ပိတောက်ရွှေဝါ


ပိတောက်ရွှေဝါ
လတန်ခူးပေမို့၊အလှထူးပါဘိ၊
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။

တကယ်တမ်းသာဖြင့်၊ ဘယ်ပန်းတော် စံမတူဘူ့၊
နန္ဒမူ ဖန်ကူထိပ်မှာလ၊
ပစ္စေကာချွေးတော်သိပ်ရတယ်၊ ဧရိပ်ဆာယာ။

တနှစ်တွင် သည်တလပေပ၊တလတွင်တရက်ထဲ
ခက်ခဲတဲ့ရက်ဗုဒ္ဓါ၊ပွင့်ရှာကြစုံမြိုင်တွင်း။

မြူမင်းလွင်ထန်၊ ကြူသင်းတာချိန်ယံမတော့  
ရွှေဝတ်ဆံငုံတံညှောက်ကယ်နှင့်၊
ခါသင်္ကြန်ဂိမှာန် ရောက်ပြန်တော့၊
သိန်သရေထိန်ဝေလို့ တောက်တဲ့ပြင်၊
လမ်းတလျှောက်သင်းပါဘိ၊
ဆန်းသလောက်မလင်းနိုင်နိုင်ဘူး၊
ပန်းပတောက်မင်း။

စာဆိုတော်ဦးကြော့

0 comments:

Post a Comment

Myanmar Celebrates Buddha Day on Kasone Full Moon