Upcoming Events in Edmonon,Alberta,Canada

0 comments

ကနေဒါရောက်မြန်မာလူမျိုးများနှင့်မြန်မာ့မိတ်ဆွေများခင်ဗျား
ယ္ခုလာမည့်၂၀၁၃ခုမေလအတွင်းတွင်အက်ဒမင်တန်မြို့တွင်အောက်တွင်ဖေါ်ပြပါ
ဘာသာရေးနှင့်လူမှုရေးအခန်းအနားများကျင်းပမည်ဖြစ်ကြောင်းရင်းနှီးခင်မင်စွာ
သတင်းမျှဝေလိုက်ပါတယ်ခင်ဗျား။

၁။၃၁- ကြိမ်မြောက်ကဆုန်ညောင်ရေသွန်းပွဲတော်ကိုအောက်ပါအတိုင်းကျင်းပပါမည်။
ကျင်းပမည့်နေ့          ၂၀၁၃ခု-မေလ(၂၆)ရက်၊စနေနေ့
ကျင်းပမည့်အချိန်       နံက် (၉)နာရီမှ နေ့လည် (၁၃)နာရီအထိ
ကျင်းပမည့်နေရာ       Truc Lam Monastery, 11328- 97 Street, Edmonton,AB
မှတ်ချက်။ ကဆုန်ညောင်ရေသွန်းပွဲတော်ကိုအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာမိတ်ဆွေများအသင်းကဦးစီးကျင်းပပါမည်။
၂။တတိယအကြိမ်မြောက်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကိုအောက်ပါအတိုင်းကျင်းပပါမည်
ကျင်းပမည့်နေ့            ၂၀၁၃ခု-မေလ (၁၈)ရက်၊စနေနေ့
ကျင်းပမည့်အချိန်           ညနေ(၆)နာရီမှ (၁၀)နာရီအထိ
ကျင်းပမည့်နေရာ          King Edward Hall, 8008- 81 Street, Edmonton,AB

ခင်မင်လေးစာလျှက်
ဦးသန်းအောင်
မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်
ကနေဒါနိုင်ငံ။
၂၀၁၃ခု၊ဧပြီလ(၂၇)ရက်

0 comments
 မြန်မာ့ဂုဏ်မြှင့်ချင်လွန်းလို့ အမှတ်စဉ် (၃)

