ပထမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပခြင်း

0 comments
မြန်မာ့ယဉ်ကျေးမှုအသင်း အယ်ဘားတားပြည်နယ်
အက်ဒမင်တန်မြို့၊အယ်လ်ဘားတားပြည်နယ်၊ကနေဒါနိုင်ငံ
Burmese Cultural Society of Alberta
Edmonton,AB
Canada

မင်္ဂလာပါအသင်းသူအသင်းသားများခင်ဗျား

၂၀၁၁ခုမင်္ဂလာနှစ်သစ်နှင့်အတူ၊မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်ရဲ့ပထမအ ကြိမ်၊နှစ်ပတ်လည်အစည်းအဝေးကြီးကို၂၀၁၁-ခု ဇန္နဝါရီလ(၈)ရက်နေ့မှာ၊ အောင်မြင်စွာကျင်းပပြီးစီးသွားကြောင်းမင်္ဂလာသတင်း ကောင်းပေးလိုပါတယ်။
ဒီနှစ်ကျင်းပပြီးစီးသွားတဲ့နှစ်ပတ်လည်အစည်းဝေးရဲ့ထူးခြားချက်ကတော့အစည်း အဝေးမှာတွေ့ရှိရတဲ့အသင်းသူအသင်းသားများရဲ့အသင်း၏ပြီးခဲ့တဲ့တနှစ်အ
တွင်းလုပ်ဆောင်ခဲ့တဲ့လုပ်ငန်းများအပေါ်စိတ်ပါဝင်စားမှု၊ အားရကျေနပ်မှုအပြင် လာမည်ဲ့နှစ်မှာလည်း ပိုမိုပြီးအောင်မြင်အောင်ပါဝင်ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းဖေါ် ပြတဲ့တက်ကြွတဲ့ထောက်ခံအားပေးမှုကိုမြင်တွေ့ရခြင်းပါဘဲ။

၂၀၀၈-ခုနိုဝင်ဘဘလ(၈)ရက်တွင် ဤအသင်းကြီးဖွဲ့စည်းတည်ထောင်ဖို့ စတင်လှုပ်ရှားခဲ့ပြီး၊ ၂၀၀၉-ခုဒီဇင်ဘာလ (၂)ရက်တွင်မြန်မာ့ယဉ်ကျေးမှုအသင်း၊ အယ်လ်ဘားတားပြည်နယ်အဖြစ် တရားဝင်မှတ်ပုံတင်ရပ်တည်လာတဲ့ဤအသင်းကြီးဟာ၊အယ်လ်ဘားတားပြည်နယ်အတွင်းမှာ
နေထိုင်တဲ့မြန်မာများအားလုံးရဲ့နေ့စဉ်ကြုံတွေ့နေကြရတဲ့လူမှုကိစ္စအဝဝတို့နှင့်ဆက်နွယ်နေသည့် အခက်အခဲများကို၊မြန်မာများအချင်းချင်းအပြန်အလှန်ကူညီခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ဖြေရှင်းကျော်လွှားပြီးအောင်မြင်မှုများရအောင်ကူညီပံ့ပိုးပေးသည့်အသင်းကြီးအဖြစ်အသင်းသူအ သင်းသားများနှင့်အတူဆက်လက်ရပ်တည်နိုင်အောင်အစွမ်းကုန်ကျိုးစားသွားမည် ဖြစ်ကြောင်းပြောကြားလိုပါတယ်။

မြန်မာယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်၏အစည်းအဝေးမှတ်တမ်း နှင့်လာမည့်နှစ်အတွင်းအကောင်အထည်ဖေါ်မည့်အသေးစိပ်အစီအစဉ်များကိုလဲ အသင်းသူအသင်းသားများသိရှိစေရန်မကြာခင်ဖြန့်ဝေပေးဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။

