ပထမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပခြင်း

မြန်မာ့ယဉ်ကျေးမှုအသင်း အယ်ဘားတားပြည်နယ်
အက်ဒမင်တန်မြို့၊အယ်လ်ဘားတားပြည်နယ်၊ကနေဒါနိုင်ငံ
Burmese Cultural Society of Alberta
Edmonton,AB
Canada

မင်္ဂလာပါအသင်းသူအသင်းသားများခင်ဗျား

၂၀၁၁ခုမင်္ဂလာနှစ်သစ်နှင့်အတူ၊မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်ရဲ့ပထမအ ကြိမ်၊နှစ်ပတ်လည်အစည်းအဝေးကြီးကို၂၀၁၁-ခု ဇန္နဝါရီလ(၈)ရက်နေ့မှာ၊ အောင်မြင်စွာကျင်းပပြီးစီးသွားကြောင်းမင်္ဂလာသတင်း ကောင်းပေးလိုပါတယ်။
ဒီနှစ်ကျင်းပပြီးစီးသွားတဲ့နှစ်ပတ်လည်အစည်းဝေးရဲ့ထူးခြားချက်ကတော့အစည်း အဝေးမှာတွေ့ရှိရတဲ့အသင်းသူအသင်းသားများရဲ့အသင်း၏ပြီးခဲ့တဲ့တနှစ်အ
တွင်းလုပ်ဆောင်ခဲ့တဲ့လုပ်ငန်းများအပေါ်စိတ်ပါဝင်စားမှု၊ အားရကျေနပ်မှုအပြင် လာမည်ဲ့နှစ်မှာလည်း ပိုမိုပြီးအောင်မြင်အောင်ပါဝင်ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းဖေါ် ပြတဲ့တက်ကြွတဲ့ထောက်ခံအားပေးမှုကိုမြင်တွေ့ရခြင်းပါဘဲ။

၂၀၀၈-ခုနိုဝင်ဘဘလ(၈)ရက်တွင် ဤအသင်းကြီးဖွဲ့စည်းတည်ထောင်ဖို့ စတင်လှုပ်ရှားခဲ့ပြီး၊ ၂၀၀၉-ခုဒီဇင်ဘာလ (၂)ရက်တွင်မြန်မာ့ယဉ်ကျေးမှုအသင်း၊ အယ်လ်ဘားတားပြည်နယ်အဖြစ် တရားဝင်မှတ်ပုံတင်ရပ်တည်လာတဲ့ဤအသင်းကြီးဟာ၊အယ်လ်ဘားတားပြည်နယ်အတွင်းမှာ
နေထိုင်တဲ့မြန်မာများအားလုံးရဲ့နေ့စဉ်ကြုံတွေ့နေကြရတဲ့လူမှုကိစ္စအဝဝတို့နှင့်ဆက်နွယ်နေသည့် အခက်အခဲများကို၊မြန်မာများအချင်းချင်းအပြန်အလှန်ကူညီခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ဖြေရှင်းကျော်လွှားပြီးအောင်မြင်မှုများရအောင်ကူညီပံ့ပိုးပေးသည့်အသင်းကြီးအဖြစ်အသင်းသူအ သင်းသားများနှင့်အတူဆက်လက်ရပ်တည်နိုင်အောင်အစွမ်းကုန်ကျိုးစားသွားမည် ဖြစ်ကြောင်းပြောကြားလိုပါတယ်။

မြန်မာယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်၏အစည်းအဝေးမှတ်တမ်း နှင့်လာမည့်နှစ်အတွင်းအကောင်အထည်ဖေါ်မည့်အသေးစိပ်အစီအစဉ်များကိုလဲ အသင်းသူအသင်းသားများသိရှိစေရန်မကြာခင်ဖြန့်ဝေပေးဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။

လာမည့်၂၀၁၁ ခု၊ဧပြီလအတွင်းတွင်ဒုတိယအကြိမ်မြောက်မြန်မာ့ရိုးရာသက်ြန်ပွဲ ကျင်းပရန်စတင်စီစဉ်နေပြီဖြစ်သောကြောင့်အသင်းသူအသင်းသားများအနေဖြင့်
အကြံပြုချက်များကိုအသင်းဥက္ကဌထံသို့ပေးပို့ပါရန်အထူးမေတ္တာရပ်ခံလိုပါတယ်။


အသင်းသူအသင်းသားများအားလုံးစိတ်ရောကိုယ်ပါရွှင်လန်းချမ်းမြေ့ပြီးအောင် မြင်မှုများရရှိသည့်နှစ်သစ်ဖြစ်ပါစေလို့ဆုတောင်းလိုက်ပါတယ်။

ခင်မင်လေးစားလျှက်

ဦးသန်းအောင်
ဥက္ကဌ
မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်
ကနေဒါနိုင်ငံ
ဖုန်း-၇၈၀ ၄၃၉ ၇၅၅၅
နေ့စွဲ၊၂၀၁၁ခု၊ဇန္နဝါရီလ(၁၅) ရက်

0 comments:

Post a Comment

Myanmar Celebrates Buddha Day on Kasone Full Moon