ပဝါရဏာပွဲ ပေါ်လာပုံ

မြတ်စွာဘုရားသည်သာဝတ္တိပြည်ဇေတ၀န်ကျောင်းတွင်သီတင်းသုံးတော်မူစဉ် မိတ်ဆွေရဟန်း တစုတို့သည် ကောသလတိုင်း ဇနပုဒ်တခုတခုဝါဆိုကြ၏။ထိုရဟန်းများကား အချင်းချင်းမခေါ်မပြောပဲနေထိုင်
ခြင်းသည်ငြင်းခုံမှုမပေါ်နိုင်သဖြင့်စည်းလုံးညီညွတ်နိုင်၏၊ဝမ်းမြောက်ဝမ်းသာစွာနေနိုင်၏ဟုယူဆသူများတည်း။
ထိုရဟန်းများသည်မိမိတို့အယူအဆအတိုင်းဝါတွင်းသုံးလပတ်လုံးတပါးနှင့်တပါးစကားမပြောပဲနေကြ၏။သီ
တင်းဝါလကျွတ်သည့်အခါထုံးစံအတိုင်းဘုရားသခင်ကိုဖူးမြော်ကန်တော့ရန်သာဝတ္ထိပြည်သို့ကြွသွားကြ၏။ဘု
ရားရှင်မျက်မှောက်သို့ရောက်ရှိသွားသောအခါဘုရားရှင်ကရဟန်းတို့ချမ်းချမ်းသာသာရှိကြပါရဲ့လား၊မျှတကြပါရဲ့လား၊ချမ်းချမ်းသာသာစည်းလုံးညီညွစွာဝါကပ်ကြရရဲ့လားဟုထုံးစံအတိုင်းနှုတ်ဆက်စကားမိန့်ကြားတော်မူပါ
သည်။
အရှင်မြတ်ဘုရား ဘုရားတပြည့်များသည် အားလုံးသဘောတူညီချက်အရ တဝါတွင်းလုံးအချင်ချင်းမခေါ်မပြော
ကြပဲ နေထိုင်ကြသဖြင့် ချမ်းချမ်းသာသာ စည်းလုံးညီညွတ်စွာ ဝါကပ်ခဲ့ကြရပါသည်ဘုရား ဟုရဟန်းများက
လျှောက်ထား၏။
ထိုအခါမြတ်စွာဘုရားကရဟန်းတို့ အချင်းချင်းမခေါ်မပြောပဲနေထိုင်ခြင်းကား နွားဆိတ်စသောတိရ စ္ဆာန်တို့၏နေထိုင်ခြင်းမျိုးတည်း၊ရန်သူအချင်းချင်း နေထိုင်ခြင်းနှင့်တူ၏၊ချမ်းသာစွာ နေထိုင်ခြင်းမျိုးမဟုတ်၊ အဘယ့်ကြောင့် တိတ္ထိတို့၏ ကျင့်နည်းဖြစ်သော သူအကဲ့သို့ စကားမပြောသော အကျင့်မျိုးကိုကျင့်ကြရသနည်း၊ ဤအကျင့်သည်ဒကာဒကမများ အကြည်ညိုပွားစေသော် အကျင့်မျိုးမဟုတ်၊ယင်းအကျင့်မျိုးကို မကျင့်ရ၊ ကျင့်သောရဟန်းအား ဒုတ္ကဋ်အာပတ်သင့်စေ ဟုပညတ်တော်မူ
၏။
ထိုအချိန်၌ ဘုရားရှင်သည်အချင်းချင်းမခေါ်မပြောပဲ နေသောအကျင့်ကို မကျင့်ရဟုသာ ပညတ်တော်မူခဲ့သည်
မဟုတ်၊သီတင်းကျွတ်သည့်အခါ ရဟန်းတော်များ ပြုကျင့်ရမည့် စည်းလုံးညီညွတ်ကြောင်းနည်းလမ်းကောင်းကို
လည်း ဤသို့ညွှန်ပြ ပညတ်တော်မူလိုက်၏-
ရဟန်းတို့ ဝါမှထသော ရဟန်းတို့အား မြင်၍ဖြစ်စေ၊ကြား၍ဖြစ်စေ၊သံသယရှိ၍ဖြစ်စေ သုံးပါးသောအကြောင်း
တို့ဖြင့်ပဝါယဏာပြုခြင်း (ဝါ)ဖိတ်ကြားခြင်းငှာ ခွင့်ပြု၏။ ထိုသို့ဖိတ်ကြားခြင်းသည် သင်တို့အတွက် အချင်းချင်း
လိုက်လျောညီညွတ်ခြင်း၊ အာပတ် တည်းဟူသော အပြစ်မှ စင်ကြယ်ခြင်း၊ဝိနည်းကို လေးစားရာ ရောက်ခြင်းတို့
ဖြစ်လိမ့်မည်-
ဟုမိန့်ကြားတော်မူ၏။ ဤသို့ဘုရားရှင်မိန့်ကြားပညတ်တော်မူသည့်အချိန်မှစ၍သာသနာတော်တွင်ပဝါရဏာ
ပွဲတော်ဖြစ်ပေါ်လာခဲ့ပါသည်။
ဤပဝါယဏာပွဲသဘင်ကားသီတင်းသုံးဘော်ရဟန်းတော်များအချင်းချင်းတပါးသောပုဂ္ဂိုလ်ပေါ်တွင်ဖြစ်စေမိမိအ
ပေါ်တွင်ဖြစ်စေတရားတော်နှင့်မလျှော်ညီ ဖီလာဖြစ်မှုများရှိခဲ့သော် အချင်းချင်းစုပေါင်းဝေဖန်ကြသည့်ပွဲ၊ သုံးသပ်
ကြသည့်ပွဲ၊အမှားကိုပြုပြင် အမှန်ကိုဝန်ခံကြသည့်ပွဲပင်ဖြစ်သည်။
လောကတွင် ပုထုဇဉ်လူသားများကား အတ္တစွဲပုဂ္ဂိုစွဲ အလွန်ပြင်းထန်ကြ၏၊ကိုယ့်ကိုယ်ကိုအလွန်ချစ်ခင်ကြ၏။
မိမိကိုယ်ကိုအနည်းငယ်မျှအထိမခံနိုင်ကြ၊မိမိအကျိုးကိုပို၍ကြည့်တတ်ကြ၏။ကိုယ့်မျက်ချေးကိုယ်မမြင်၊သူ့မျက်
ချေးငါသာမြင် ဆိုသဲ့သို့မိမိ၌ရှိသောအပြစ်ကိုမြင်နိုင်ခဲသလောက်သူတပါးအပြစ်ကိုမြင်လွယ်ကြ၏။မိမိအပြစ်
ကိုတပါးသူကမေတ္တာစိတ်ဖြင့်ထောက်ပြလာသည်ကိုပင်မနှစ်သက်ချင်ကြချေ။ ဤသို့သောလူ့သဘာဝများကို
ကျော်လွှားနိုင်သူပုထုဇဉ်လူသားကားမရှိသလောက်ရှားပါးလှ၏။သို့ရာတွင်ဤသဘာဝမှာကောင်းမွန်သည့်သဘာဝကားမဟုတ်ချေ။စည်းလုံးညီညွတ်ရေးတိုးတက်ကြီးပွားရေးတို့၏ကြီးမားသောအဆီးအတား ဆူးငြောင့်ခ
လုတ်များသာဖြစ်ပေသည်။
ထို့ကြောင့်ယင်းလူ့သဘာဝကိုကျွန်ုပ်တို့စွမ်းနိုင်သမျှတော်လှန်ပယ်ဖျောက်ပစ်ကြရပေမည်။ ဘုရားရဟန္တာများ
မှတပါးအခြားလူသားသတ္တဝါများတိုင်းအပြစ်မကင်းနိုင်ကြသည်ကားအမှန်ဖြစ်၏။သို့သော်အပြစ်နည်းနိုင်သမျှ
နည်းအောင်ပြုမူကြရန်ကားအသိဥာဏ်ရှိသူလူသားတိုင်း၏တာဝန်ဖြစ်၏။ အပြစ်နည်းအောင်ဖန်တီးရာ၌ကိုယ့်
ကိုယ်ကိုဝေဖန်ရေးနှင့်သူတပါးတို့၏အဝေဖန်ကိုခံယူရေးတို့သည်အကောင်းဆုံးသောလက်နက်များဖြစ်ကြ၏။
ဗုဒ္ဓမြတ်စွာ၏ ပဝါယဏာပွဲတော်သည်သူတပါးတို့၏ဝေဖန်ရေးကိုအနူးအညွတ်ဖိတ်ခေါ်သောပွဲဖြစ်၍လမ်းစဉ်
ကောင်းကြီးတခုဖြစ်၏။ထိုလမ်းစဉ်ကောင်းဖြင့်သံဃာတော်အချင်းချင်းစည်းလုံးညီညွတ်ရေး၊ပုဂ္ဂိုလ်သန့်စင်ရေး
တရားများကိုရယူနိုင်ခဲ့၍ဗုဒ္ဓသာသနာကြီးကိုနှစ်ပေါင်း ၂၅၀၀ ကျော်တည်တံ့အောင်ထိန်းသိမ်းနိုင်ခဲ့ပေသည်။ သို့ဖြစ်၍ကမ္ဘာ့သုတေသီပညာရှင်ကြီးများကပဝါယဏာပွဲသဘင်ဆင်ယင်ကျင်းပခြင်းလုပ်ထုံးလုပ်နည်းကိုဂေါတ
မဗုဒ္ဓ၏ရှေးအကျဆုံးခေတ်အမီဆုံးနှင့်အတိုးတက်ဆုံးလုပ်ထုံးလုပ်နည်းဖြစ်ကြောင်းလက်ခံပြောဆိုကြရပေ
သည်။ထို့ကြောင့်ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်များသည်မိမိတို့ကိုးကွယ်သောဗုဒ္ဓဝါဒမှမွန်မြတ်သည့်ဤဝေဖန်ရေး
အစဉ်အလာကောင်းတရပ်ကိုလောကရေးရာများ၌နည်းယူအသုံးချသင့်ကြပေသည်။
ရည်ညွှန်း။ ဦးအေးနိုင်(ဘီအေ)၏ ဆယ့်နှစ်ရာသီမြန်မာ့ရိုးရာ ရာသီပွဲတော်များ