လာမည့်၂၀၁၁ ခု၊ဧပြီလအတွင်းတွင်ဒုတိယအကြိမ်မြောက်မြန်မာ့ရိုးရာသက်ြန်ပွဲ ကျင်းပရန်စတင်စီစဉ်နေပြီဖြစ်သောကြောင့်အသင်းသူအသင်းသားများအနေဖြင့်
အကြံပြုချက်များကိုအသင်းဥက္ကဌထံသို့ပေးပို့ပါရန်အထူးမေတ္တာရပ်ခံလိုပါတယ်။


အသင်းသူအသင်းသားများအားလုံးစိတ်ရောကိုယ်ပါရွှင်လန်းချမ်းမြေ့ပြီးအောင် မြင်မှုများရရှိသည့်နှစ်သစ်ဖြစ်ပါစေလို့ဆုတောင်းလိုက်ပါတယ်။

ခင်မင်လေးစားလျှက်

ဦးသန်းအောင်
ဥက္ကဌ
မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်
ကနေဒါနိုင်ငံ
ဖုန်း-၇၈၀ ၄၃၉ ၇၅၅၅
နေ့စွဲ၊၂၀၁၁ခု၊ဇန္နဝါရီလ(၁၅) ရက်

စံနမူနာယူထိုက်သည့် နာရေးကူညီမှုအသင်း (ရန်ကုန်)

0 comments
၂၀၁၀ ပေးဆပ်မှုများ
ကျော်သူ
ဇန်န၀ါရီ ၆၊ ၂၀၁၁ 
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အား ၂၀၁၀ ခုနှစ် တစ်နှစ်တာအတွင်း (အခမဲ့) ကူညီဖေးမ ပေးဆပ်လုပ်ဆောင်မှုများအား ဖော်ပြအပ်ပါသည်။ 
နာရေးကူညီမှု စုစုပေါင်း                                              ၁၄၃၈၄ ဦး
 ဆေးကုသ/ကူညီမှု စုစုပေါင်း                                        ၃၄၇၂၂ ဦး
              သွေးကူညီမှု စုစုပေါင်း                                                 ၁၉၆ ပုလင်း

            ၂၀၁၀ ခုနှစ်၊ ဧပြီလမှစ၍ အပူချိန်ဒီဂရီများ စံချိန်တင်မြင့်တက်လာမှုကြောင့် ပြည်နယ်နှင့် တိုင်းများတို့ရှိ ရေတွင်း/ကန်များခန်းခြောက်ကာ မြန်မာပြည်သူ/သားများ သောက်သုံးရေ ပြတ်လပ် ရှားပါးမှုဒဏ်ကို ပြည်နယ်နှင့်တိုင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ဒေသများရှိ ရေဒုက္ခသည်များအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှလည်း မိမိတို့ တတ်စွမ်းသရွေ့ အသင်းသူ/သားများ၊ ဒေသခံ လူမှုရေးသမားများနှင့် ပူးပေါင်းကာ ရေတိုလုပ်ငန်းအဖြစ် အရေးပေါ်လိုအပ်နေသော သောက်သုံးရေ တို့ကို ပေးဝေလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသလို ရေရှည်လုပ်ငန်းအဖြစ်လည်း အ၀ီစိတွင်းများ တူးဖော် ခြင်းနှင့်  ရေလှောင်အုတ်ကန်/ ရေကန်များ တည်ဆောက်လုပ်ခြင်း များကိုလည်း “အများပြည်သူ အတွက် အများပြည်သူကောင်းမှု နာရေးကူညီမှုအသင်း(ရန်ကုန်)”ဟု ကဗျည်းရေးထိုးပြီး မြန်မာလူမျိုး အချင်းချင်း ရိုင်းပင်းကူညီ၊ ပံ့ပိုးဖေးမ လှူဒါန်းဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပါသည်။  

အရေးပေါ် သောက်သုံးရေပေးဝေလှူဒါန်းမှု (ရေတို စီမံကိန်း)
Ø  ကျေးရွာပေါင်း                                                                 ၂၆ ရွာ
Ø  ရေဂါလံပေါင်း                                                            ၆၈၀၀၀ ဂါလံ
အ၀ီစိတွင်း/အုတ်ရေလှောင်ကန် တူးဖော်တည်ဆောက်လှူဒါန်းမှု (ရေရှည် စီမံကိန်း)
Ø  အ၀ီစိရေတွင်းနှင့် အုတ်ရေလှောင်ကန်စုစုပေါင်း                        ၃၀ တွင်း           

