းပွဲတော်တခုကို ကျင်းပကြရန် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။ အော်ရီဂွန်လူငယ်များကွန်ရက်နှင့် ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ လက်တွဲကြပြီး အဆိုပါ ရန်ပုံငွေ ဈေးရောင်းအလှူပွဲတော်ကို ဆောင်ရွက်ကြရန်နှင့် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ကျင်းပနိုင်ရန် တိုင်ပင်ညှိနှိုင်းလျက် ရှိသည်ဟု ဆိုသည်။ (ဇန်န၀ါရီ ၂၃ တွင် ဆန်ဖရန်ပြည်သူ့ဂုဏ်ရည်က ၂၀၁၁ အတွက် အခမ်းအနားဖြင့် ဆုချီးမြှင့်နိုင်ရန် ရန်ပုံငွေဈေးပွဲတော်ကို ကျင်းပမည် ဖြစ်သည်)

   “ကျနော်တို့ဆီမှာ မြန်မာ့အရေးစိတ်ဝင်စားသူတွေ၊ လှုပ်ရှားသူမိဘတွေ၊ မိသားစုတွေဆီက ပေါက်ဖွားလာတဲ့ လူငယ်မျိုးဆက်သစ်တွေက မြန်မာပြည်အတွက် စိတ်ဝင်စားမှုတွေ၊ တက်ကြွမှုတွေကို လက်ဆင့်ကမ်း သယ်ဆောင်နေကြတယ်။ သူတို့ရဲ့ သစ်ဆန်းတဲ့ အမြင်တွေ၊ အတွေးအမြင်တွေနဲ့ အခုလိုမျိုး မြန်မာပြည်ရဲ့ လူမှုရေးလိုအပ်ချက်တွေကို ကိုယ်ထူကိုယ်ထ စေတနာဝန်ထမ်း ဆောင်ရွက်လိုတယ်။ ဒါကို ကျနော်တို့ မျိုးဆက်ဟောင်းတွေက အားပေး ကူညီရမယ်။ လက်တွဲ ဆောင်ရွက်ပေးရမယ်။ သည်လို မြင်ပါတယ်။”
        ဟု ပြည်သူ့ဂုဏ်ရည် ပို့လင်းမြို့နယ်က လုပ်အားပေးတာဝန်ခံတဦးဖြစ်သူ ကိုထွန်းထွန်းက မိုးမခကို ပြောပြသည်။
       ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ လုပ်အားပေးများသည် ၎င်းတို့နေထိုင်ရာမြို့နယ်များ၏ ဒေသခံ လူမှုရေး၊ ဘာသာရေးလုပ်ငန်းများကို ၀ိုင်းဝန်းကူညီ လုပ်အားပေးခြင်း၊ မြန်မာပြည်၏ အရေးပေါ်လူမှုရေးလိုအပ်ချက်များအတွက် ရန်ပုံငွေအလှူပွဲများတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ယခု နှစ် ၂၀၁၀ အတွင်း အသီးသီး ဆောင်ရွက်ခဲ့ကြသည်။

Myanmar Celebrates Buddha Day on Kasone Full Moon