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏မွန်ဂိုလီးယားခရီးစဉ်

0 comments
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏မွန်ဂိုလီးယားခရီးစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ဒေါ်အောင်ဆန်းစုကြည်ဟာလာမည့်၂၀၁၃ခု၊ဧပြီလ(၂၇)ရက်နေ့မှမေလ(၃)ရက်
နေ့အထိ၊မွန်ဂိုလီးယားနိုင်ငံသို့(၈)ရက်ကြာအလည်အပတ်သွားရောက်မည့်သတင်းကောင်းကိုကနေဒါနိုင်ငံရောက်
မြန်မာ့အရေးလှုပ်ရှားသူများ၊မြန်မာ့မိတ်ဆွေများသိရှိရန်မျှဝေလိုက်ပါတယ်ခင်ဗျား၊အသေးစိပ်သတင်းသိလိုပါကအောက်
တွင်ဖေါ်ပြပါလင့်ကိုသွားရောက်ဖတ်ရှုနိုင်ပါတယ်။

 www.dvb.no/archives/38741

ဦးသန်းအောင်
မြန်မာကနေဒီယန်ကွန်ယက်(Burmese Canadian Network)
ကနေဒါနိုင်ငံ။
၂၀၁၃ခုဧပြီလ(၂၄)ရက်

Myanmar Celebrates Buddha Day on Kasone Full Moon