၂၀၁၀ ခုနှစ် တစ်နှစ်တာအတွင်း တိုးချဲ့မှုများ
Ø  သုခအလင်း စာကြည့်တိုက် (ဖေဖော်ဝါရီလ၊ ၁၃ ရက်) ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
(စတင်ဖွင့်လှစ်စဉ် အချိန်ကာလ၌ စာအုပ်ပေါင်း ၁၀၀၀၊ ယခု အချိန်ကာလတွင် စာအုပ်ပေါင်း ၃၀၀၀ ကျော်)
သုခအလင်း စာကြည့်တိုက်တွင်ရှိသော စာအုပ်၊ စာစောင်အချို့အား ပညာဒါနအဖြစ် (ပြည်မြို့၊ ရတနာမဉ္ဇူ ပရဟိတဂေဟာ၊ စစ်ကိုင်းတိုင်း၊ သခွတ်ပင်လယ်ကျေးရွာရှိ ပညာရတနာ စာကြည့်တိုက်၊ ပဲခူးမြို့၊ မှော်ကန်လမ်းရှိ COSMO POLITAN စာကြည့်တိုက်၊ နတ်မောက်မြို့ရှိ ကျေးရွာစာကြည့်တိုက်၊ ချင်းပြည်နယ်၊ ချင်းတောင်တန်းစာကြည့်တိုက်များသို့ တစ်ဆင့် လှူဒါန်းပေးခဲ့ပါသည်။

    ဓါတ်မှန်ခန်း အဆောက်အဦ (ဇွန်လ၊ ၁၉ ရက်) ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
(တစ်ပါတ်လျှင် ၃ ရက် - အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် ဖွင့်လှစ်ရိုက်ကူး ပေးလျှက်ရှိသည်။)
   လူနာနားနေဆောင် (ဇူလိုင်လ၊ ၁၇ ရက်) နေ့တွင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ ဆေးဝါး လာရောက် ကုသကြသော လူနာများ သက်တောင့်သက်သာ နားနေရန်အတွက် ဖွင့်လှစ်ခဲ့သည်။
သုခကုသိုလ်ဖြစ်ဆေးခန်းမှ ဆေးရုံသုံး လူနာကုတင်များ၊ လက်တွန်းလှည်းထိုင်ခုံများ၊ ချိုင်းထောက်များ၊ အောက်ဆီဂျင်အိုးများ၊ သွေးများကို လိုအပ်သော လူနာများအား လှူဒါန်းခြင်း၊ ငှါးရမ်းခြင်းတို့ကို နေ့စဉ် အခမဲ့ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

