ဥက္ကဌ၊မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်၏ရှေ့ လုပ်ငန်းအစီအစဉ်ကြေငြာချက်။



အလုပ်အမှုဆောင်များအားလုံးနှင့်အသင်းသူအသင်းသားများအာလုံး
မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်၊
အက်ဒမင်တန်မြို့၊ကနေဒါနိုင်ငံ။
အကြောင်းအရာ၊ ဥက္ကဌ၊မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်၏ရှေ့ လုပ်ငန်းအစီအစဉ်ကြေငြာချက်။
နေ့စွဲ၊ ၂၀၁၆ခုနှစ်ဇူလိုင်လ(၂၅)ရက်
မင်္ဂလာပါ
မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်၏အသင်းသူအသင်းသားများဟာ
ယ္ခုနှစ်၂၀၁၆ခုဇန္နဝါရီလမှစ၍အသင်း၏နှစ်ပတ်လည်အစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း၊မိမိတို့တွင်ရှိတဲ့အားလပ်ချိန်အပါအဝင် ငွေအား၊ပစ္စည်းအင်အားများကိုအတတ်နိုင် ဆုံးအသုံးပြုပြီး၊အသင်းလုပ်ငန်းများကိုစုပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်၊အောင်မြင် မှုများလည်းရခဲ့တာကိုအသင်းဥက္ကဌအနေဖြင့်အားရကြေနပ်စွာတွေ့ရပါတယ်။

မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်ကို၂၀၀၉ခုနှစ်ဒီဇင်ဘာလ(၂)ရက်မှ စ၍ယနေ့အထိအောင်မြင်မှုများရရှိအောင်စုပေါင်းကြိုးပမ်းရခြင်းမှာလွယ်ကူသောအလုပ်မဟုတ်ပါကြောင်းအထူးဖေါ်ပြလိုပါတယ်၊မြန်မာနိုင်ငံဖွားဗမာအပါအဝင်တိုင်းရင်းသားများအားလုံး၊မည်သည့်နေရာရောက်ရောက်နိုင်ငံတကာအလယ်တွင်မျက်နှာမငယ်ရသူများ၊အ ခြေခံလူ့အခွင့်အရေးခံစားခွင့်ရတဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်သူများဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ဖြင့်ကျွန်တော်ကိုယ်တိုင်၊၂၀၀၈ခုနှစ်ကစပြီးသင့်တော်တဲ့အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များ
နှင့်တိုင်ပင်ဆွေးနွေး၊အချက်အလက်များစုဆောင်ပြီးမှ၊၂၀၀၉ခုနှစ်ဒီဇင်ဘာလ(၂)ရက်နေ့ တွင်အောင်မြင်စွာဖွဲ့စည်းခဲ့တဲ့အသင်းဖြစ်ပါတယ်၊တနည်းအားဖြင့်ဤအသင်းသည်ကျွန် တော်၏ (Brain Child) ဟုပြောကြားလိုပါတယ်။

အထက်တွင်ဖေါ်ပြခဲ့သလိုကျွန်တော်၏(Brain Child)ကိုသံယောဇဉ်ရှိသော်ငြားလည်း၊ကျွန်တော်ဟာဥက္ကဌရာထူးကိုတွယ်ကပ်မက်မောနေသူမဟုတ်ပါ၊ယ္ခုလိုအသက်ကြီးရင့်လာတဲ့အထိအဆက်မပြတ်လုပ်ဆောင်နေ သော်လည်းပဲ၊တချိန်တည်းတွင်အသင်း၏ရည်ရွယ်ချက်များကိုလက်လွှဲတာဝန်ယူနိုင်မည့် သူ၊အသင်း၏လုပ်ငန်းများကိုအောင်မြင်စွာဦးဆောင်နိင်မည့်သူကိုကြိုးစားရှာဖွေနေဆဲ ဖြစ်ပါတယ်။

မြန်မာ့ယဉ်ကျေးမှုအသင်း၊အယ်လ်ဘားတားပြည်နယ်၏၊နှစ်ပတ်လည်အစည်းအဝေး (Annual General Meeting)ကိုလာမည့်၂၀၁၇ခုနှစ်ဖေဖေါ်ဝါရီလတွင်ကျင်းပရန်စီစဉ် ထားပြီးဖြစ်ရာ၊အဆိုပါအစည်းအဝေးတွင်အသင်းသူအသင်းသားများအများစုကသင့်တော် သည်ဟုသတ်မှတ်ယုံကြည်သူ(ဝါ)အသင်း၏ဥက္ကဌရာထူးကိုလက်ခံနိုင်တဲ့အရည်အချင်း ပြည့်စုံသူတဦးကိုရွေးချယ်ကြဘို့တိုက်တွန်းလိုပါတယ်၊ဥက္ကဌအသစ်ကိုအများသဘောတူရွေးချယ်ပြီးလျှင်၊မိမိအနေဖြင့်ဥက္ကဌရာထူးမှအနားယူမည်ဖြစ်ကြောင်းအတိအလင်း အသိပေးကြှေုငာလိုက်ပါတယ်၊
ခင်မင်လေးစားလျှက်
ဦးသန်းအောင်
၂၅-၀၇-၂၀၁၆

0 comments:

Post a Comment

Myanmar Celebrates Buddha Day on Kasone Full Moon