Wesak Day 2014

မင်္ဂလာပါ
ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ကြတဲ့မြန်မာလူမျိုးများအတွက်ကဆုန်လဟာအလွန်ပင်
အရေးကြီးလှပါတယ်၊အကြောင်းကတော့" ဗျာဒိတ် ဖွားမြင် ဗောဓိပင်၊စံဝင်
နိဗ္ဗာန် "ဟူသည်နှင့်အညီ ကဆုန်လပြည့်နေ့မှာဘုရားအလောင်းသုမေဓာရှင်ရသေ့ ဗျာဒိန်ခံယူခြင်း၊ဘုရားအလောင်းဖွားမြင်တော်မူခြင်း၊သစ္စာ(၄)ပါးကိုသိမြင်၍ဘုရားဖြစ်တော်မူ
ခြင်း၊မဟာဗောဓိပင်ပေါက်ခြင်း၊ပရိနိဗ္ဗာန်ဝင်စံတော်မူခြင်းဟူသောအလွန်ထူးခြားသည့်ဗုဒ္ဓဝင်
မှတ်တိုင်ကြီးများစိုက်ထူခဲ့သောနေ့ထူးနေ့မြတ်ကြီးဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများဟာဘယ်နိုင်ငံ၊ဘယ်ဒေသကိုရောက်ရှိနေထိုင်သည်ဖြစ်စေ၊မိမိ
တို့ရဲ့ရိုးရာယဉ်ကျေးမှုများကိုမမေ့ကြဖို့လိုပါတယ်၊သမိုင်းကိုမသိ၊မလေးစားသောလူတိုင်းသည်
မိမိလူမျိုးနှင့်မိမိတိုင်းပြည်ကိုကျောခိုင်းသွားသူနှင့်တူပါတယ်၊

"ယဉ်ကျေးမှုကွယ်ပျောက်လျှင်လူမျိုးပါကွယ်ပျောက်တတ်သည်"
ဆိုသည့်သဘောကိုလူမျိုးတိုင်းကလက်ခံထားကြသည်ဖြစ်ရာကနေဒါရောက်ဗုဒ္ဓဘာသာဝင်မြန်မာမိတ်ဆွေများအားကိုယ့်နိုင်ငံကိုယ့်ယဉ်ကျေးမှုထုံးစံဓလေ့များကိုစုပေါင်းထိန်းသိမ်း ကြပါစို့လို့ဆန္ဒပြုရင်းအောက်တွင်ဖေါ်ပါသတင်းကိုမျှဝေလိုက်ပါတယ်ခင်ဗျား....
ဦးသန်းအောင်
မြန်မာယဉ်ကျေးမှုအသင်း၊အယ်ဘားတားပြည်နယ်
အက်ဒမင်တန်မြိုက၊
ကနေဒါနိုင်ငံ
၂၀၁၄ခုမေလ(၁၈)ရက်
------------original message----------------
International Buddhist Friends Association (IBFA)
32nd Annual Wesak Celebration
at Truc Lam Monastery (11328-97 Street Edmonton, AB)
9:00am-1:00pm
Everyone is welcome to join the International Buddhist Friends Association (IBFA) in the traditional annual celebration of Wesak Day (a day commemorating the birth, enlightenment, and passing of Gautama Buddha).
The morning will consist of Dharma talks, prayers & chanting, flower presentation to the Buddha and the traditional IBFA candlelight blessing ceremony. The event will end with a delicious lunch sponsored by the IBFA and prepared by the Truc Lam Temple.

0 comments:

Post a Comment

Myanmar Celebrates Buddha Day on Kasone Full Moon