    သုခအာဟာရ စားသောက်ဆိုင် (သြဂုတ်လ၊ ၂၉ ရက်) နေ့တွင် လုပ်အားပေး အသင်းသူ/သား များ၊ လူနာများ၊ လူနာရှင်များ၊ အလှူရှင်ဧည့်သည်များ ဈေးနှုန်းသက်သာစွာဖြင့် သန့်ရှင်းစွာ သုံးဆောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့သည်။
    မော်တော်ယာဉ်စက်ပြင်အဆောက်အဦ (စက်တင်ဘာလ၊ ၂၅ ရက်) နေ့တွင် ဖွင့်လှစ်ပေး ခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့ (သြဂုတ်လ၊ ၁၈ ရက်) နေ့မှ စတင်၍ နာရေး ပို့ဆောင်ရာ၌ သံဝေဂအလင်္ကာများ ရွတ်ဆိုသော ၀တ်ရွတ်အဖွဲ့ကိုပါ တိုးချဲ့ဖွဲ့စည်း ဖွင့်လှစ် နိုင်ခဲ့ပါသည်။
နာရေးဈာပန အဆောက်အဦ (သြဂုတ်လ၊ ၁၆ ရက်) နေ့မှစတင်၍ အုတ်မြစ်ချ ဆောက်လုပ်ခ ရာ ယင်းအဆောက်အဦးတွင် ဈာပနပို့ဆောင်ရေးရုံးခန်း၊ နာရေးကူညီမှုအသင်းရုံးခန်း၊ စာကြည့်တိုက်နှင့်တကွ လူမှုရေးသင်တန်းများ၊ ပညာရေးသင်တန်းများကို ထပ်မံတိုးချဲ့ သင်ကြားနိုင်ရန်အတွက် ရည်ရွယ်၍ ဆောက်လုပ်ဆဲဖြစ်သည်။
မျက်စိခွဲစိပ်ခန်း သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ကုသနေကြသော မျက်စိဝေဒနာရှင် များအား ခွဲစိပ်ကုသမှုလိုအပ်ပါက သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ခွဲစိပ်ကုသပေးနိုင်ရန်အတွက် တိုးချဲ့ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိပြီး ခွဲစိပ်ကိရိယာများအား ဂျပန်နိုင်ငံမှ မှာယူတင်သွင်းရာ၌ (၂) လ ခန့်ကြာမြင့်မည် ဖြစ်ပါ၍ ဧပြီလ အတွင်းတွင် မျက်စိဝေဒနာရှင်များအား ခွဲစိပ်ကုသပေး မှုများ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။


ဖွင့်လှစ်ခဲ့သည့် သင်တန်းများ


       ပညာရေး
မျိုးဆက်သစ်လူငယ်များ ကလေးများအတွက်လည်း အင်္ဂလိပ်စာ အခြေခံသင်တန်း၊ အဆင့်မြင့် အင်္ဂလိပ်စာသင်တန်းများကိုလည်း ပညာရည်မြင့်တင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ထားခဲ့သည်။
       ပန်းချီသင်တန်း
လူကြီး/လူငယ် ပန်းချီပညာရပ်ကို ၀ါသနာပါသူတို့အတွက် ပန်းချီဆရာကြီး ဦးဝင်းကြည် ဦးစီး၍ ပန်းချီပညာရှင်များ လာရောက်သင်ကြားမှုများ ပြုလုပ်ပေးလျှက်ရှိသည်။
       လူမှုရေးသင်တန်း
အသင်းဝင်လျှောက်ထားသော အသင်းသား/သူသစ်များအား အပါတ်စဉ် နာရေး၊ ဆေးကူညီမှု၊ လူမှုဆက်ဆံရေးတို့အပြင် ဓါတ်ပုံရိုက်သင်တန်းများပါ စာတွေ့/လက်တွေ့ သင်ကြားပို့ချ ပေးလျှက်ရှိသည်။ ထို့ပြင် သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် ပါတ်သက်သော သင်တန်း များနှင့် သဘာဝသီးနှံတို့ဖြင့် ဖော်စပ်သော ခေါင်းလျှော်ရည်၊ ဆပ်ပြာရည်တို့ ထုတ်လုပ်ပုံ ထုတ်လုပ်နည်းများကိုလည်း အခါအားလျှော်စွာ သင်ကြားပို့ချလျှက်ရှိသည်။
       နာရေးပို့ဆောင်မှု အလှူ
မင်းလှမြို့ နာရေးကူညီမှုအသင်း အပါအ၀င် မြန်မာနိုင်ငံအရပ်ရပ်မှ နာရေးကူုညီမှုအသင်း များမှ အသုံးပြုရန် လိုအပ်နေသော အလူမီနီယမ်အခေါင်းများ၊ စတီးဗန်းများအပြင် နာရေး လက်တွန်းလှည်းယာဉ်တို့ကိုပါ အခါအားလျှော်စွာ လှူဒါန်းဒါနပြုခဲ့သည်။
          အချုပ်ဆိုရသော နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းစသည့် လူမှုရေး လုပ်ငန်းစဉ် အ၀၀တို့ကို ယခုကဲ့သို့ တိုးချဲ့ဖွင့်လှစ် ကုသဖေးမမှုများ ပြုလုပ်နိုင်ခြင်းသည် ပြည်တွင်း/ပ မှ သဒ္ဒါတရား နည်းများမဆို လှူဒါန်းကြသော အလှူရှင်များ၏ စေတနာ မေတ္တာ ဂရုဏာ မုဒိတာ တို့ကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် အများပြည်သူတို့၏ လှူဒါန်းမှုတို့ဖြင့် အများပြည်သူတို့အား ကူညီဖေးမ ကယ်တင်မှုများကို ပေးဆပ်နိုင်ခြင်းပင် ဖြစ်တော့သည်။
          ကျွန်တော်တို့ရေးသားပေးပို့သော “၂၀၁၀ ပေးဆပ်မှုများ” ဆိုတဲ့ ခေါင်းစီးတွင် အောက် ဖော်ပြ ပါ အ၀ီစိတွင်း/အုတ်ရေလှောင်ကန် တူးဖော်တည်ဆောက်လှူဒါန်းမှု (ရေရှည် စီမံကိန်း)အပိုင်းတွင် စုစုပေါင်းအရေအတွက်သာရေးသားခဲ့ပါသည်။ သို့ပါ၍ -
အ၀ီစိရေတွင်းနှင့် အုတ်ရေလှောင်ကန်စုစုပေါင်း        ၃၀ တွင်း  တူးဖော်လှူဒါန်းပြီး ဖြစ်ပါသည်။
ဆိုသည့် စာအောက်တွင် ထပ်မံ၍ အ၀ီစိရေတွင်း/ အုတ်ရေကန်များ လှူဒါန်းခဲ့သော မြို့၊ ကျေးရွာဒေသတို့အား ပြန်လည်၍ တိုးထည့်ချင်ပါသည်။
အ၀ီစိတွင်းများနှင့် အုတ်ရေလှောင်ကန်များတူးဖော်တည်ဆောက်ခဲ့သည့် ကျေးရွာများမှာ -
ပဲခူးတိုင်း၊ က၀မြို့နယ် (ကျေးရွာ ၁၁ ရွာ)
ခနာကျေးရွာ၊ လက်ပံကုန်းကျေးရွာ၊ ကျောင်းတိုက်ကျေးရွာ၊ ပြည်တော်သာကျေးရွာ၊ စက်ကုန်းကျေးရွာ၊ ညောင်ပင်ကန်ကျေးရွာ၊ ခနီးကျေးရွာ၊ သပြေကန်ကျေးရွာ၊ ဇွဲကိုက်ကျေးရွာ၊ သပြုကျေးရွာ၊ သခွတ်ကန်ကျေးရွာ
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ (ကျေးရွာ၊ နေရာ ၁၂ နာရာ)
သဲကုန်းမြို့နယ် - ကျူတောကျေးရွာ၊ ဇီးကုန်းလေးရွာ၊ သက်ကယ်ချင်းကုန်း
ပန်းတောင်းနယ် - မကျည်းစုကျေးရွာ၊ ရွှေမုဋ္ဌောဘုန်းတော်ကြီးကျောင်း
န၀ဒေးနယ်မြေ - ရွှေပေါက်ပင်ဘုန်းကြီးကျောင်း၊ ဆင်ဂေါင်းကျေးရွာ
ပုတီးကုန်းမြို့နယ် - ချောင်းကမ်းလေး
ပေါက်ခေါင်းမြို့နယ် - သီးကုန်းကျေးရွာ၊ ကျောက်ပြင်သာကျေးရွာ၊ ဖလံပင်ကျေးရွာ၊ ဆီဆုံကျေးရွာ
ရန်ကုန်တိုင်း (ကျေးရွာ၊ နေရာ ၅ နေရာ)
ဒလမြို့နယ် - ဓနိတောကျေးရွာ၊ ထော်အောက်ကျေးရွာ
ဗညားဒလရပ်ကွက် - မစိုးရိမ်ဘုန်းကြီးကျောင်း၊ စံပြကျေးရွာ၊ တံတားချောင်းကျေးရွာ
မကွေးတိုင်း၊ နတ်မောက်မြို့နယ် - ပင်ဂွေးချို ( ကျေးရွာ ၁ ရွာ)
ရှမ်းပြည်နယ်၊ အင်းလေးဒေသ - ရေသာဘုရားကျိန်းကျောင်း (နေရာ ၁ နေရာ)
စသည့် ကျေးရွာတို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ အ၀ီစိရေတွင်း/ အုတ်ရေလှောင်ကန်များသွားရောက်လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်၊

ကရင်နှစ်သစ်ကူးနေ့ ပြည်တွင်းပြည်ပမှာကျင်းပ

0 comments
2011-01-05 (RFA-မှကူးယူတင်ပြသည်)
ဇန်နဝါရီလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကရင် နှစ်သစ်ကူးနေ့ကို ပြည်တွင်းပြည်ပမှာ အသွင်အမျိုးမျိုးနဲ့ကျင်းပရာမှာ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ တခုပါ ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဓါတ်ပုံ AFP
ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းမှာ ကရင်နှစ်သစ်ကူးပွဲတော်ကို ဒီကနေ့ ကျင်းပခဲ့ပြီး စခန်းတွင်းက ဒုက္ခသည်တွေ၊ ပြင်ပဧည့်သည်တွေ အပါအဝင် လူ ၄ သောင်းကျော်တက် ရောက်ခဲ့တယ်လို့ နှစ်သစ်ကူးပွဲ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ နော်ဒေးဒေးဖိုးက RFA ကို ပြောပါတယ်။
“အခုလုပ်တဲ့ပွဲကတော့ ခါတိုင်းပွဲထက် ပိုပြီးတော့ ခမ်းနားတာပေါ့နော်။ ပိုပြီး ကြီးကျယ်တယ်၊ ၄ သောင်း၊ ၅ သောင်း ဝန်းကျင်လောက် ရှိမှာပေါ့။ အကုန်အကျလည်း ပိုပြီးတော့ များတယ်၊ ပိုပြီးတော့ အောင်မြင်တယ်လို့ ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ဒီပွဲလုပ်တဲ့ သုံးညအတွင်းမှာပေါ့နော်၊ ဘာမှ ပြဿနာ အခက်အခဲ လူငယ်တွေနဲ့ ပတ်သက်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေလည်း မရှိဘူး၊ အေးအေးချမ်းချမ်းနဲ့ နောက်ပေါ့နော်၊ ထိုင်း MY က ပလာကိုယ်တိုင်က လာပြီးတော့ အားပေးတယ်၊ ပြီးတော့ ဒီ လုံခြုံရေးဖက်မှာလည်း MY ပေါ့နော်၊ ပူးပေါင်းပြီးတော့ လုပ်ဆောင်ကြတယ်ပေါ့၊ လုံခြုံရေးပိုင်းမှာ။”
မယ်လှဒုက္ခသည်စခန်းတွင်းက ဘောလုံးကွင်းမှာ ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကရင်နှစ်သစ်ကူး ပွဲတော်အတွင်း ကရင်ရိုးရာ ယဉ်ကျေးမှု ပြသတဲ့ အစီအစဉ်၊ ဟောပြောပွဲနဲ့ စတိတ်ရှိုး အစီအစဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
မယ်လဒုက္ခသည်စခန်းဟာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ မြန်မာဒုက္ခသည်စခန်းတွေထဲမှာ အကြီးဆုံးဖြစ်ပြီး ဒုက္ခသည် ၅သောင်းနီးပါး နေထိုင်တယ်လို့ သိရပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို KNU ထိန်းချုပ်ရာ ကရင်နယ်မြေတွေမှာ အခမ်းအနားတွေ ပြုလုပ်ခဲ့သလို၊ ဒီကေဘီအေ ခွဲထွက်အဖွဲ့ထိန်းချုပ်ရာနယ်မြေတချို့မှာလည်း ကျင်းပခဲ့ကြောင်း သတင်းရရှိ ပါတယ်။
ကရင်မျိုးသားတွေရဲ့ အခွင့်အရေးတွေ ရရှိရေးနဲ့ ကရင်အမျိုးသားတွေ လွတ်မြောက်ရေးအတွက် ကရင် အမျိုးသားထုအတွင်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြဖို့နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အချင်းချင်း အကြားမှာလည်း စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြဖို့ ကရင်အမျိုးသားနေ့မှာ KNU ကရင်အမျိုးသား အစည်းအရုံးက တိုက်တွန်းလိုက်ပါတယ်။
တချိန်တည်းမှာလည်း ကရင်နှစ်ကူး မတိုင်မီ မနေ့ညက ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ ခွဲထွက်အဖွဲ့ ထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ဖလူကြီး ဒေသဖက်မှာ စစ်အစိုးရနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တာတွေ ရှိတယ်လို့ သတင်းရရှိပါတယ်။

ပြည်သူ့ ဂုဏ်ရည် ဦးကျော်သူ ရဲ့ ၂၀၁၁ နှစ်သစ်မင်္ဂလာခွန်းဆက်စကား

0 comments
~ ပြည်သူ့ ဂုဏ်ရည် ဦးကျော်သူ ရဲ့ ၂၀၁၁ နှစ်သစ်မင်္ဂလာခွန်းဆက်စကား ~

မင်္ဂလာပါ ပြည်သူ့ ဂုဏ်ရည် မိသားစုများခင်ဗျား......
၂၀၁၁ခုနှစ်ဟာမင်္ဂလာအပေါင်းနဲ့ ပြည့်စုံမယ်လို့ မျှော်လင့်မိပါတယ်။ ပြည့်စုံအောင်လည်းကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်။
၂၀၁၀ခုနှစ်ကကျွန်တော့်ကိုပေးလိုက်တဲ့ အင်အား၊ စွမ်းအားတွေဖြစ်သောပြည်သူ့ ဂုဏ်ရည်ဆိုတဲ့...
မဟာအားဆေးတစ်ခွက်ကိုသောက်သုံးပြီးသည့်အချိန်ကာလမှအစပြုပြီး
ကျွန်တော်ထပ်မံထပ်ဆင့်လူမှုရေးအင်အားများမွေးဖွားပေါ်ပေါက်လာခဲ့ရပါတယ်။
အဲဒီအင်အားတွေနဲ့ မြန်မာပြည်သူလူထုအတွက်ပေးဆပ်မှု၊နွေးထွေးမှုများကို 
ကိုယ်ကျိုးမဖက်ဘဲနှင့်သယ်ပိုးထမ်းရွက်နေသည်မှာယနေ့ တိုင်ပါ။
ကျွန်တော်..အသက်ရှင်နေသ၍ဆထက်တိုးပြီးအများပြည်သူအတွက်ပေးဆပ်သွားပါမယ်လို့ 
ပြည်သူ့ ဂုဏ်ရည်မိသားစုကိုဂတိပေးလိုက်ပါတယ်ခင်ဗျား။
ယခုကဲ့သို့မဟာအားဆေးတိုက်ကြွေးခဲ့သည့်အတွက်လည်းများစွာကျေးဇူးအထူးတင်ရှိကြောင်း နှလုံးသားတွင်ကဗ္ဗည်းတင်ထားလျက်ပါခင်ဗျား။
အားလုံး..အားလုံးသောကမ္ဘာ့ပြည်သူပြည်သားများမြန်မာပြည်သူပြည်သားများသောက ကင်းဝေးငြိမ်းချမ်းသာယာဝပြောကြပြီး
ရန်သူမျီုးငါးပါးဒဏ်မှကင်းဝေးကြကာလူ့ အခွင့်အရေးအပြည့်အ၀ရရှိကြပါစေ......

- ကျော်သူ
---------------------------- 
နာရေးကူညီမှုအသင်း(ရန်ကုန်)
အမှတ် (၁၃/က)၊ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၀၉ ၈၆၄ ၀၂၂၀၊ ၀၉ ၈၅၀ ၁၆၅၆
----------------------------
သုခကုသိုလ်ဖြစ်ဆေးခန်း
၅၈၃၅၁၄

အော်ရီဂွန်လူငယ်များနှင့် ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ HIV/ AIDS လူနာများကူညီရန် ဈေးရောင်းမည်

0 comments
အော်ရီဂွန်လူငယ်များနှင့် ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ HIV/ AIDS လူနာများကူညီရန် ဈေးရောင်းမည်
မိုးမခအထောက်တော် ၀၀၂
ဒီဇင်ဘာ ၃၀၊ ၂၀၁၀  
  အော်ရီဂွန်ပြည်နယ်၊ ပေါ့တ်လင်းမြို့နှင့် ပတ်ဝန်းကျင်မြို့နယ်များတွင် နေထိုင်ကြသည့် မြန်မာမိသားစုများ စုပေါင်းပြီး မြန်မာပြည်တွင်းရှိ HIV/AIDS လူနာများကို ကူညီမည့် ရန်ပုံငွေဈေးရောင်းပွဲတော်တခုကို ကျင်းပကြရန် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။ အော်ရီဂွန်လူငယ်များကွန်ရက်နှင့် ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ လက်တွဲကြပြီး အဆိုပါ ရန်ပုံငွေ ဈေးရောင်းအလှူပွဲတော်ကို ဆောင်ရွက်ကြရန်နှင့် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ကျင်းပနိုင်ရန် တိုင်ပင်ညှိနှိုင်းလျက် ရှိသည်ဟု ဆိုသည်။ (ဇန်န၀ါရီ ၂၃ တွင် ဆန်ဖရန်ပြည်သူ့ဂုဏ်ရည်က ၂၀၁၁ အတွက် အခမ်းအနားဖြင့် ဆုချီးမြှင့်နိုင်ရန် ရန်ပုံငွေဈေးပွဲတော်ကို ကျင်းပမည် ဖြစ်သည်)

   “ကျနော်တို့ဆီမှာ မြန်မာ့အရေးစိတ်ဝင်စားသူတွေ၊ လှုပ်ရှားသူမိဘတွေ၊ မိသားစုတွေဆီက ပေါက်ဖွားလာတဲ့ လူငယ်မျိုးဆက်သစ်တွေက မြန်မာပြည်အတွက် စိတ်ဝင်စားမှုတွေ၊ တက်ကြွမှုတွေကို လက်ဆင့်ကမ်း သယ်ဆောင်နေကြတယ်။ သူတို့ရဲ့ သစ်ဆန်းတဲ့ အမြင်တွေ၊ အတွေးအမြင်တွေနဲ့ အခုလိုမျိုး မြန်မာပြည်ရဲ့ လူမှုရေးလိုအပ်ချက်တွေကို ကိုယ်ထူကိုယ်ထ စေတနာဝန်ထမ်း ဆောင်ရွက်လိုတယ်။ ဒါကို ကျနော်တို့ မျိုးဆက်ဟောင်းတွေက အားပေး ကူညီရမယ်။ လက်တွဲ ဆောင်ရွက်ပေးရမယ်။ သည်လို မြင်ပါတယ်။”
        ဟု ပြည်သူ့ဂုဏ်ရည် ပို့လင်းမြို့နယ်က လုပ်အားပေးတာဝန်ခံတဦးဖြစ်သူ ကိုထွန်းထွန်းက မိုးမခကို ပြောပြသည်။
       ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ လုပ်အားပေးများသည် ၎င်းတို့နေထိုင်ရာမြို့နယ်များ၏ ဒေသခံ လူမှုရေး၊ ဘာသာရေးလုပ်ငန်းများကို ၀ိုင်းဝန်းကူညီ လုပ်အားပေးခြင်း၊ မြန်မာပြည်၏ အရေးပေါ်လူမှုရေးလိုအပ်ချက်များအတွက် ရန်ပုံငွေအလှူပွဲများတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ယခု နှစ် ၂၀၁၀ အတွင်း အသီးသီး ဆောင်ရွက်ခဲ့ကြသည်။

Myanmar Celebrates Buddha Day on Kasone Full Moon